မနာရှေအမျိုးအနွယ်တစ်ဝက်ရသောအမွေမြေထဲမှ တာနက်မြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ၊ ဂါသရိမ္မုန်မြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ စသောမြို့နှစ်မြို့ကိုလည်း ပေး၏။
ယောရှု 21:26 - မြန်မာ့စံမီသမ္မာကျမ်း ကျန်ရှိသောကောဟတ်သားမြေး၏မျိုးနွယ်စုတို့ ရရှိသောမြို့စုစုပေါင်းမှာ မြို့ဆယ်မြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ ပါ၏။ Common Language Bible သို့ဖြစ်၍ကျန်သောကောဟတ်သားချင်းစုသည် မြို့ကြီးစုစုပေါင်းဆယ်မြို့နှင့်ပတ်ဝန်းကျင်ရှိ စားကျက်များကိုရရှိကြလေသည်။ Garrad Bible ကြွင်း သော ကော ဟတ် သား မြေး အ ဆက် အ နွယ် တို့ ဝ တ္ထု ကံ မြို့ ပေါင်း ကား စား ကျက် ပါ ဆယ် မြို့ တည်း။ Judson Bible ကြွင်းသော ကောဟတ်သားအဆွေအမျိုးတို့သည် ရသောမြို့နယ်နှင့်တကွ မြို့ပေါင်းကား ဆယ်မြို့တည်း။ |
မနာရှေအမျိုးအနွယ်တစ်ဝက်ရသောအမွေမြေထဲမှ တာနက်မြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ၊ ဂါသရိမ္မုန်မြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ စသောမြို့နှစ်မြို့ကိုလည်း ပေး၏။
လေဝိအမျိုးအနွယ်၏မျိုးနွယ်စုဖြစ်သောဂေရရှုန်သားမြေးတို့ကိုကား မနာရှေအမျိုးအနွယ်တစ်ဝက်ရသောအမွေမြေထဲမှ ဗာရှန်ပြည်ရှိ ဂေါလန်မြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ၊ ဗေရှတေရမြို့နှင့် စားကျက်မြေများကိုပေး၏။ (ဂေါလန်မြို့သည် မတော်တဆလူသတ်မိသောသူတို့ ခိုလှုံနိုင်သောမြို့ ဖြစ်၏။)
မဲချရာတွင် ကျန်ကောဟတ်အမျိုးတို့သည် ဧဖရိမ်အမျိုးအနွယ်၏မျိုးနွယ်စု၊ ဒန်အမျိုးအနွယ်၊ မနာရှေအမျိုးအနွယ်တစ်ဝက်တို့ထံမှ မြို့ဆယ်မြို့ကို ရရှိ၏။