ယောရှု 21:18 - မြန်မာ့စံမီသမ္မာကျမ်း အာနသုတ်မြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ၊ အာလမုန်မြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ စသောမြို့လေးမြို့ကို ပေး၏။ Common Language Bible အာနသုတ်မြို့၊ အာလမုန်မြို့စသည့်မြို့လေး မြို့နှင့်တကွ ယင်းတို့၏ပတ်ဝန်းကျင်ရှိစား ကျက်များကိုသတ်မှတ်ပေးလေသည်။ Judson Bible အာနသုတ်မြို့နှင့် မြို့နယ်၊ အာလမုန်မြို့နှင့် မြို့နယ်တည်းဟူသော လေးမြို့တို့ကိုလည်းကောင်း ပေးကြ၏။ |
ထို့ပြင် ယဇ်ပုရောဟိတ်အဗျာသာကိုလည်း ရှင်ဘုရင်က “သင့်မြေရှိရာ အာနသုတ်မြို့ကို ပြန်သွားပါ။ သင်သည်လည်း သေသင့်သောသူဖြစ်၏။ သို့သော် သင်သည် ခမည်းတော်ဒါဝိဒ်မင်းကြီး၏ရှေ့တော်တွင် ဘုရားရှင်ထာဝရဘုရား၏သေတ္တာတော်ကို ထမ်းရသူ၊ ခမည်းတော်ခံရသောဒုက္ခဆင်းရဲအပေါင်းကို မျှဝေခံစားပေးခဲ့သူဖြစ်သောကြောင့် ယနေ့တွင် သင့်ကို ငါမသတ်”ဟု မိန့်ဆိုပြီးနောက်တွင်
ဗင်္ယာမိန်အမျိုးအနွယ်၏နယ်မြေထဲမှ ဂေဗမြို့နှင့်ဝန်းကျင်ရှိစားကျက်မြေများ၊ အာလမက်မြို့နှင့်ဝန်းကျင်ရှိစားကျက်မြေများ၊ အာနသုတ်မြို့နှင့်ဝန်းကျင်ရှိစားကျက်မြေများ စုစုပေါင်းမြို့တစ်ဆယ့်သုံးမြို့ကို သူတို့မျိုးနွယ်စုအတွက် ခွဲဝေပေး၏။
အို ဂလ္လိမ်မြို့သမီးပျို၊ ကြွေးကြော်လော့။ အို လဲရှမြို့၊ အာရုံစိုက်နားထောင်လော့။ အို အာနသုတ်မြို့၊ သနားစရာကောင်းလှပါတကား။
ဗင်္ယာမိန်ပြည်၊ အာနသုတ်မြို့မှ ယဇ်ပုရောဟိတ်တစ်ပါးဖြစ်သော ဟိလခိ၏သား ယေရမိဆင့်ဆိုသောနှုတ်ကပတ်တော်။
ဗင်္ယာမိန်အမျိုးအနွယ်ရသောအမွေမြေထဲမှ ဂိဗောင်မြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ၊ ဂေဗမြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ၊
အာရုန်၏သားမြေးဖြစ်သောယဇ်ပုရောဟိတ်တို့သည် မြို့ပေါင်းတစ်ဆယ့်သုံးမြို့နှင့် ထိုမြို့တို့ဝန်းကျင်ရှိ စားကျက်မြေတို့ကို ရလေ၏။