သုံးလခန့်ကြာပြီးနောက် တစ်စုံတစ်ဦးက ယုဒအား “သင်၏ချွေးမတာမာသည် ပြည့်တန်ဆာအလုပ်လုပ်၏။ ကြည့်လော့။ ပြည့်တန်ဆာလုပ်ခြင်းဖြင့်လည်း ကိုယ်ဝန်ရနေပြီ”ဟု ကြားပြော၏။ ထို့ကြောင့် ယုဒက “သူ့ကိုအပြင်ထုတ်၍ မီးရှို့သတ်စေ”ဟု ဆို၏။
ယောရှု 2:3 - မြန်မာ့စံမီသမ္မာကျမ်း ဂျေရိခေါဘုရင်သည် ရာခပ်ထံသို့ လူလွှတ်၍ “သင့်ထံသို့ရောက်လာပြီး သင့်အိမ်ထဲသို့ဝင်သွားသောသူတို့ကို ထုတ်ပေးလော့။ သူတို့သည် ဤပြည်တစ်ပြည်လုံးကိုစူးစမ်းရန် ရောက်လာကြခြင်းဖြစ်၏”ဟု ဆင့်ဆိုစေ၏။ Common Language Bible ရာခပ်ထံသို့စေလွှတ်ပြီးလျှင်``သင့်အိမ်သို့ ရောက်ရှိနေသူများသည်သူလျှိုများဖြစ် သည်။ သူတို့ကိုငါ့လက်သို့အပ်လော့'' ဟု ဆင့်ဆိုစေ၏။- Garrad Bible ရာ ခပ် ထံ စေ လွှတ်၍၊ သင့် အိမ် သို့ ဝင် ရောက် သူ တို့ ကို အပ် လော့။ ထို သူ တို့ သည် နေ ပြည် တစ် လျှောက် အ စုံ အစမ်း လာ သူ ဖြစ် သည် ဟု ဆင့် ဆို စေ ရာ၊ Judson Bible ယေရိခေါမင်းကြီးသည် ရာခပ်အား သင့်ဆီသို့ ရောက်လာ၍၊ သင့်အိမ်သို့ဝင်သောသူတို့ကို အပ်လော့။ သူတို့သည် တစ်ပြည်လုံးကိုစူးစမ်းခြင်းငှာ ရောက်လာပြီဟု အမိန့်တော်နှင့် စေလွှတ်လေ၏။ |
သုံးလခန့်ကြာပြီးနောက် တစ်စုံတစ်ဦးက ယုဒအား “သင်၏ချွေးမတာမာသည် ပြည့်တန်ဆာအလုပ်လုပ်၏။ ကြည့်လော့။ ပြည့်တန်ဆာလုပ်ခြင်းဖြင့်လည်း ကိုယ်ဝန်ရနေပြီ”ဟု ကြားပြော၏။ ထို့ကြောင့် ယုဒက “သူ့ကိုအပြင်ထုတ်၍ မီးရှို့သတ်စေ”ဟု ဆို၏။
သို့သော်လည်း အကျွန်ုပ်တို့က သူ့အား ‘အကျွန်ုပ်တို့သည် ရိုးသားသောသူများဖြစ်ကြပါ၏။ သူလျှိုမဟုတ်ပါ။
အမ္မုန်အမျိုးသားအကြီးအကဲတို့က မိမိတို့၏အရှင်ဟာနုန်မင်းကြီးအား “ဒါဝိဒ်မင်းကြီးသည် အရှင့်ခမည်းတော်ကိုရိုသေလေးစားသဖြင့် အရှင့်ထံနှစ်သိမ့်သူများကို စေလွှတ်သည်ဟု အရှင်ထင်သလော။ ထိုသို့မဟုတ်။ မိမိ၏မင်းမှုထမ်းတို့ကို ဒါဝိဒ်မင်းကြီးစေလွှတ်လိုက်ခြင်းမှာ မြို့ကိုစူးစမ်းထောက်လှမ်း၍ တိုက်ခိုက်မှောက်လှန်ရန်သာ ဖြစ်သည်”ဟု လျှောက်တင်ကြ၏။
အဗရှလုံ၏လူတို့က ထိုမိန်းမ၏အိမ်သို့ရောက်လာပြီး “အဟိမတ်နှင့် ယောနသန်ကား အဘယ်မှာနည်း”ဟု မေးလျှင် ထိုမိန်းမက “ချောင်းကို ကူးသွားကြပြီ”ဟု ပြန်ပြော၏။ သူတို့ လိုက်ရှာသော်လည်း မတွေ့သဖြင့် ဂျေရုဆလင်မြို့သို့ ပြန်သွားကြ၏။
အမ္မုန်အမျိုးသားအကြီးအကဲတို့က ဟာနုန်မင်းကြီးအား “ဒါဝိဒ်မင်းကြီးသည် အရှင့်ခမည်းတော်ကို ရိုသေလေးစားသဖြင့် အရှင့်ထံ နှစ်သိမ့်သူများကိုစေလွှတ်သည်ဟု အရှင်ထင်သလော။ ထိုသို့မဟုတ်။ အရှင့်ထံသို့ ဒါဝိဒ်မင်းကြီး၏မင်းမှုထမ်းတို့ရောက်လာခြင်းမှာ တိုင်းပြည်ကို စူးစမ်းထောက်လှမ်း၍ တိုက်ခိုက်မှောက်လှန်ရန်သာ ဖြစ်သည်”ဟု လျှောက်တင်ကြ၏။
အကယ်စင်စစ် ဘေးဒုက္ခရောက်သောနေ့တွင် မကောင်းမှုပြုသောသူသည် လွတ်မြောက်ရတတ်၏။ အမျက်တော်နေ့တွင် ကယ်တင်ခံရတတ်၏။
“ထိုကျိန်ဆဲသောသူကို တပ်စခန်းအပြင်ဘက်သို့ ထုတ်ဆောင်သွားလော့။ သူ၏ကျိန်ဆဲစကားကို ကြားသောသူတိုင်း သူ၏ခေါင်းပေါ်၌ လက်ကိုတင်ရမည်။ ထို့နောက် လူထုတစ်ရပ်လုံး သူ့ကို ခဲနှင့်ပေါက်သတ်ရမည်။
ပိလတ်မင်းသည် နောက်တစ်ဖန် အပြင်သို့ထွက်လာ၍ “နားထောင်ကြလော့။ ထိုသူ၌ မည်သည့်ပြစ်မှုကိုမျှ ငါမတွေ့ကြောင်း သင်တို့သိမြင်ရန် သူ့ကို သင်တို့ရှိရာသို့ခေါ်ဆောင်လာမည်”ဟု ဆို၏။
ဟေရုဒ်မင်းသည် ပေတရုကိုဖမ်းဆီး၍ထောင်ထဲ၌ထည့်ထားပြီးလျှင် သူ့ကိုစောင့်ကြပ်ရန် စစ်သားလေးဦးဖြင့်ဖွဲ့ထားသော တပ်ဖွဲ့လေးဖွဲ့ထံသို့ အပ်နှံထား၏။ သူသည် ပသခါပွဲတော်လွန်လျှင် ပေတရုကို လူထုရှေ့တွင်ထုတ်ဆောင်ရန် ကြံရွယ်ထားလေ၏။
ဟေရုဒ်မင်းသည် ပေတရုကိုထုတ်ဆောင်ရန် ကြံရွယ်ထားသည့်နေ့မတိုင်မီည၌ ပေတရုသည် သံကြိုးနှစ်ချောင်းဖြင့်ချည်နှောင်ခြင်းခံရလျက် စစ်သားနှစ်ဦးကြားတွင် အိပ်ပျော်နေ၏။ အစောင့်များသည်လည်း တံခါးရှေ့တွင် ထောင်ကိုစောင့်ကြပ်နေကြ၏။
ရှင်ဘုရင်ငါးပါးဖြစ်သော ဂျေရုဆလင်ဘုရင်၊ ဟေဗြုန်ဘုရင်၊ ယာမုတ်ဘုရင်၊ လာခိရှဘုရင်၊ ဧဂလုန်ဘုရင်တို့ကို လိုဏ်ဂူထဲမှ ခေါ်ထုတ်လာကြ၏။
ဂျေရိခေါဘုရင်အား “ကြည့်ရှုလော့။ အစ္စရေးအမျိုးသားအချို့တို့သည် ဤပြည်ကိုစူးစမ်းရန် ဤမြို့ထဲသို့ ညဥ့်ဦးယံအချိန်၌ ဝင်ကြပြီ”ဟု ကြားလျှောက်ကြသောအခါ
ရာခပ်သည် ထိုသူနှစ်ယောက်ကို ဝှက်ထားနှင့်ပြီးဖြစ်၍ မင်းမှုထမ်းတို့အား “ထိုသူတို့သည် ကျွန်မထံသို့ရောက်လာကြသည်မှာ မှန်ပါ၏။ သို့ရာတွင် သူတို့ အဘယ်ကလာကြသည်ကို ကျွန်မ မသိပါ။
သူက ယေလအား “တဲတံခါးဝ၌ စောင့်နေလော့။ တစ်စုံတစ်ယောက်က လာ၍ ‘ဤနေရာမှာ ယောက်ျားတစ်ယောက်ယောက် ရှိသလော’ဟု မေးလျှင် ‘မရှိပါ’ဟူ၍ ဖြေလော့”ဟု မှာထား၏။