ယောရှု 19:40 - မြန်မာ့စံမီသမ္မာကျမ်း သတ္တမအကြိမ်မဲချရာတွင် ဒန်အမျိုးအနွယ်သည် မျိုးနွယ်စုအလိုက် မဲကျ၏။ Common Language Bible သတ္တမအကြိမ်မဲချ ၍ခွဲဝေပေးသောအခါဒန်အနွယ်မိသား စုတို့သည်နယ်မြေကိုရရှိကြ၏။- Garrad Bible သ တ္တ မ မဲ ကျ၍၊ အိမ် ထောင် အ လိုက် ဒန့် အ နွယ် သား တို့ ပိုင် ရာ နယ် အတွင်း ရှိ မြို့ များ ကား၊ ဇော် ရာ၊ ဧ ရှ တော၊ ဣ ရ ရှေ မက်၊ Judson Bible သတ္တမတစ်ကြိမ် စာရေးတံပြု၍ ဒန်အမျိုးသားတို့သည် အဆွေအမျိုးအလိုက် အမွေခံရကြ၏။ |
“မျိုးနွယ်အမည်အလိုက် ရသောဝေစုကား ဤသို့ဖြစ်၏။ မြောက်ဘက်အစွန်း ဟေသလုန်မြို့မှ လီဘိုဟာမတ်မြို့သို့သွားရာလမ်းတစ်လျှောက် ထိုမှ ဒမတ်စကပ်မြို့နှင့် မြောက်ဘက်ရှိဟာမတ်မြို့၏နယ်နိမိတ်အကြားရှိ ဟာဇရေနန်မြို့အထိ အရှေ့ဘက်မှ အနောက်ဘက်အထိနယ်နိမိတ်သည် ဒန်အမျိုး၏ဝေစုဖြစ်ရမည်။
ထိုပြည်ကို မဲချ၍ ခွဲဝေပေးရမည်။ သူတို့သည် ဘိုးဘေးတို့၏အမျိုးအနွယ်အမည်အလိုက် အမွေဆက်ခံရမည်။
ယောရှုသည် တောင်ပေါ်ဒေသ၊ နေဂေ့အရပ်၊ မြေနိမ့်ဒေသ၊ တောင်စောင်းတစ်လျှောက် စသည့် ထိုနယ်မြေတစ်ခွင်လုံးနှင့် ရှင်ဘုရင်အပေါင်းတို့ကို လုပ်ကြံလေ၏။ အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရား မိန့်မှာတော်မူသည့်အတိုင်း သက်ရှိဟူသမျှကို သတ်ဖြတ်လေ၏။ အသက်ရှင်ကျန်ရစ်သူတစ်ယောက်မျှမရှိ။
ဤသည်ကား နဿလိအမျိုးအနွယ်၏မျိုးနွယ်စုအလိုက် ရရှိသောမြို့ရွာအမွေမြေများ ဖြစ်၏။
သူတို့ရရှိသောအမွေမြေ၏နယ်နိမိတ်သည် ဇောရာမြို့၊ ဧရှတောလမြို့၊ ရှေမက်မြို့၊
ထိုကာလတွင် အစ္စရေးလူမျိုးတို့၌ ရှင်ဘုရင်မရှိ။ ထိုအချိန်အထိ အစ္စရေးအမျိုးအနွယ်တို့တွင် ဒန်အမျိုးအနွယ်သည် အမွေမြေအတည်တကျမရသေးသဖြင့် မိမိတို့နေထိုင်ရန်အမွေမြေကို လိုက်ရှာနေသောအချိန်ဖြစ်၏။