သို့သော် အာမဇိမင်းကြီးသည် နားမထောင်ပေ။ ထိုအခါ အစ္စရေးဘုရင်ယဟောရှမင်းကြီးစစ်ချီလာပြီး ယုဒဘုရင်အာမဇိမင်းကြီးကို ယုဒပြည်၊ ဗက်ရှေမက်မြို့တွင် ရင်ဆိုင်တိုက်ခိုက်လေ၏။
ယောရှု 19:38 - မြန်မာ့စံမီသမ္မာကျမ်း ဣရုန်မြို့၊ မိဂဒလေလမြို့၊ ဟောရင်မြို့၊ ဗက်အာနတ်မြို့၊ ဗက်ရှေမက်မြို့စသော မြို့ပေါင်းတစ်ဆယ့်ကိုးမြို့နှင့် ရွာများ ပါဝင်၏။ Common Language Bible ဣရုန်မြို့၊ မိဂဒလေလမြို့၊ ဟောရင်မြို့၊ ဗေသ နတ်မြို့၊ ဗက်ရှေမက်မြို့စသောမြို့ကြီးတစ် ဆယ့်ကိုးမြို့နှင့်ယင်းတို့၏ပတ်ဝန်းကျင်ရှိ မြို့များဖြစ်သည်။- Garrad Bible ကေ ဒေ ရှ၊ ဧဒြိ အင် ဟာ ဇော်၊ ဣ ရုန်၊ မိ ဂဒ၊ လေ လ၊ ဟော ရင်၊ ဗေ သ နတ်၊ ဗက် ရှေ မက် မြို့ များ မှ စ၍ ဆင် ခြေ ဖုံး ပါ၊ ဆယ့် ကိုး မြို့ တည်း။ Judson Bible ဣရုန်မြို့၊ မိဂဒလေလမြို့၊ ဟောရင်မြို့၊ ဗေသနတ်မြို့၊ ဗက်ရှေမက်မြို့၊ ရွာနှင့်တကွ ဆယ်ကိုးမြို့တည်း။ |
သို့သော် အာမဇိမင်းကြီးသည် နားမထောင်ပေ။ ထိုအခါ အစ္စရေးဘုရင်ယဟောရှမင်းကြီးစစ်ချီလာပြီး ယုဒဘုရင်အာမဇိမင်းကြီးကို ယုဒပြည်၊ ဗက်ရှေမက်မြို့တွင် ရင်ဆိုင်တိုက်ခိုက်လေ၏။
တစ်ဖန် နယ်နိမိတ်သည် ဗာလာအရပ်မှ စိရတောင်ရှိရာအနောက်ဘက်သို့ကွေ့သွား၏။ ထိုမှ ခေသလုန် ခေါ် မြောက်ဘက်ယာရိမ်တောင်စောင်းတစ်လျှောက်ကိုဖြတ်၍ ဗက်ရှေမက်မြို့သို့ဆင်းလာပြီး တိမနတ်မြို့ကို ဖြတ်သွား၏။
သူတို့၏နယ်နိမိတ်သည် တာဗော်မြို့၊ ရှာဟဇိမာမြို့၊ ဗက်ရှေမက်မြို့ တို့သို့ရောက်ပြီး ဂျော်ဒန်မြစ်၌ ဆုံး၏။ ထိုနယ်နိမိတ်တွင် မြို့တစ်ဆယ့်ခြောက်မြို့နှင့် ရွာများပါ၏။
ဤသည်ကား နဿလိအမျိုးအနွယ်၏မျိုးနွယ်စုအလိုက် ရရှိသောမြို့ရွာအမွေမြေများ ဖြစ်၏။
နဿလိအမျိုးသားတို့သည်လည်း ဗက်ရှေမက်မြို့သား၊ ဗက်အာနတ်မြို့သားတို့ကို မနှင်ထုတ်ဘဲ ထိုပြည်သားခါနာန်လူမျိုးတို့နှင့်အတူနေထိုင်၍ ဗက်ရှေမက်မြို့သား၊ ဗက်အာနတ်မြို့သားတို့ကို အခွန်ဆက်စေကြ၏။