တစ်ဖန် ထာဝရဘုရားက အာရုန်အား “အစ္စရေးအမျိုးသားတို့ပြည်၌ သင်အမွေဆက်ခံရမည်မဟုတ်။ သင့်အတွက် ဝေစုရှိမည်မဟုတ်။ သူတို့တွင် ငါသည် သင့်ဝေစု၊ သင့်အမွေဖြစ်၏။
ယောရှု 18:7 - မြန်မာ့စံမီသမ္မာကျမ်း လေဝိအမျိုးသည် သင်တို့နှင့်အတူ အမွေမြေမရ။ ထာဝရဘုရားပေးသောယဇ်ပုရောဟိတ်အရိုက်အရာသည် သူတို့၏အမွေဖြစ်၏။ ဂဒ်၊ ရုဗင်နှင့် မနာရှေအမျိုးတစ်ဝက်တို့သည်လည်း ထာဝရဘုရား၏အစေအပါးမောရှေပေးထားခဲ့သောအမွေမြေကို ဂျော်ဒန်မြစ်အရှေ့ဘက်ခြမ်းတွင် ရပြီးဖြစ်၏”ဟု ဆို၏။ Common Language Bible လေဝိအနွယ်ဝင်တို့သည်ထာဝရဘုရား ၏ယဇ်ပုရောဟိတ်များအဖြစ်အမှုတော် ထမ်းဆောင်ရကြမည်ဖြစ်သောကြောင့် သင် တို့ကဲ့သို့နယ်မြေဝေစုရမည်မဟုတ်။ ဂဒ် အနွယ်၊ ရုဗင်အနွယ်နှင့်အရှေ့မနာရှေ အနွယ်တို့သည် ထာဝရဘုရား၏အစေ ခံမောရှေခွဲဝေပေးခဲ့သည့်အတိုင်း ယော်ဒန် မြစ်အရှေ့ဘက်ရှိနယ်မြေကိုရရှိကြပြီ'' ဟုဆိုလေ၏။ Garrad Bible ဤ ဌာ န၌ ငါ မဲ ချ မည်။ လေ ဝိ အ နွယ် သား တို့ ပိုင် ဆိုင် ရာ မှာ ထာ ဝ ရ ဘု ရား၏ ပ ရော ဟိတ် ရာ ထူး ဖြစ် သ ဖြင့်၊ သူ တို့ အ တွင်း ဝေ စု မ ရ ကြ။ ဂဒ် အ နွယ်၊ ရု ဗင့် အ နွယ် နှင့် မ နာ ရှေ့ အ နွယ် တစ် ဝက် မှာ မူ၊ ယော် ဒန် မြစ် အ ရှေ့ ဘက် ထာ ဝ ရ ဘု ရား၏ ကျွန် တော် ရင်း မော ရှေ ပေး ခဲ့ သော အ ပိုင် ကို ရ ကြ ပြီ ဟု မိန့် ဆို ၏။ Judson Bible လေဝိသားတို့သည် သင်တို့နှင့်ရော၍ အဖို့ကိုမယူရ။ ထာဝရဘုရား၏ ယဇ်ပုရောဟိတ်အရာသည် သူတို့အမွေဖြစ်၏။ ဂဒ်အမျိုး၊ ရုဗင်အမျိုး၊ မနာရှေအမျိုး တစ်ဝက်တို့သည် ယော်ဒန်မြစ်အရှေ့ဘက် ထာဝရဘုရား၏ကျွန် မောရှေပေးသည်အတိုင်း၊ အမွေမြေကိုခံယူကြပြီဟု ဣသရေလလူတို့အား ပြောဆို၏။ |
တစ်ဖန် ထာဝရဘုရားက အာရုန်အား “အစ္စရေးအမျိုးသားတို့ပြည်၌ သင်အမွေဆက်ခံရမည်မဟုတ်။ သင့်အတွက် ဝေစုရှိမည်မဟုတ်။ သူတို့တွင် ငါသည် သင့်ဝေစု၊ သင့်အမွေဖြစ်၏။
လေဝိအမျိုးတို့သည် တွေ့ဆုံစည်းဝေးရာတဲတော်၏အမှုကို ထမ်းဆောင်ရမည်။ သူတို့သည် ကိုယ်ပြုမိသောအပြစ်ကို ကိုယ်ခံရမည်။ ဤသည်ကား သင်တို့၏မျိုးဆက်အစဉ်အဆက် အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက် ဖြစ်၏။ သူတို့သည် အစ္စရေးအမျိုးသားတို့နှင့်အတူ အမွေမခံရ။
သင်နှင့်သင်၏သားတို့ကား ယဇ်ပုရောဟိတ်အရိုက်အရာကို စောင့်ထိန်းရမည်။ ယဇ်ပလ္လင်နှင့် ကန့်လန့်ကာအတွင်းရှိ အလုပ်ဟူသမျှကို လုပ်ဆောင်ရမည်။ ယဇ်ပုရောဟိတ်အဖြစ်အမှုတော်ဆောင်ခြင်းကို သင်တို့အား လက်ဆောင်အဖြစ် ငါပေး၏။ မဆိုင်သောသူချဉ်းကပ်လျှင် အသတ်ခံရမည်”ဟု မိန့်တော်မူ၏။
လေဝိအမျိုးသည် မိမိညီအစ်ကိုတို့နှင့်အတူ အမွေဝေစု မရကြ။ သင်တို့၏ဘုရားသခင်ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း ထာဝရဘုရားသည် သူတို့၏အမွေဖြစ်တော်မူ၏။)
ထာဝရဘုရား၏အစေအပါးမောရှေနှင့်အစ္စရေးအမျိုးသားတို့သည် ထိုပြည်တို့ကိုအောင်နိုင်ပြီးလျှင် ထာဝရဘုရား၏အစေအပါးမောရှေသည် ထိုပြည်ကို ရုဗင်အမျိုး၊ ဂဒ်အမျိုးနှင့် မနာရှေအမျိုးတစ်ဝက်အား ပိုင်ဆိုင်ရာအဖြစ်ပေးလေ၏။
မောရှေသည် လေဝိအမျိုးတို့ကို အမွေမြေ မခွဲပေး။ သူတို့အား ထာဝရဘုရားမိန့်မှာထားသည့်အတိုင်း အစ္စရေးလူမျိုး၏ဘုရားရှင်ထာဝရဘုရားသည် သူတို့၏အမွေဖြစ်၏။