တောလည် 18:23 - မြန်မာ့စံမီသမ္မာကျမ်း23 လေဝိအမျိုးတို့သည် တွေ့ဆုံစည်းဝေးရာတဲတော်၏အမှုကို ထမ်းဆောင်ရမည်။ သူတို့သည် ကိုယ်ပြုမိသောအပြစ်ကို ကိုယ်ခံရမည်။ ဤသည်ကား သင်တို့၏မျိုးဆက်အစဉ်အဆက် အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက် ဖြစ်၏။ သူတို့သည် အစ္စရေးအမျိုးသားတို့နှင့်အတူ အမွေမခံရ။ အခန်းကိုကြည့်ပါ။Common Language Bible23-24 ယခုမှစ၍လေဝိအနွယ်ဝင်တို့ကသာလျှင် တဲတော်ကိုထိန်းသိမ်း၍ တဲတော်နှင့်ဆိုင်သော ဝေယျာဝစ္စရှိသမျှကိုတာဝန်ခံဆောင်ရွက် ရမည်။ ဤပညတ်ကိုသင်၏သားမြေးအစဉ် အဆက်စောင့်ထိန်းရမည်။ ငါ့အားဣသရေလ အမျိုးသားတို့ကအထူးအလှူအဖြစ် ဆက် သသောဆယ်ဖို့တစ်ဖို့ကိုလေဝိအနွယ်ဝင် တို့ကိုငါပေးထားပြီဖြစ်သောကြောင့် ဣသ ရေလနိုင်ငံတွင်ပစ္စည်းဥစ္စာမပိုင်ဆိုင်ရ။ သို့ ဖြစ်၍သူတို့သည်ဣသရေလနိုင်ငံတွင် ပစ္စည်းဥစ္စာမပိုင်ရဟုငါအမိန့်ရှိခဲ့ပြီ'' ဟုမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible23 လေ ဝိ အ နွယ် သား တို့ သာ တွေ့ ဆုံ ရာ တဲ တော် ဝတ် ကို ပြု၍ ကိုယ့် ဒု စ ရိုက် ဝန် ကို ထမ်း ကြ ရ မည်။ သင် တို့ အ မျိုး အ စဉ် အ ဆက် အ မြဲ ထုံး ဖွဲ့ ချက် အ တိုင်း ဣ သ ရေ လ အ မျိုး သား တို့၌ အ မွေ မ ရှိ ကြ ရာ။ အခန်းကိုကြည့်ပါ။Judson Bible23 လေဝိသားတို့သည် ပရိသတ်စည်းဝေးရာ တဲတော်အမှုကိုဆောင်ရွက်၍၊ ကိုယ်အပြစ်ကို ကိုယ်ခံရကြမည်။ သူတို့သည် ဣသရေလအမျိုးသားတို့နှင့်ရော၍ အမွေမခံရကြဟု သင်တို့အမျိုးအစဉ်အဆက် စောင့်ရသော ပညတ်ဖြစ်သတည်း။ အခန်းကိုကြည့်ပါ။ |
တွေ့ဆုံစည်းဝေးရာတဲတော်အတွင်း သက်သေခံချက်ရှေ့ရှိ ကန့်လန့်ကာအပြင်ဘက်တွင် အာရုန်နှင့်သူ၏သားများသည် ထာဝရဘုရားရှေ့တော်၌ နေဝင်ချိန်မှ နံနက်တိုင်အောင် မီးထွန်းခြင်းအမှုကို စီစဉ်ပြင်ဆင်ရမည်။ ဤသည်ကား အစ္စရေးအမျိုးသားတို့၏မျိုးဆက်အစဉ်အဆက် အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက်ဖြစ်၏။