အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ယော​ရှု 17:3 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

မနာရှေ​၏​တီ​၊ မာခိရ​၏​မြစ်​၊ ဂိလဒ်​၏​မြေး​၊ ဟေဖာ​၏​သား ဇလောဖဒ်​၌ သား​မ​ရှိ​၊ သမီး​ချည်းသာ​ရှိ​၏​။ ထို​သမီး​များ​၏​အမည်​ကား မာလာ​၊ နောအာ​၊ ဟောဂလာ​၊ မိလခါ​၊ တိရဇာ ဟူ၍​ဖြစ်​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

မ​နာ​ရှေ​၏​တီ၊ မာ​ခိ​ရ​၏​မြစ်၊ ဂိ​လဒ်​၏​မြေး၊ ဟေ​ဖာ​၏​သား၊ ဇ​လော​ဖဒ်​တွင်​သား​ယောကျာ်း မ​ရှိ၊ သ​မီး​များ​သာ​ရှိ​သည်။ ထို​သ​မီး​တို့ ၏​နာ​မည်​များ​မှာ​မာ​လာ၊ နော​အာ၊ ဟော ဂ​လာ၊ မိ​လ​ကာ​နှင့်​တိ​ရ​ဇာ​ဟူ​၍​ဖြစ်​၏။-

အခန်းကိုကြည့်ပါ။

Garrad Bible

မ နာ ရှေ့ တီ၊ မာ ခိ ရ မြစ်၊ ဂိ လဒ် မြေး၊ ဟေ ဖာ့ သား၊ ဇ လော ဖဒ်၌ ကား၊ သား ယောက်ျား မ ရှိ။ မာ လာ၊ နော အာ၊ ဟော ဂ လာ၊ မိ လ ခါ၊ တိ ရ ဇာ အ မည် ရှိ သော သ မီး များ သာ ရှိ သ ဖြင့်၊

အခန်းကိုကြည့်ပါ။

Judson Bible

သို့​ရာ​တွင် မ​နာ​ရှေ၊ မာ​ခိ​ရ၊ ဂိ​လဒ်၊ ဟေ​ဖာ​တို့​မှ​ဆင်း​သက်​သော ဇ​လော​ဖဒ်၌ သား​ယောက်ျား​မ​ရှိ၊ သ​မီး​သက်​သက်​သာ ရှိ၏။ သူ၏​သ​မီး​တို့​အ​မည်​ကား၊ မာ​လာ၊ နော​အာ၊ ဟော​ဂ​လာ၊ မိ​လ​ကာ၊ တိ​ရ​ဇာ​တည်း။

အခန်းကိုကြည့်ပါ။



ယော​ရှု 17:3
5 ပူးပေါင်းရင်းမြစ်များ  

ဧဖရိမ်​၏​သားသမီး​တို့​ကို တတိယ​မျိုးဆက်​အထိ မြင်​ရ​၏​။ မနာရှေ​၏​မြေး​၊ မာခိရ​၏​သားသမီး​တို့​သည်​လည်း ယောသပ်​၏​ဒူး​ပေါ်မှာ မွေးဖွား​ကြ​၏​။


ဟေဖာ​သား ဇလောဖဒ်​၌ သား​မ​ရှိ​၊ သမီး​များ​သာ​ရှိ​၏​။ ထို​သမီး​တို့​၏​အမည်​မှာ မာလာ​၊ နောအာ​၊ ဟောဂလာ​၊ မိလခါ​၊ တိရဇာ တို့​ဖြစ်​ကြ​၏​။


ယောသပ်​၏​သား​ဖြစ်​သော မနာရှေ​မျိုးနွယ်စု​ထဲမှ မနာရှေ​၏​သား​မှာ မာခိရ​၊ မာခိရ​၏​သား​မှာ ဂိလဒ်​၊ ဂိလဒ်​၏​သား​မှာ ဟေဖာ​၊ ဟေဖာ​၏​သား​မှာ ဇလောဖဒ် ဖြစ်​၏​။ ဇလောဖဒ်​၏​သမီး​များ​ကား မာလာ​၊ နောအာ​၊ ဟောဂလာ​၊ မိလခါ​၊ တိရဇာ ဖြစ်​၏​။ ဇလောဖဒ်​၏​သမီး​တို့​သည် လာ​၍


ကျန်ရှိ​သော မနာရှေ​၏​သားမြေး​များ​ဖြစ်​သည့် အဗျေဇာ​အမျိုး​၊ ဟေလက်​အမျိုး​၊ အသရေလ​အမျိုး​၊ ရှေခင်​အမျိုး​၊ ဟေဖာ​အမျိုး​၊ ရှမိဒ​အမျိုး တို့​သည် မျိုးနွယ်စု​အလိုက် အမွေမြေ​ရ​ကြ​၏​။ ဤ​သူ​တို့​သည် ယောသပ်​သား မနာရှေ​မှ​ဆင်းသက်​လာ​သော မျိုးနွယ်စု​အလိုက် သား​ယောက်ျား​များ ဖြစ်​၏​။