ဣရှဗောရှက်ကို ဂိလဒ်အမျိုး၊ အာရှာအမျိုး၊ ယေဇရေလအမျိုး၊ ဧဖရိမ်အမျိုး၊ ဗင်္ယာမိန်အမျိုးမှစ၍ အစ္စရေးတစ်မျိုးလုံး၏ဘုရင်အဖြစ် တင်မြှောက်လေ၏။
ယောရှု 16:8 - မြန်မာ့စံမီသမ္မာကျမ်း ထိုနယ်နိမိတ်သည် တာပွာမြို့မှ အနောက်ဘက်ကာနချိုင့်ဝှမ်းသို့ ဆက်သွားပြီး ပင်လယ်၌ ဆုံး၏။ ဤသည်ကား မျိုးနွယ်စုအလိုက် ဧဖရိမ်အမျိုးအနွယ်ရရှိသောအမွေမြေဖြစ်၏။ Common Language Bible တစ်ဖန်နယ်နိမိတ်သည်တာပွာမြို့မှအနောက် ဘက်ကာနချောင်းသို့ရောက်၍ မြေထဲပင်လယ် တွင်အဆုံးသတ်သည်။ ဤနယ်မြေကိုဧဖရိမ် အနွယ်မိသားစုများကအပိုင်ရရှိကြ သည်။- Garrad Bible တစ် ဖန်၊ တာ ပွာ မြို့ မှ ကာ န ချောင်း တစ် လျှောက် အ နောက် သို့ လိုက် လျက်၊ ပင် လယ်၌ ဆုံး သ တည်း။ အိမ် ထောင် အ လိုက် ဧ ဖ ရိမ့် အ နွယ် သား တို့ အ ပိုင် ကား၊ Judson Bible တာပွါမြို့မှ အနောက်သို့သွား၍ ကာနမြစ်သို့လိုက်လျက် ပင်လယ်၌ ဆုံးလေ၏။ |
ဣရှဗောရှက်ကို ဂိလဒ်အမျိုး၊ အာရှာအမျိုး၊ ယေဇရေလအမျိုး၊ ဧဖရိမ်အမျိုး၊ ဗင်္ယာမိန်အမျိုးမှစ၍ အစ္စရေးတစ်မျိုးလုံး၏ဘုရင်အဖြစ် တင်မြှောက်လေ၏။
ဧဖရိမ်အမျိုးပိုင်ဆိုင်သောမြေနှင့် နေထိုင်ရာအရပ်များမှာ ဗေသလမြို့နှင့်ဝန်းကျင်ရှိမြို့ရွာများ၊ အရှေ့ဘက်တွင် နာရန်မြို့၊ အနောက်ဘက်တွင် ဂေဇာမြို့နှင့်ဝန်းကျင်ရှိမြို့ရွာများ၊ ရှေခင်မြို့နှင့်ဝန်းကျင်ရှိမြို့ရွာများ၊ အာယမြို့နှင့်ဝန်းကျင်ရှိမြို့ရွာများ၊
မနာရှေနယ်နိမိတ်နှင့်ကပ်လျက် အရှေ့ဘက်မှ အနောက်ဘက်တစ်လျှောက်သည် ဧဖရိမ်အမျိုး၏ဝေစုဖြစ်ရမည်။
အနောက်ဘက်နယ်နိမိတ်သည် မြေထဲပင်လယ်နှင့်ကမ်းရိုးတန်းတို့ဖြစ်ရမည်။ ဤသည်ကား သင်တို့အဖို့ အနောက်ဘက်နယ်နိမိတ်ဖြစ်မည်။
ဤသည်ကား မနာရှေအမျိုးသားတို့ရရှိသောအမွေမြေထဲမှ ဧဖရိမ်အမျိုးသားတို့အားခွဲပေးသော မြို့ရွာများ ဖြစ်၏။
မနာရှေ၏နယ်နိမိတ်မှာ အာရှာမြို့မှ ရှေခင်မြို့အရှေ့ဘက်ရှိ မိတ်မေသမြို့အထိ ဖြစ်၏။ ထိုနယ်နိမိတ်သည် တောင်ဘက်အင်တာပွာမြို့သို့ ရောက်၏။
ဧဗြုန်မြို့၊ ရဟောဘမြို့၊ ဟမ္မုန်မြို့၊ ကာနမြို့မှ ဆီဒုန်မြို့ကြီးအထိ ဆက်သွား၏။