အဗရှလုံသည် ယဇ်ပူဇော်စဉ်တွင် ဒါဝိဒ်မင်းကြီး၏အကြံပေးဖြစ်သူ ဂိလောမြို့သား အဟိသောဖေလထံသို့ လူလွှတ်၍ သူ့နေရင်းမြို့ဖြစ်သောဂိလောမြို့မှ ခေါ်လာစေ၏။ အဗရှလုံထံ၌ လူအင်အားတိုးပွားလာပြီး လျှို့ဝှက်ကြံစည်မှုသည်လည်း အားကြီးလာလေ၏။
ယောရှု 15:51 - မြန်မာ့စံမီသမ္မာကျမ်း ဂေါရှင်မြို့၊ ဟောလုန်မြို့၊ ဂိလောမြို့ စသည့်မြို့ပေါင်း တစ်ဆယ့်တစ်မြို့နှင့်ရွာများ ပါ၏။ Common Language Bible ဂေါရှင်မြို့၊ ဟောလုန်မြို့နှင့်ဂိလောမြို့စသော မြို့ကြီးတစ်ဆယ့်တစ်မြို့နှင့်တကွ ပတ်ဝန်း ကျင်ရှိမြို့ရွာများလည်းပါဝင်လေသည်။ Garrad Bible ဧ ရှ တ မော၊ အာ နိမ်၊ ဂေါ ရှင်၊ ဟော လုန်၊ ဂိ လော မြို့ များ၊ Judson Bible ဂေါရှင်မြို့၊ ဟောလုန်မြို့၊ ဂိလောမြို့၊ ရွာနှင့် တကွဆယ်တစ်မြို့တည်း။ |
အဗရှလုံသည် ယဇ်ပူဇော်စဉ်တွင် ဒါဝိဒ်မင်းကြီး၏အကြံပေးဖြစ်သူ ဂိလောမြို့သား အဟိသောဖေလထံသို့ လူလွှတ်၍ သူ့နေရင်းမြို့ဖြစ်သောဂိလောမြို့မှ ခေါ်လာစေ၏။ အဗရှလုံထံ၌ လူအင်အားတိုးပွားလာပြီး လျှို့ဝှက်ကြံစည်မှုသည်လည်း အားကြီးလာလေ၏။
ဤသို့ဖြင့် ယောရှုသည် ကာဒေရှဗာနာအရပ်မှ ဂါဇအရပ်တိုင်အောင်၊ ဂိဗောင်မြို့မှ ဂေါရှင်ပြည်တစ်လျှောက်လုံးကို တိုက်ခိုက်သိမ်းပိုက်၏။
ထိုသို့ ယောရှုသည် တောင်ပေါ်ဒေသ၊ မြေနိမ့်ဒေသ၊ အရာဗလွင်ပြင်တို့မှစ၍ နေဂေ့အရပ်တစ်ခုလုံး၊ ဂေါရှင်ပြည်တစ်ပြည်လုံးနှင့် အစ္စရေးတောင်တန်းမြေပြန့်မကျန် နယ်မြေအားလုံးကို သိမ်းယူခဲ့၏။