ဂေဒါမြို့သားဗာလဟာနန်သည် မြေနိမ့်ဒေသရှိ သံလွင်ပင်၊ သင်္ဘောသဖန်းပင်များကို ကြီးကြပ်ပေးရ၏။ ယောရှသည် သံလွင်ဆီသိုလှောင်ရုံများကို ကြီးကြပ်ပေးရ၏။
ယောရှု 15:41 - မြန်မာ့စံမီသမ္မာကျမ်း ဂေဒရုတ်မြို့၊ ဗက်ဒါဂုန်မြို့၊ နေမမြို့၊ မက္ကဒါမြို့ စသည့်မြို့ပေါင်း တစ်ဆယ့်ခြောက်မြို့နှင့်ရွာများ ပါ၏။ Common Language Bible ဂဒေရုတ်မြို့၊ ဗက်ဒါဂုန်မြို့၊ နေမမြို့နှင့်မက္ကဒါ မြို့စသောမြို့ကြီးများတစ်ဆယ်ခြောက်မြို့နှင့် တကွပတ်ဝန်းကျင်ရှိကျေးရွာများလည်း ပါဝင်လေသည်။ Judson Bible ဂဒေရုတ်မြို့၊ ဗက်ဒါဂုန်မြို့၊ နေမမြို့၊ မက္ကဒါမြို့၊ ရွာနှင့်တကွ ဆယ်ခြောက်မြို့တည်း။ |
ဂေဒါမြို့သားဗာလဟာနန်သည် မြေနိမ့်ဒေသရှိ သံလွင်ပင်၊ သင်္ဘောသဖန်းပင်များကို ကြီးကြပ်ပေးရ၏။ ယောရှသည် သံလွင်ဆီသိုလှောင်ရုံများကို ကြီးကြပ်ပေးရ၏။
ထို့ပြင် ဖိလိတ္တိလူမျိုးတို့သည်လည်း မြေနိမ့်ဒေသရှိမြို့ရွာများနှင့် ယုဒပြည်နေဂေ့အရပ်ကို ဝင်ရောက်တိုက်ခိုက်ပြီး ဗက်ရှေမက်မြို့၊ အာယလုန်မြို့၊ ဂေဒရုတ်မြို့၊ စောခေါမြို့နှင့်ဝန်းကျင်ရှိမြို့ရွာများ၊ တိမနတ်မြို့နှင့်ဝန်းကျင်မြို့ရွာများ၊ ဂိမဇောမြို့နှင့်ဝန်းကျင်မြို့ရွာများကို သိမ်းပိုက်ကာ ထိုနေရာတို့၌ နေထိုင်ကြ၏။
ယောဘသည် ထိုအဖြစ်ဆိုးအလုံးစုံတို့ကို ကြုံတွေ့နေရကြောင်း ကြားသိကြလျှင် တေမန်အမျိုးသား ဧလိဖတ်၊ ရှုအာအမျိုးသား ဗိလဒဒ်၊ နေမတ်အမျိုးသား ဇောဖာ စသောသူ၏သူငယ်ချင်းသုံးဦးတို့သည် ယောဘကိုစာနာသဖြင့် နှစ်သိမ့်ပေးရန် မိမိတို့နေရပ်မှထွက်လာ၍ အတူတကွတွေ့ဆုံကာ ယောဘထံသို့ အတူသွားကြ၏။
ထာဝရဘုရားသည် ထိုသူတို့ကို အစ္စရေးစစ်သည်တို့ရှေ့၌ ကစဥ့်ကလျားဖြစ်စေတော်မူ၏။ အစ္စရေးစစ်သည်တို့သည် ဂိဗောင်မြို့၌ ရန်သူအမြောက်အမြားကို တိုက်ခိုက်သတ်ဖြတ်ပြီး ဗေသောရုန်မြို့သို့တက်သွားသောလမ်းအတိုင်း အဇေကာမြို့၊ မက္ကဒါမြို့တိုင်အောင် လိုက်လံတိုက်ခိုက်ကြ၏။
အစ္စရေးစစ်သည်အပေါင်းတို့သည် ယောရှုစခန်းချရာ မက္ကဒါအရပ်သို့ ဘေးကင်းစွာပြန်ရောက်လာကြ၏။ အစ္စရေးအမျိုးသားတို့ကို မည်သူမျှ ရန်မစဝံ့ကြချေ။
ထိုနေ့မှာပင် ယောရှုသည် မက္ကဒါမြို့ကို သိမ်းပိုက်ပြီး မြို့သူမြို့သားနှင့် ရှင်ဘုရင်ကို ဓားဖြင့်လုပ်ကြံ၏။ သူတို့ကို တစ်ယောက်မကျန်သတ်ဖြတ်လေ၏။ အသက်ရှင်ကျန်ရစ်သူ တစ်ယောက်မျှမရှိ။ ဂျေရိခေါဘုရင်ကို ပြုသကဲ့သို့ မက္ကဒါဘုရင်ကို ပြုလေ၏။
ထိုနယ်နိမိတ်သည် နေထွက်ရာဘက် ဗက်ဒါဂုန်မြို့သို့လှည့်သွား၍ ဇာဗုလုန်နယ်၊ ယိဖသေလချိုင့်ဝှမ်း၊ မြောက်ဘက် ဗေသမက်မြို့၊ နယေလမြို့ တို့သို့ရောက်၏။ ထိုမှ မြောက်ဘက် ကာဗုလမြို့၊