ထို့နောက် ယာကုပ်သည် စိရပြည်၊ ဧဒုံအရပ်ရှိ မိမိအစ်ကိုဧသောထံသို့ စေတမန်တို့ကို ရှေ့ပြေးအဖြစ်စေလွှတ်၍
ယောရှု 13:30 - မြန်မာ့စံမီသမ္မာကျမ်း ဗာရှန်ပြည်ရှိ ယာဣရမြို့ငယ်ပေါင်း ခြောက်ဆယ်အပါအဝင် ဗာရှန်ဘုရင်ဩဃမင်းကြီးအုပ်စိုးသော မဟာနိမ်မြို့မှ ဗာရှန်ပြည်တစ်ပြည်လုံး၊ Common Language Bible သူတို့၏နယ်မြေသည်မဟာနိမ်မြို့အထိ ကျယ်ပြန့်၍ဗာရှန်ဘုရင်သြဃမင်းပိုင်သော ပြည်တစ်ပြည်လုံးနှင့်တကွဗာရှန်ပြည်တွင်း ရှိယာဣရ၏ရွာပေါင်းခြောက်ဆယ်ပါဝင် သည်။- Garrad Bible မ ဟာ နိမ် မြို့ မှ စ၍၊ ဗာ ရှန် ပြည် တည်း ဟူ သော ဗာ ရှန် ပြည့် ရှင် သြ ဃ မင်း နိုင် ငံ တစ် လျှောက် လုံး၊ ဗာ ရှန် ပြည် အ ဝင်၊ ဟာ ဝုတ် ယာ ဣ ရ မြို့ ရွာ ခြောက် ဆယ်၊ ဂိလဒ် နယ် တစ် ၀က်၊ Judson Bible မဟာနိမ်မြို့မှစ၍ ဗာရှန်ပြည်တည်းဟူသော ဗာရှန်ရှင်ဘုရင်ဩဃ၏ နိုင်ငံတစ်လျှောက်လုံး၊ ဗာရှန်ပြည်၌ပါသော ယာဣရမြို့ခြောက်ဆယ်ကို အမွေခံရသတည်း။ |
ထို့နောက် ယာကုပ်သည် စိရပြည်၊ ဧဒုံအရပ်ရှိ မိမိအစ်ကိုဧသောထံသို့ စေတမန်တို့ကို ရှေ့ပြေးအဖြစ်စေလွှတ်၍
အစ္စရေးလူမျိုးတို့သည် ဗာရှန်ပြည်လမ်းသို့ လှည့်၍တက်သွားကြ၏။ ဗာရှန်ဘုရင်ဩဃမင်းကြီးသည် မိမိ၏လူအပေါင်းတို့နှင့်အတူ အစ္စရေးလူမျိုးတို့ကို ဆီးတားတိုက်ခိုက်ရန် ဧဒြိအရပ်သို့ ထွက်လာ၏။
ဗာရှန်ဘုရင်ဩဃမင်းကြီး၏နိုင်ငံရှိ မြို့များဖြစ်သည့် သာလကနှင့်ဧဒြိတိုင်အောင် လွင်ပြင်ရှိမြို့အားလုံး၊ ဂိလဒ်ပြည်တစ်ပြည်လုံး၊ ဗာရှန်ပြည်တစ်ပြည်လုံးကို သိမ်းယူကြ၏။
ဗာရှန်ဘုရင်ဩဃမင်းကြီး၏နိုင်ငံဖြစ်သော အာဂေါဘနယ်မြေတစ်ခုလုံးတွင် မြို့ပေါင်းခြောက်ဆယ်ရှိ၍ ငါတို့သည် သူ၏မြို့ရှိသမျှကို တစ်မြို့မကျန် သိမ်းပိုက်ကြ၏။
ဟေရှဘုန်မြို့မှ ရာမတ်မိဇပါမြို့၊ ဗေတောနိမ်မြို့အထိ၊ မဟာနိမ်မြို့မှ ဒေဗိရမြို့နယ်နိမိတ်အထိ၊
မောရှေသည် မနာရှေအမျိုးအနွယ်တစ်ဝက်အား အမွေမြေခွဲဝေပေး၏။ မျိုးနွယ်စုအလိုက် မနာရှေအမျိုးအနွယ်တစ်ဝက်ရရှိသောနယ်မြေကား
အကြောင်းမူကား မနာရှေအမျိုးအနွယ်၏သမီးတို့သည် သားတို့နှင့်အတူ အမွေရရှိသောကြောင့်ဖြစ်၏။ ကျန်ရှိသောမနာရှေအမျိုးသားတို့သည် ဂိလဒ်ပြည်ကိုအမွေရကြ၏။
ဂဒ်အမျိုးအနွယ်ရသောအမွေမြေထဲမှ ဂိလဒ်ပြည်၊ ရာမုတ်မြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ၊ မဟာနိမ်မြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ၊