အာမောရိဘုရင်ရှိဟုန်မင်းကြီး၊ ဗာရှန်ဘုရင်ဩဃမင်းကြီးတို့၏နယ်မြေဖြစ်သော ဂိလဒ်ပြည်၏နယ်စားမင်း ဥရိ၏သားဂေဗာတို့ဖြစ်ကြ၏။ ဂေဗာသည် ထိုပြည်၏တစ်ဦးတည်းသောနယ်စားမင်း ဖြစ်၏။
ယောရှု 12:6 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရား၏အစေအပါးမောရှေနှင့်အစ္စရေးအမျိုးသားတို့သည် ထိုပြည်တို့ကိုအောင်နိုင်ပြီးလျှင် ထာဝရဘုရား၏အစေအပါးမောရှေသည် ထိုပြည်ကို ရုဗင်အမျိုး၊ ဂဒ်အမျိုးနှင့် မနာရှေအမျိုးတစ်ဝက်အား ပိုင်ဆိုင်ရာအဖြစ်ပေးလေ၏။ Common Language Bible ဤမင်းများကိုမောရှေနှင့်ဣသရေလ အမျိုးသားတို့နှိမ်နင်းခဲ့လေသည်။ ထာဝရ ဘုရား၏အစေခံမောရှေသည်ထိုမင်းတို့ ၏နယ်မြေများကိုရုဗင်အနွယ်၊ ဂဒ်အနွယ် နှင့်မနာရှေအနွယ်တစ်ဝက်တို့အား အပိုင်ပေးခဲ့လေသည်။ Garrad Bible ထို ဘု ရင် မင်း နှစ် ပါး ကို ထာ ဝ ရ ဘု ရား၏ ကျွန် တော် ရင်း မော ရှေ နှင့် ဣ သ ရေ လ အ မျိုး သား တို့ လုပ် ကြံ ကြ ပြီး လျှင် ထို ပြည် နယ် ကို ရု ဗင့် အ နွယ်၊ ဂဒ် အ နွယ် သား တို့ နှင့် မ နာ ရှေ့ အ နွယ် တစ် ဝက် တို့ အား မော ရှေ အ ပိုင် ပေး လေ ၏။ Judson Bible ထိုရှင်ဘုရင်နှစ်ပါးကို ထာဝရဘုရား၏ကျွန်မောရှေနှင့် ဣသရေလအမျိုးသားတို့သည် လုပ်ကြံ၍၊ ထာဝရဘုရား၏ကျွန်မောရှေသည် သူတို့ပြည်ကို ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုးတစ်ဝက်တို့အား အပိုင်ပေးလေ၏။ |
အာမောရိဘုရင်ရှိဟုန်မင်းကြီး၊ ဗာရှန်ဘုရင်ဩဃမင်းကြီးတို့၏နယ်မြေဖြစ်သော ဂိလဒ်ပြည်၏နယ်စားမင်း ဥရိ၏သားဂေဗာတို့ဖြစ်ကြ၏။ ဂေဗာသည် ထိုပြည်၏တစ်ဦးတည်းသောနယ်စားမင်း ဖြစ်၏။
“ဂဒ်သားမြေး၊ ရုဗင်သားမြေးတို့တွင် ထာဝရဘုရားရှေ့တော်၌ စစ်တိုက်ရန်လက်နက်ကိုင်စွဲသူအပေါင်းတို့သည် သင်တို့နှင့်အတူ ဂျော်ဒန်မြစ်ကိုကူး၍ သင်တို့ရှေ့၌ရှိသောထိုပြည်ကို နှိမ်နင်းလျှင် သင်တို့သည် ဂိလဒ်ပြည်ကို ပိုင်ဆိုင်ရာမြေအဖြစ် သူတို့အားပေးရမည်။
အကျွန်ုပ်တို့သည် လက်နက်ကိုင်စွဲလျက် ထာဝရဘုရားရှေ့တော်၌ ခါနာန်ပြည်သို့ ကူးသွားပါမည်။ အကျွန်ုပ်တို့အတွက် ပိုင်ဆိုင်ရာအမွေမြေသည် ဂျော်ဒန်မြစ်တစ်ဖက်၌ ဖြစ်စေပါ”ဟု ပြန်လျှောက်ကြ၏။
ထိုအခါ မောရှေသည် ဂဒ်သားမြေး၊ ရုဗင်သားမြေးများနှင့် ယောသပ်သား မနာရှေမျိုးနွယ်တစ်ဝက်အား အာမောရိလူမျိုးတို့၏ဘုရင်ရှိဟုန်မင်းကြီး၏နိုင်ငံ၊ ဗာရှန်ဘုရင်ဩဃမင်းကြီး၏နိုင်ငံတို့ကို မြို့များနှင့်တကွ မြေများ၊ မြို့ပတ်ပတ်လည်ရှိ နယ်မြေများကိုပေးလေ၏။
မောရှေသည် အစ္စရေးအမျိုးအနွယ် နှစ်နွယ်နှင့်တစ်ဝက်ကို ဂျော်ဒန်မြစ်အရှေ့ဘက်ခြမ်းတွင် အမွေမြေပေးခဲ့ပြီးဖြစ်၏။ လေဝိအမျိုးကိုကား အမွေမြေ မခွဲပေး။
လေဝိအမျိုးသည် သင်တို့နှင့်အတူ အမွေမြေမရ။ ထာဝရဘုရားပေးသောယဇ်ပုရောဟိတ်အရိုက်အရာသည် သူတို့၏အမွေဖြစ်၏။ ဂဒ်၊ ရုဗင်နှင့် မနာရှေအမျိုးတစ်ဝက်တို့သည်လည်း ထာဝရဘုရား၏အစေအပါးမောရှေပေးထားခဲ့သောအမွေမြေကို ဂျော်ဒန်မြစ်အရှေ့ဘက်ခြမ်းတွင် ရပြီးဖြစ်၏”ဟု ဆို၏။
ယခုတွင်သင်တို့၏ဘုရားသခင်ထာဝရဘုရားကတိပေးခဲ့သည့်အတိုင်း သင်တို့၏ညီအစ်ကိုတို့အား အေးအေးချမ်းချမ်းနေထိုင်ရသောအခွင့်ကိုပေးတော်မူပြီ။ ထို့ကြောင့် သင်တို့သည်လည်း သင်တို့အား ထာဝရဘုရား၏အစေအပါးမောရှေပေးခဲ့သည့် ဂျော်ဒန်မြစ်တစ်ဖက်ကမ်းရှိ သင်တို့ပိုင်ဆိုင်ရာပြည်၊ သင်တို့၏အိမ်ရှိရာသို့ပြန်သွားကြလော့။