ယောရှု 12:6 - Common Language Bible6 ဤမင်းများကိုမောရှေနှင့်ဣသရေလ အမျိုးသားတို့နှိမ်နင်းခဲ့လေသည်။ ထာဝရ ဘုရား၏အစေခံမောရှေသည်ထိုမင်းတို့ ၏နယ်မြေများကိုရုဗင်အနွယ်၊ ဂဒ်အနွယ် နှင့်မနာရှေအနွယ်တစ်ဝက်တို့အား အပိုင်ပေးခဲ့လေသည်။ အခန်းကိုကြည့်ပါ။Garrad Bible6 ထို ဘု ရင် မင်း နှစ် ပါး ကို ထာ ဝ ရ ဘု ရား၏ ကျွန် တော် ရင်း မော ရှေ နှင့် ဣ သ ရေ လ အ မျိုး သား တို့ လုပ် ကြံ ကြ ပြီး လျှင် ထို ပြည် နယ် ကို ရု ဗင့် အ နွယ်၊ ဂဒ် အ နွယ် သား တို့ နှင့် မ နာ ရှေ့ အ နွယ် တစ် ဝက် တို့ အား မော ရှေ အ ပိုင် ပေး လေ ၏။ အခန်းကိုကြည့်ပါ။Judson Bible6 ထိုရှင်ဘုရင်နှစ်ပါးကို ထာဝရဘုရား၏ကျွန်မောရှေနှင့် ဣသရေလအမျိုးသားတို့သည် လုပ်ကြံ၍၊ ထာဝရဘုရား၏ကျွန်မောရှေသည် သူတို့ပြည်ကို ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုးတစ်ဝက်တို့အား အပိုင်ပေးလေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း6 ထာဝရဘုရား၏အစေအပါးမောရှေနှင့်အစ္စရေးအမျိုးသားတို့သည် ထိုပြည်တို့ကိုအောင်နိုင်ပြီးလျှင် ထာဝရဘုရား၏အစေအပါးမောရှေသည် ထိုပြည်ကို ရုဗင်အမျိုး၊ ဂဒ်အမျိုးနှင့် မနာရှေအမျိုးတစ်ဝက်အား ပိုင်ဆိုင်ရာအဖြစ်ပေးလေ၏။ အခန်းကိုကြည့်ပါ။ |
မောရှေသည်ယော်ဒန်မြစ်အရှေ့ဘက်ရှိ နယ်မြေကိုဣသရေလအနွယ်နှစ်နွယ်နှင့် အနွယ်တစ်ဝက်တို့အားခွဲဝေပေးခဲ့ပြီး ဖြစ်သည်။ (ယောသပ်၏အဆက်အနွယ်တို့ ကိုမနာရှေအနွယ်နှင့်ဧဖရိမ်အနွယ်ဟူ ၍နှစ်စုခွဲထားသည်။) မောရှေသည်လေဝိ အနွယ်အားနယ်မြေဝေစုမပေးခဲ့ချေ။ သို့ရာတွင်သူတို့အားနေထိုင်ရန်မြို့များ နှင့်တကွတိရစ္ဆာန်စားကျက်များကိုခွဲဝေ ပေးခဲ့သည်။-
လေဝိအနွယ်ဝင်တို့သည်ထာဝရဘုရား ၏ယဇ်ပုရောဟိတ်များအဖြစ်အမှုတော် ထမ်းဆောင်ရကြမည်ဖြစ်သောကြောင့် သင် တို့ကဲ့သို့နယ်မြေဝေစုရမည်မဟုတ်။ ဂဒ် အနွယ်၊ ရုဗင်အနွယ်နှင့်အရှေ့မနာရှေ အနွယ်တို့သည် ထာဝရဘုရား၏အစေ ခံမောရှေခွဲဝေပေးခဲ့သည့်အတိုင်း ယော်ဒန် မြစ်အရှေ့ဘက်ရှိနယ်မြေကိုရရှိကြပြီ'' ဟုဆိုလေ၏။