ကိုယ်တော်သည် လူမျိုးခြားတို့၏ပြည်ကို သူတို့အား ပေးတော်မူသဖြင့် သူတို့သည် ထိုလူမျိုးတို့၏ကြိုးပမ်းအားထုတ်မှုအကျိုးကို အမွေဆက်ခံရကြ၏။
ယောရှု 11:16 - မြန်မာ့စံမီသမ္မာကျမ်း ထိုသို့ ယောရှုသည် တောင်ပေါ်ဒေသ၊ မြေနိမ့်ဒေသ၊ အရာဗလွင်ပြင်တို့မှစ၍ နေဂေ့အရပ်တစ်ခုလုံး၊ ဂေါရှင်ပြည်တစ်ပြည်လုံးနှင့် အစ္စရေးတောင်တန်းမြေပြန့်မကျန် နယ်မြေအားလုံးကို သိမ်းယူခဲ့၏။ Common Language Bible ယောရှုသည်မြောက်ဘက်ရှိတောင်ကုန်း ဒေသနှင့်တောင်ခြေဒေသများ၊ တောင်ဘက် ရှိတောင်ကုန်းဒေသနှင့်တောင်ခြေဒေသ များ၊ ဂေါရှင်ပြည်တစ်ပြည်လုံးနှင့်ယင်း ၏တောင်ဘက်ရှိခြောက်သွေ့သောဒေသ၊ ယော်ဒန်မြစ်ဝှမ်းမှစ၍တစ်ပြည်လုံး ကိုတိုက်ခိုက်သိမ်းယူခဲ့လေသည်။- Garrad Bible ထို သို့ ယော ရှု သည် ခင် တန်း၊ နေ ဂပ် တစ် ခ ရိုင် လုံး၊ ဂေါ ရှင် တစ် နယ် လုံး၊ ရှ ဖေ လာ ခ ရိုင်၊ အ ရာ ဗာ ချိုင့်၊ တောင် တန်း ချိုင့် ဝှမ်း ရာ ဣ သ ရေ လ ပြည် တစ် လျှောက် လုံး ကို စိ ရ တောင် အ ရံ ဟာ လက် တောင် မှ စ၍ ဟေ ရ မုန် တောင် ခြေ ရင်း၊ လေ ဗ နုန် ချိုင့် ရှိ ဗာ လ ဂဒ် မြို့ တိုင် အောင် စိုး စံ သော ဘု ရင် မင်း တို့ နှင့် တ ကွ သိမ်း ယူ၍ လုပ် ကြံ ကွပ် မျက် လေ၏။ Judson Bible ထိုသို့ စိရလမ်းတွင်ရှိသော ဟာလက်တောင်မှစ၍ ဟေရမုန်တောင်ခြေရင်း၊ |
ကိုယ်တော်သည် လူမျိုးခြားတို့၏ပြည်ကို သူတို့အား ပေးတော်မူသဖြင့် သူတို့သည် ထိုလူမျိုးတို့၏ကြိုးပမ်းအားထုတ်မှုအကျိုးကို အမွေဆက်ခံရကြ၏။
ထို့နောက် လူမျိုးခြားတို့ကို သူတို့ရှေ့မှနှင်ထုတ်တော်မူပြီး အမွေအဖြစ် တိုင်းတာသတ်မှတ်ထားသောနယ်မြေအလိုက် သူတို့ကိုခွဲဝေပေး၍ အစ္စရေးအမျိုးအနွယ်တို့အား မိမိတို့တဲများ၌ နေထိုင်စေတော်မူ၏။
မြင့်မားသောအစ္စရေးတောင်ပေါ်မှာ စိုက်မည်။ အကိုင်းအခက်ထွက်လာ၍ အသီးသီးသဖြင့် လှပတင့်တယ်သောသစ်ကတိုးပင်ဖြစ်လာလိမ့်မည်။ အရပ်ရပ်မှ ငှက်အပေါင်းတို့သည် ထိုအပင်၌အသိုက်ဆောက်၍ အကိုင်းအခက်တို့၏အရိပ်၌ ခိုနားကြလိမ့်မည်။
အို အစ္စရေးတောင်တန်း၊ ငါ၏လူမျိုးတော်အစ္စရေးတို့ပြန်လာတော့မည်ဖြစ်၍ သင်တို့သည် သူတို့အတွက် အကိုင်းအခက်ထွက်လာ၍ အသီးသီးရကြလိမ့်မည်။
ခရီးစပြုကြလော့။ အာမောရိတောင်ပေါ်ဒေသနှင့် ထိုဒေသအနီးရှိ အရာဗလွင်ပြင်၊ တောင်ပေါ်ဒေသ၊ မြေနိမ့်ဒေသ၊ နေဂေ့အရပ်သို့လည်းကောင်း၊ ပင်လယ်ကမ်းခြေဒေသသို့လည်းကောင်း၊ ခါနာန်ပြည်သို့လည်းကောင်း၊ လက်ဘနွန်တောင်မှ ယူဖရေးတီးမြစ်ကြီးတိုင်အောင်လည်းကောင်း လှည့်သွားလော့။
ယောရှုသည် တောင်ပေါ်ဒေသ၊ နေဂေ့အရပ်၊ မြေနိမ့်ဒေသ၊ တောင်စောင်းတစ်လျှောက် စသည့် ထိုနယ်မြေတစ်ခွင်လုံးနှင့် ရှင်ဘုရင်အပေါင်းတို့ကို လုပ်ကြံလေ၏။ အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရား မိန့်မှာတော်မူသည့်အတိုင်း သက်ရှိဟူသမျှကို သတ်ဖြတ်လေ၏။ အသက်ရှင်ကျန်ရစ်သူတစ်ယောက်မျှမရှိ။
ဤသို့ဖြင့် ယောရှုသည် ကာဒေရှဗာနာအရပ်မှ ဂါဇအရပ်တိုင်အောင်၊ ဂိဗောင်မြို့မှ ဂေါရှင်ပြည်တစ်လျှောက်လုံးကို တိုက်ခိုက်သိမ်းပိုက်၏။
ထာဝရဘုရားက မိမိအစေအပါးမောရှေအား မိန့်မှာခဲ့သည့်အတိုင်း မောရှေက ယောရှုအား ဆင့်ဆိုရာ ယောရှုသည် ထိုအတိုင်းပြုလေ၏။ ထာဝရဘုရားက မောရှေအားမိန့်မှာခဲ့သမျှကို ယောရှုက မပြုဘဲချန်ထားခဲ့သည်ဟူ၍ တစ်စုံတစ်ခုမျှမရှိ။
မြောက်ပိုင်းတောင်ပေါ်ဒေသ၊ ဂင်နေသရက်အိုင်တောင်ဘက် အရာဗလွင်ပြင်၊ မြေနိမ့်ဒေသ၊ အနောက်ဘက်ဒေါရပြည် စသည်တို့မှ ဘုရင်တို့ထံသို့လည်းကောင်း၊
ထိုအချိန်တွင် ယောရှုသည် တောင်ပေါ်မြို့ဖြစ်သော ဟေဗြုန်မြို့၊ ဒေဗိရမြို့၊ အာနပ်မြို့တို့နှင့် ယုဒတောင်ပေါ်ဒေသ၊ အစ္စရေးတောင်ပေါ်ဒေသတို့၌ နေထိုင်သောအာနကလူမျိုးတို့ကို ချီတက်တိုက်ခိုက်၍ သူတို့၏မြို့များနှင့် သူတို့ကို အကုန်အစင်ဖျက်ဆီးလေ၏။
ထိုနယ်မြေများမှာ တောင်ပေါ်ဒေသ၊ မြေပြန့်ဒေသ၊ အရာဗလွင်ပြင်၊ တောင်စောင်းတစ်လျှောက်၊ တောကန္တာရနှင့် ဟိတ္တိလူမျိုး၊ အာမောရိလူမျိုး၊ ခါနာန်လူမျိုး၊ ဖေရဇိလူမျိုး၊ ဟိဝိလူမျိုး၊ ယေဗုသိလူမျိုးတို့နေထိုင်ရာ နေဂေ့အရပ် စသည်တို့ဖြစ်ကြ၏။)
ဂျော်ဒန်မြစ်တစ်ဖက် တောင်ပေါ်ဒေသ၊ မြေနိမ့်ဒေသ၊ လက်ဘနွန်တောင်ခြေရှိမြေထဲပင်လယ်ကမ်းခြေတစ်လျှောက် တို့၌နေထိုင်ကြသော ဟိတ္တိလူမျိုး၊ အာမောရိလူမျိုး၊ ခါနာန်လူမျိုး၊ ဖေရဇိလူမျိုး၊ ဟိဝိလူမျိုး၊ ယေဗုသိလူမျိုးတို့၏ရှင်ဘုရင်အပေါင်းတို့သည် အစ္စရေးလူမျိုးတို့၏သတင်းကို ကြားသောအခါ