ယောရှု 11:16 - Common Language Bible16 ယောရှုသည်မြောက်ဘက်ရှိတောင်ကုန်း ဒေသနှင့်တောင်ခြေဒေသများ၊ တောင်ဘက် ရှိတောင်ကုန်းဒေသနှင့်တောင်ခြေဒေသ များ၊ ဂေါရှင်ပြည်တစ်ပြည်လုံးနှင့်ယင်း ၏တောင်ဘက်ရှိခြောက်သွေ့သောဒေသ၊ ယော်ဒန်မြစ်ဝှမ်းမှစ၍တစ်ပြည်လုံး ကိုတိုက်ခိုက်သိမ်းယူခဲ့လေသည်။- အခန်းကိုကြည့်ပါ။Garrad Bible16-17 ထို သို့ ယော ရှု သည် ခင် တန်း၊ နေ ဂပ် တစ် ခ ရိုင် လုံး၊ ဂေါ ရှင် တစ် နယ် လုံး၊ ရှ ဖေ လာ ခ ရိုင်၊ အ ရာ ဗာ ချိုင့်၊ တောင် တန်း ချိုင့် ဝှမ်း ရာ ဣ သ ရေ လ ပြည် တစ် လျှောက် လုံး ကို စိ ရ တောင် အ ရံ ဟာ လက် တောင် မှ စ၍ ဟေ ရ မုန် တောင် ခြေ ရင်း၊ လေ ဗ နုန် ချိုင့် ရှိ ဗာ လ ဂဒ် မြို့ တိုင် အောင် စိုး စံ သော ဘု ရင် မင်း တို့ နှင့် တ ကွ သိမ်း ယူ၍ လုပ် ကြံ ကွပ် မျက် လေ၏။ အခန်းကိုကြည့်ပါ။Judson Bible16 ထိုသို့ စိရလမ်းတွင်ရှိသော ဟာလက်တောင်မှစ၍ ဟေရမုန်တောင်ခြေရင်း၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း16 ထိုသို့ ယောရှုသည် တောင်ပေါ်ဒေသ၊ မြေနိမ့်ဒေသ၊ အရာဗလွင်ပြင်တို့မှစ၍ နေဂေ့အရပ်တစ်ခုလုံး၊ ဂေါရှင်ပြည်တစ်ပြည်လုံးနှင့် အစ္စရေးတောင်တန်းမြေပြန့်မကျန် နယ်မြေအားလုံးကို သိမ်းယူခဲ့၏။ အခန်းကိုကြည့်ပါ။ |
စခန်းသိမ်း၍ခရီးဆက်ကြလော့။ အာမောရိ အမျိုးသားတို့နေထိုင်ရာတောင်ကုန်းဒေသ နှင့် ၎င်းအနီးရှိဒေသများဖြစ်သောတောင် ကုန်းဒေသ၊ လွင်ပြင်ဒေသ၊ တောင်ဘက်ဒေသ၊ မြေထဲပင်လယ်ကမ်းခြေတို့သို့သွားကြလော့။ ခါနာန်ပြည်သို့သွားကြလော့။ ထိုမှတစ်ဖန် လေဗနုန်တောင်ကိုကျော်၍ ဥဖရတ်မြစ်သို့ တိုင်အောင်သွားကြလော့။-
ယောရှုသည်တိုင်းပြည်တစ်ခုလုံးကိုတိုက် ခိုက်အောင်မြင်လေသည်။ သူသည်တောင်ပေါ် ဒေသရှိမင်းများ၊ အရှေ့ဘက်တောင်စောင်း နှင့်အနောက်ဘက်တောင်ခြေရှိမင်းများနှင့် တောင်ဘက်ခြောက်သွေ့သောဒေသရှိမင်း အပေါင်းတို့ကိုတိုက်ခိုက်အောင်မြင်လေသည်။ ၎င်းတို့၏ပြည်သူပြည်သားအားလုံးတို့ကို တစ်ယောက်မကျန်သတ်ဖြတ်သုတ်သင်ခဲ့လေ သည်။ ဣသရေလအမျိုးသားတို့၏ဘုရားသခင်ထာဝရဘုရား၏အမိန့်တော်အရ ဤသို့ပြုခြင်းဖြစ်သည်။-
ထိုကာလ၌ယောရှုသည်ဟေဗြုန်မြို့၊ ဒေဗိရ မြို့၊ အာနပ်မြို့၊ ယုဒတောင်ကုန်းဒေသ၊ ဣသ ရေလတောင်ကုန်းဒေသစသောတောင်ကုန်း ဒေသများတွင်နေထိုင်သည့် ထွားကြိုင်းသော အာနကအမျိုးသားတို့ရှိရာသို့ချီတက် လေသည်။ ယောရှုသည်အာနကအမျိုးသား များကို တစ်ယောက်မကျန်သုတ်သင်၍သူ တို့မြို့များကိုမြေလှန်ဖျက်ဆီးခဲ့လေ သည်။-
ဤဒေသများတွင်တောင်ကုန်းဒေသ၊ အနောက် ဘက်တောင်ခြေဒေသ၊ ယော်ဒန်မြစ်ဝှမ်းနှင့်အနီး ရှိတောင်ခြေဒေသ၊ အနောက်ဘက်တောင်စောင်း ဒေသနှင့်တောင်ဘက်ခြောက်သွေ့သောသဲကန္တာရ ဒေသများပါဝင်သည်။ ထိုဒေသများတွင်နေ ထိုင်သောလူမျိုးများမှာဟိတ္တိအမျိုးသား၊ အာမောရိအမျိုးသား၊ ခါနာန်အမျိုးသား၊ ဖေရဇိအမျိုးသား၊ ဟိဝိအမျိုးသားနှင့် ယေဗုသိအမျိုးသားတို့ဖြစ်ကြသည်။-
ယော်ဒန်မြစ်အနောက်ဘက်ရှိတောင်ကုန်းဒေသ၊ တောင်ခြေဒေသ၊ မြောက်ဘက်လေဗနုန်တောင် အထိရှည်လျားသောမြေထဲပင်လယ်ကမ်းရိုး တန်းဒေသတို့တွင်အုပ်စိုးသောမင်းအပေါင်း တို့သည်ဣသရေလအမျိုးသားတို့၏အောင်ပွဲ ခံသတင်းကိုကြားကြ၏။ ထိုမင်းများမှာ ဟိတ္တိအမျိုးသား၊ အာမောရိအမျိုးသား၊ ခါနာန်အမျိုးသား၊ ဖေရဇိအမျိုးသား၊ ဟိဝိ အမျိုးသား၊ ယေဗုသိအမျိုးသားတို့၏ မင်းများဖြစ်ကြသည်။-