ထာဝရဘုရားက “ကြည့်ရှုလော့။ ငါသည် ပျက်စီးသွားသောယာကုပ်၏တဲများကို နဂိုအတိုင်းပြန်ဖြစ်စေမည်။ သူတို့အိမ်သူအိမ်သားများကို ကရုဏာထားမည်။ မြို့ကို အပျက်အစီးပုံပေါ်မှာ ပြန်တည်ဆောက်စေမည်။ နန်းတော်သည်လည်း မူလအတိုင်း တည်ရှိမည်။
ယောရှု 11:13 - မြန်မာ့စံမီသမ္မာကျမ်း အစ္စရေးစစ်သည်တို့သည် တောင်ပေါ်ရှိ အခြားမြို့များကို မီးမရှို့ကြ။ ဟာဇော်မြို့တစ်မြို့တည်းကိုသာ ယောရှု မီးရှို့ပစ်၏။ Common Language Bible သို့ရာတွင်ဣသရေလအမျိုးသားတို့သည် ဟာဇော်မြို့မှလွဲ၍ တောင်ပေါ်တွင်တည်ထား သောအခြားမြို့များကိုမူမီးရှို့ဖျက်ဆီး ခြင်းမပြုကြ။ ဟာဇော်မြို့တစ်မြို့တည်း ကိုသာယောရှုမီးရှို့ဖျက်ဆီးခဲ့၏။- Garrad Bible ယော ရှု မီး တိုက် ခဲ့ သော ဟာ ဇော် မြို့ မှ တစ် ပါး၊ အ ခြား မြို့ များ ကို ဣ သ ရေ လ တပ် သား တို့ မီး မ တိုက် ဘဲ တည် ရာ ကုန်း ပေါ် တွင် ရှိ မြဲ ရှိ စေ လျက် Judson Bible သို့ရာတွင်၊ ဟာဇော်မြို့မှတစ်ပါး၊ တောင်ပေါ်၌တည်သောမြို့တို့ကို ဣသရေလလူတို့သည် မီးမရှို့ကြ။ ဟာဇော်မြို့တစ်မြို့ကိုသာ ယောရှုမီးရှို့သတည်း။ |
ထာဝရဘုရားက “ကြည့်ရှုလော့။ ငါသည် ပျက်စီးသွားသောယာကုပ်၏တဲများကို နဂိုအတိုင်းပြန်ဖြစ်စေမည်။ သူတို့အိမ်သူအိမ်သားများကို ကရုဏာထားမည်။ မြို့ကို အပျက်အစီးပုံပေါ်မှာ ပြန်တည်ဆောက်စေမည်။ နန်းတော်သည်လည်း မူလအတိုင်း တည်ရှိမည်။
ယောရှုသည် ထိုဘုရင်တို့၏မင်းနေပြည်တော်ရှိသမျှနှင့် ဘုရင်အပေါင်းတို့ကို သိမ်းပိုက်၍ ထာဝရဘုရား၏အစေအပါးမောရှေ မှာကြားထားခဲ့သည့်အတိုင်း တစ်ယောက်မကျန် ဓားဖြင့်ကွပ်မျက်လေ၏။
အစ္စရေးအမျိုးသားတို့သည် ထိုမြို့တို့မှ တိုက်ယူသောပစ္စည်းနှင့် တိရစ္ဆာန် ရှိသမျှတို့ကို သိမ်းယူ၍ လူတို့ကိုမူ တစ်ယောက်မကျန် ဓားဖြင့်သုတ်သင်ပယ်ရှင်းလေ၏။ အသက်ရှင်ကျန်ရစ်သူ တစ်ယောက်မျှမရှိ။
ငါသည် သင်တို့မထွန်ယက်သောမြေ၊ သင်တို့မတည်ဆောက်သောမြို့များကို သင်တို့အားပေးသဖြင့် သင်တို့သည် ထိုမြို့တို့တွင် နေထိုင်ရကြ၏။ သင်တို့မစိုက်ပျိုးသောစပျစ်ခြံများ၊ သံလွင်ခြံများမှ အသီးကိုလည်းစားရကြ၏’ဟု မိန့်တော်မူ၏။