ထာဝရဘုရားသည် ငါ၏သခင်အား “သင်၏ရန်သူတို့ကို သင်၏ခြေတင်ခုံအောက်၌ ငါချထားသည့်တိုင်အောင် ငါ၏လက်ယာဘက်၌ ထိုင်နေလော့”ဟု မိန့်တော်မူ၏။
ယောရှု 10:28 - မြန်မာ့စံမီသမ္မာကျမ်း ထိုနေ့မှာပင် ယောရှုသည် မက္ကဒါမြို့ကို သိမ်းပိုက်ပြီး မြို့သူမြို့သားနှင့် ရှင်ဘုရင်ကို ဓားဖြင့်လုပ်ကြံ၏။ သူတို့ကို တစ်ယောက်မကျန်သတ်ဖြတ်လေ၏။ အသက်ရှင်ကျန်ရစ်သူ တစ်ယောက်မျှမရှိ။ ဂျေရိခေါဘုရင်ကို ပြုသကဲ့သို့ မက္ကဒါဘုရင်ကို ပြုလေ၏။ Common Language Bible ထိုနေ့၌ပင်ယောရှုသည်မက္ကဒါမြို့ကိုတိုက်ခိုက် သိမ်းပိုက်၍ မက္ကဒါမင်းကိုလက်ရဖမ်းဆီးခဲ့ လေသည်။ မြို့သူမြို့သားအားလုံးကိုလည်း တစ်ယောက်မကျန်သတ်ဖြတ်သုတ်သင်ခဲ့လေ သည်။ ယေရိခေါမင်းကိုအဆုံးစီရင်သကဲ့ သို့မက္ကဒါမင်းကိုလည်းအဆုံးစီရင်သည်။- Garrad Bible ထို နေ့၌ ယော ရှု သည်၊ မ က္က ဒါ မြို့ ကို ဘု ရင် မင်း ပါ သိမ်း ယူ၍၊ ဓား ဖြင့် လုပ် ကြံ ပြီး လျှင်၊ မြို့ ရှိ လူ အ ပေါင်း တို့ ကို တစ် ယောက် မ ကျန်၊ မြေ လှန် လျက် ယေ ရိ ခေါ ဘု ရင် ကို ပြု သ ကဲ့ သို့ မ က္က ဒါ ဘု ရင် ကို ပြု လေ၏။ Judson Bible ထိုနေ့၌ ယောရှုသည် မက္ကဒါမြို့ကိုတိုက်ယူ၍ မြို့နှင့် မင်းကြီးကို ဓားနှင့်လုပ်ကြံပြီးလျှင်၊ မင်းကြီးနှင့်တကွ မြို့သားအပေါင်းတို့ကို တစ်ယောက်မျှ မကျန်ကြွင်းရဘဲ ရှင်းရှင်းဖျက်ဆီးလေ၏။ ယေရိခေါမင်းကြီးကို ပြုသကဲ့သို့ မက္ကဒါမင်းကြီးကို ပြုသတည်း။ |
ထာဝရဘုရားသည် ငါ၏သခင်အား “သင်၏ရန်သူတို့ကို သင်၏ခြေတင်ခုံအောက်၌ ငါချထားသည့်တိုင်အောင် ငါ၏လက်ယာဘက်၌ ထိုင်နေလော့”ဟု မိန့်တော်မူ၏။
ထိုမှတစ်ပါး ငါအုပ်ချုပ်ရန်အလိုမရှိကြသော ငါ၏ရန်သူများကို ဤနေရာသို့ခေါ်ဆောင်ခဲ့၍ ငါ၏ရှေ့မှောက်တွင် သူတို့ကိုကွပ်မျက်ကြလော့’ဟု ဆိုလေ၏”ဟူ၍ မိန့်တော်မူ၏။
အကြောင်းမူကား ရန်သူအပေါင်းတို့ကို ကိုယ်တော်၏ခြေဖဝါးအောက်၌ချထားသည်အထိ ကိုယ်တော်သည်အုပ်စိုးရမည်ဖြစ်၏။
ထိုအခါ သူ၏မြို့ရှိသမျှကို ငါတို့သိမ်းယူ၏။ မြို့၌ရှိသမျှသော ယောက်ျား၊ မိန်းမ၊ ကလေးတို့ကို လုံးလုံးဖျက်ဆီးပစ်၏။ အသက်ရှင်ကျန်ရစ်သူတစ်စုံတစ်ယောက်မျှမရှိ။
သင့်လက်သို့ သင်၏ဘုရားသခင်ထာဝရဘုရားအပ်တော်မူသည့် လူမျိုးအပေါင်းတို့ကိုဖျက်ဆီးရမည်။ ထိုသူတို့ကို မသနားရ။ သူတို့၏ဘုရားများကို ဝတ်မပြုရ။ ဝတ်ပြုလျှင် သင့်အတွက် ထောင်ချောက်သဖွယ်ဖြစ်လိမ့်မည်။
သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် ထိုလူမျိုးတို့ကို သင်တို့လက်သို့ အပ်တော်မူသောအခါ သူတို့ကို တိုက်ခိုက်၍ အကုန်အစင်ဖျက်ဆီးပစ်ရမည်။ သူတို့နှင့် ပဋိညာဉ်မဖွဲ့ရ။ သူတို့ကို မသနားရ။
ထာဝရဘုရားသည် ထိုမြို့နှင့်ဘုရင်ကို အစ္စရေးလူမျိုးတို့လက်သို့ အပ်တော်မူသဖြင့် သူတို့သည် မြို့သူမြို့သားအပေါင်းတို့ကို ဓားဖြင့်လုပ်ကြံလေ၏။ အသက်ရှင်ကျန်ရစ်သောသူ တစ်ယောက်မျှမရှိ။ ဂျေရိခေါဘုရင်ကို ပြုသကဲ့သို့ ထိုမြို့၏ဘုရင်ကို ပြုလေ၏။
ထာဝရဘုရားသည် လာခိရှမြို့ကိုလည်း အစ္စရေးလူမျိုးတို့လက်သို့ အပ်တော်မူသဖြင့် ဒုတိယနေ့တွင် ထိုမြို့ကိုသိမ်း၍ လိဗနမြို့ကို ပြုခဲ့သည့်အတိုင်း ထိုမြို့သူမြို့သားအားလုံးကို ဓားဖြင့်လုပ်ကြံလေ၏။
သူတို့သည် ထိုမြို့ကို နေ့ချင်းသိမ်းပိုက်၏။ လာခိရှမြို့ကို ပြုခဲ့သည့်အတိုင်း ထိုနေ့ချင်းတွင် မြို့သူမြို့သားအပေါင်းတို့ကို ဓားဖြင့်လုပ်ကြံ၍ တစ်ယောက်မကျန်သတ်ဖြတ်လေ၏။
ထိုမြို့ကို သိမ်းပိုက်၍ ထိုမြို့၏ဘုရင်နှင့်တကွ မြို့ရွာအားလုံးရှိ လူအားလုံးကို ဓားဖြင့် လုပ်ကြံ၏။ ဧဂလုန်မြို့ကို တစ်ယောက်မျှမကျန်အောင် ဖျက်ဆီးခဲ့သည့်အတိုင်း ထိုမြို့နှင့် ထိုမြို့၌ရှိသောလူအားလုံးကို ဖျက်ဆီးလေ၏။
ထိုမြို့နှင့် မြို့၏ဘုရင်အပါအဝင် မြို့ရွာအားလုံးကိုသိမ်းပိုက်၏။ မြို့သူမြို့သားအားလုံးကို ဓားဖြင့် တစ်ယောက်မကျန် လုပ်ကြံသတ်ဖြတ်လေ၏။ အသက်ရှင်ကျန်ရစ်သူတစ်ယောက်မျှမရှိ။ ဟေဗြုန်မြို့နှင့်ဘုရင်၊ လိဗနမြို့နှင့်ဘုရင် တို့ကိုပြုသကဲ့သို့ ဒေဗိရမြို့နှင့်ဘုရင်ကို ပြုလေ၏။
ဂေဒရုတ်မြို့၊ ဗက်ဒါဂုန်မြို့၊ နေမမြို့၊ မက္ကဒါမြို့ စသည့်မြို့ပေါင်း တစ်ဆယ့်ခြောက်မြို့နှင့်ရွာများ ပါ၏။
သူတို့သည် မြို့ထဲရှိ ယောက်ျားမိန်းမကြီးကြီးငယ်ငယ်တို့နှင့် သိုးနွားမြည်းအားလုံးတို့ကို ဓားဖြင့် သတ်ဖြတ်လေ၏။
သင်သည် ဂျေရိခေါမြို့နှင့် ဂျေရိခေါဘုရင်ကိုပြုသကဲ့သို့ အာဣမြို့နှင့်အာဣဘုရင်ကိုပြုရမည်။ ထိုမြို့မှ တိုက်ယူသောပစ္စည်းနှင့်တိရစ္ဆာန်တို့ကိုကား သင်တို့အဖို့ သိမ်းယူခွင့်ရှိ၏။ မြို့အနောက်ဘက်၌ ကင်းပုန်းချထားလော့”ဟု မိန့်တော်မူ၏။
ဂိဗောင်မြို့သားတို့မူကား ဂျေရိခေါမြို့နှင့်အာဣမြို့တို့ကို ယောရှုမည်သို့တိုက်ခိုက်ခဲ့သည်ကို ကြားသောအခါ