သူတို့၏ရှင်ဘုရင်များကိုလည်း သင့်လက်သို့ အပ်တော်မူသဖြင့် သင်သည် သူတို့၏အမည်များကို မိုးကောင်းကင်အောက်မှ ဖျောက်ဖျက်ပစ်လိမ့်မည်။ သူတို့ကို မဖျက်ဆီးမီအထိ သင့်ရှေ့၌ မည်သူမျှခံရပ်နိုင်မည်မဟုတ်။
ယောရှု 10:23 - မြန်မာ့စံမီသမ္မာကျမ်း ရှင်ဘုရင်ငါးပါးဖြစ်သော ဂျေရုဆလင်ဘုရင်၊ ဟေဗြုန်ဘုရင်၊ ယာမုတ်ဘုရင်၊ လာခိရှဘုရင်၊ ဧဂလုန်ဘုရင်တို့ကို လိုဏ်ဂူထဲမှ ခေါ်ထုတ်လာကြ၏။ Common Language Bible သူတို့သည်ယေရုရှလင်ဘုရင်၊ ဟေဗြုန် ဘုရင်၊ ယာမုတ်ဘုရင်၊ လာခိရှဘုရင်၊ ဧဂလုန်ဘုရင်တို့ကိုလိုဏ်ဂူထဲမှထုတ်၍၊- Garrad Bible ယေ ရု ရှ လင် ဘု ရင်၊ ဟေ ဗြုန် ဘု ရင်၊ ယာ မုတ် ဘု ရင်၊ လာ ခိ ရှ ဘု ရင်၊ ဧ ဂ လုန် ဘု ရင် မင်း ငါး ပါး တို့ ကို ဥမင် မှ ယော ရှု ထံ ထုတ် သွင်း ကြ သော အ ခါ၊ Judson Bible သူတို့သည် ပြု၍၊ ယေရုရှလင်မင်းကြီး၊ ဟေဗြုန်မင်းကြီး၊ ယာမုတ်မင်းကြီး၊ လာခိရှမင်းကြီး၊ ဧဂလုန်မင်းကြီးငါးပါးတို့ကို လိုဏ်ခေါင်းထဲက ဆောင်ခဲ့၍၊ |
သူတို့၏ရှင်ဘုရင်များကိုလည်း သင့်လက်သို့ အပ်တော်မူသဖြင့် သင်သည် သူတို့၏အမည်များကို မိုးကောင်းကင်အောက်မှ ဖျောက်ဖျက်ပစ်လိမ့်မည်။ သူတို့ကို မဖျက်ဆီးမီအထိ သင့်ရှေ့၌ မည်သူမျှခံရပ်နိုင်မည်မဟုတ်။
ယောရှုသည် အာဣမြို့ကိုသိမ်း၍ ဂျေရိခေါမြို့နှင့်ဘုရင်ကို ပြုသကဲ့သို့ အာဣမြို့နှင့်ဘုရင်ကိုပြု၍ ချေမှုန်းခဲ့ကြောင်းကိုလည်းကောင်း၊ ဂိဗောင်မြို့သားတို့သည် အစ္စရေးလူမျိုးတို့နှင့် မိတ်ဖွဲ့ပြီး အတူနေထိုင်ကြောင်းကိုလည်းကောင်း ဂျေရုဆလင်ဘုရင်အဒေါနိဇေဒက်မင်းကြီး ကြားသောအခါ
ယောရှုက “လိုဏ်ဂူဝကိုဖွင့်ပြီး ထိုလိုဏ်ဂူထဲမှရှင်ဘုရင်ငါးပါးကို ငါ့ထံသို့ ထုတ်ဆောင်လာခဲ့ကြလော့”ဟု ဆိုသည့်အတိုင်း
ထို့ကြောင့် ဂျေရုဆလင်ဘုရင်အဒေါနိဇေဒက်မင်းကြီးသည် ဟေဗြုန်ဘုရင်ဟောဟံမင်းကြီး၊ ယာမုတ်ဘုရင်ပိရံမင်းကြီး၊ လာခိရှဘုရင်ယာဖျာမင်းကြီး၊ ဧဂလုန်ဘုရင်ဒေဗိရမင်းကြီး တို့ထံသို့ လူလွှတ်ကာ
ထို့ကြောင့် အာမောရိဘုရင်ငါးပါးဖြစ်သော ဂျေရုဆလင်ဘုရင်၊ ဟေဗြုန်ဘုရင်၊ ယာမုတ်ဘုရင်၊ လာခိရှဘုရင်၊ ဧဂလုန်ဘုရင်တို့သည် သူတို့၏စစ်သည်အပေါင်းတို့နှင့်တကွ ပူးပေါင်းစစ်ချီကြ၏။ ဂိဗောင်မြို့အနီး၌ စခန်းချ၍ ဂိဗောင်မြို့ကို တိုက်ခိုက်ကြ၏။