“ဗိုလ်ခြေများ၏ရှင်ဘုရင်တို့သည် အလျင်အမြန်ထွက်ပြေးကြ၍ အိမ်၌နေရစ်သောအမျိုးသမီးတို့သည် လုယက်ပစ္စည်းများကို ခွဲဝေကြ၏။
ယောရှု 10:16 - မြန်မာ့စံမီသမ္မာကျမ်း ရှင်ဘုရင်ငါးပါးတို့မှာမူ ထွက်ပြေး၍ မက္ကဒါအရပ်ရှိ လိုဏ်ဂူထဲတွင် ပုန်းနေကြ၏။ Common Language Bible အာမောရိမင်းငါးပါးတို့သည်ကားလွတ် မြောက်၍ မက္ကဒါလိုဏ်ဂူထဲတွင်ပုန်းအောင်း လျက်ရှိကြ၏။- Garrad Bible ထို ဘု ရင် မင်း ငါး ပါး တို့ ပြေး၍၊ မ က္က ဒါ ဥမင်၌ ပုန်း နေ ကြ ရာ၊ Judson Bible မင်းကြီးငါးပါးတို့သည် ပြေး၍ မက္ကဒါလိုဏ်ခေါင်း၌ ပုန်းလျက်နေကြ၏။ |
“ဗိုလ်ခြေများ၏ရှင်ဘုရင်တို့သည် အလျင်အမြန်ထွက်ပြေးကြ၍ အိမ်၌နေရစ်သောအမျိုးသမီးတို့သည် လုယက်ပစ္စည်းများကို ခွဲဝေကြ၏။
သင်တို့သည် သိုးခြံထဲ၌အိပ်ကြရလျှင်ပင် ငွေဖြင့်ဖုံးအုပ်ထားသောချိုးငှက်၏ တောင်ပံများကဲ့သို့လည်းကောင်း၊ ရွှေဖြင့်တောက်ပလျက်ရှိသော ထိုငှက်၏အမွေးအတောင်များကဲ့သို့လည်းကောင်း ဖြစ်ကြ၏။”
မရဏာနိုင်ငံတိုင်အောင် တွင်းတူးလျှင်လည်း သူတို့ကို ထိုနေရာမှ ငါကိုယ်တိုင် ဆွဲထုတ်မည်။ ကောင်းကင်တိုင်အောင် တက်သွားလျှင်လည်း သူတို့ကို ထိုနေရာမှ ငါဆွဲချမည်။
သူတို့သည် မြွေကဲ့သို့ မြေမှုန့်ကိုလျက်ရလိမ့်မည်။ မြေကြီးပေါ်၌ တွားသွားသောသတ္တဝါကဲ့သို့ မိမိရဲတိုက်ထဲမှ တုန်တုန်ရီရီနှင့် ထွက်လာရလိမ့်မည်။ ငါတို့၏ဘုရားသခင်ထာဝရဘုရားရှေ့တော်၌ ကြောက်ရွံ့တုန်လှုပ်လျက်နေရလိမ့်မည်။ သင့်ကိုလည်း ကြောက်ရွံ့ကြလိမ့်မည်။
ယောရှုနှင့် အစ္စရေးစစ်သည်အပေါင်းတို့သည် မိမိတို့စခန်းချရာ ဂိလဂါလအရပ်သို့ ပြန်လာခဲ့ကြ၏။
“ရှင်ဘုရင်ငါးပါးသည် မက္ကဒါအရပ်ရှိလိုဏ်ဂူထဲ၌ ပုန်းနေသည်ကို တွေ့ပါပြီ”ဟု ယောရှုအား ကြားလျှောက်ကြသောအခါ
ထို့ကြောင့် အာမောရိဘုရင်ငါးပါးဖြစ်သော ဂျေရုဆလင်ဘုရင်၊ ဟေဗြုန်ဘုရင်၊ ယာမုတ်ဘုရင်၊ လာခိရှဘုရင်၊ ဧဂလုန်ဘုရင်တို့သည် သူတို့၏စစ်သည်အပေါင်းတို့နှင့်တကွ ပူးပေါင်းစစ်ချီကြ၏။ ဂိဗောင်မြို့အနီး၌ စခန်းချ၍ ဂိဗောင်မြို့ကို တိုက်ခိုက်ကြ၏။
ထိုအခါ ကမ္ဘာမြေကြီး၏ရှင်ဘုရင်များ၊ မှူးကြီးမတ်ရာများ၊ တပ်မှူးကြီးများ၊ ချမ်းသာသောသူများ၊ ခွန်အားကြီးသောသူများမှစ၍ ကျွန်နှင့်လွတ်လပ်သူရှိသမျှတို့သည် လိုဏ်ဂူတို့၌လည်းကောင်း၊ တောင်များပေါ်ရှိ ကျောက်ဆောင်တို့ကြား၌လည်းကောင်း ပုန်းအောင်းကြပြီးလျှင်
မိဒျန်လူမျိုးတို့သည် အစ္စရေးလူမျိုးတို့ကို ညှဉ်းဆဲကြ၏။ မိဒျန်လူမျိုးကြောင့် အစ္စရေးအမျိုးသားတို့သည် တောင်များတွင်ရှိသော တွင်းများ၊ လိုဏ်ဂူများတွင် ခိုလှုံစရာနေရာများ ပြုလုပ်ကြရ၏။
အစ္စရေးအမျိုးသားတို့သည် မိမိတို့၏စစ်သည် အပြင်းအထန်နှိမ်နင်းခံရ၍ ဒုက္ခရောက်နေသည်ကို သိမြင်လေ၏။ စစ်သည်တို့သည် လိုဏ်ဂူ၊ ဆူးချုံတော၊ ကျောက်ဆောင်၊ မြေတွင်းနှင့် လိုဏ်ခေါင်းများထဲ၌ ပုန်းအောင်းနေကြရလေ၏။
လမ်းဘေးရှိ သိုးခြံများရှိရာသို့ရောက်သောအခါ ရှောလုမင်းကြီးသည် အပေါ့အပါးသွားလိုသောကြောင့် ထိုနေရာရှိ လိုဏ်ဂူတစ်ခုသို့ ဝင်သွား၏။ ဒါဝိဒ်နှင့်သူ့နောက်လိုက်တို့သည် ထိုလိုဏ်ဂူအတွင်းပိုင်းထဲတွင် ရှိနေကြ၏။
ထို့နောက် ဒါဝိဒ်သည် လိုဏ်ဂူထဲမှထွက်လာပြီး “အကျွန်ုပ်၏သခင်၊ အရှင်မင်းကြီး”ဟု ရှောလုမင်းကြီး၏နောက်မှ အော်ခေါ်ရာ ရှောလုမင်းကြီးသည် နောက်သို့လှည့်ကြည့်လျှင် ဒါဝိဒ်သည် မြေပေါ်ပျပ်ဝပ်လျက် ဦးချလေ၏။