ငါသည် သွားနေသောလမ်းမှ ခြေလှမ်းလွဲခဲ့လျှင်၊ ငါ့စိတ်နှလုံးသည် မျက်စိအလိုနောက်သို့ လိုက်ခဲ့လျှင်၊ ငါ့လက်သည် အညစ်အကြေးစွန်းထင်းခဲ့လျှင်
ယောဘဝတ္တု။ 9:30 - မြန်မာ့စံမီသမ္မာကျမ်း ငါသည် နှင်းရည်ဖြင့် ရေချိုး၍ ငါ့လက်ကို ပြာရည်ဖြင့် စင်ကြယ်အောင်ဆေးကြောလျှင်လည်း Common Language Bible ငါ့ကိုယ်ကို မိုဃ်းပွင့်ရေနှင့်ဆေး၍၊ ငါ့လက်ကို ရှင်းရှင်းစင်ကြယ်စေသော်လည်း၊ Garrad Bible မိုး ပွင့် ရေ ဖြင့် ချိုး လျက်၊ လက် များ ကို စင် ကြယ် အောင် ဆေး သော် လည်း၊ Judson Bible ငါ့ကိုယ်ကို မိုးပွင့်ရေနှင့်ဆေး၍၊ ငါ့လက်ကို ရှင်းရှင်းစင်ကြယ်စေသော်လည်း၊ |
ငါသည် သွားနေသောလမ်းမှ ခြေလှမ်းလွဲခဲ့လျှင်၊ ငါ့စိတ်နှလုံးသည် မျက်စိအလိုနောက်သို့ လိုက်ခဲ့လျှင်၊ ငါ့လက်သည် အညစ်အကြေးစွန်းထင်းခဲ့လျှင်
‘ငါအပြစ်မပြုလျှင် ကိုယ်တော့်အဖို့ မည်သို့အကျိုးရှိမည်နည်း။ ငါ့အဖို့လည်း မည်သို့အကျိုးရှိမည်နည်း’ဟု သင်ဆို၏။
ကိုယ်တော်သည် ငါ့ကိုတွင်းထဲသို့ပစ်ချတော်မူမည်ဖြစ်၍ ငါ့အဝတ်တို့ပင် ငါ့ကိုစက်ဆုပ်ရွံရှာကြလိမ့်မည်။
အို ထာဝရဘုရား၊ အကျွန်ုပ်သည် အပြစ်ကင်းခြင်းထဲ၌ အကျွန်ုပ်၏လက်ကိုဆေးကြော၍ ကိုယ်တော်၏ယဇ်ပလ္လင်ကိုလှည့်ပတ်ကာ
အကျွန်ုပ်၏အပြစ်များမှ မျက်နှာတော်လွှဲ၍ အကျွန်ုပ်၏ဒုစရိုက်အားလုံးကို ပယ်ဖျက်တော်မူပါ။
မိမိကျူးလွန်သောအပြစ်များကို ဖုံးကွယ်ထားသောသူသည် ကြီးပွားမည်မဟုတ်။ ထိုအပြစ်များကိုဖော်ပြဝန်ခံ၍ စွန့်ပယ်သောသူမူကား ကရုဏာတော်ကိုခံစားရလိမ့်မည်။
သင်သည် သင့်ကိုယ်သင် ပြာရည်နှင့် မည်မျှဆေးကြောသည်ဖြစ်စေ၊ ဆပ်ပြာမည်မျှသုံးသည်ဖြစ်စေ သင်၏ဒုစရိုက်သည် ငါ့ရှေ့၌ စွန်းထင်းလျက်ရှိသည်”ဟု ဘုရားရှင်ထာဝရဘုရား မိန့်တော်မူ၏။
အို ဂျေရုဆလင်မြို့၊ ကယ်တင်ခြင်းခံရရန် ဆိုးညစ်သောသင်၏စိတ်နှလုံးကို သန့်ရှင်းစင်ကြယ်စေလော့။ ယုတ်ညံ့သောအကြံအစည်များကို သင့်စိတ်ထဲ၌ မည်မျှကြာအောင် ရှိနေစေမည်နည်း။
အကြောင်းမှာ သူတို့သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကိုမသိဘဲ မိမိ၏ဖြောင့်မတ်ခြင်းကိုတည်စေရန် ရှာကြံလျက် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို မနာခံသောကြောင့်ဖြစ်၏။
ငါတို့၌အပြစ်မရှိဟု ငါတို့ဆိုလျှင် ငါတို့သည် ကိုယ့်ကိုယ်ကိုယ်လှည့်ဖြားနေသည်ဖြစ်၍ သမ္မာတရားသည် ငါတို့၌မရှိ။