“မည်သည့်အချိန်ထိ ဤသို့ပြောနေဦးမည်နည်း။ သင့်နှုတ်ထွက်စကားများမှာ လေပြင်းကဲ့သို့ ဖြစ်ပါသည်တကား။
သင်သည် အဘယ်မျှကာလပတ်လုံး ဤသို့ပြောမည်နည်း။ သင်ပြောသောစကားသည် အဘယ်မျှကာလ ပတ်လုံး လေပြင်းကဲ့သို့ ဖြစ်မည်နည်း။
သင် သည် ထို သို့ ကြား ပြော၍၊ လေ ပြင်း ကဲ့ သို့ သော စ ကား များ ကို၊ မည် မျှ ကြာ နှုတ် မြွက် မည် နည်း။
သင်သည် အဘယ်မျှကာလပတ်လုံး ဤသို့ပြောမည်နည်း။ သင်ပြောသောစကားသည် အဘယ်မျှကာလပတ်လုံး လေပြင်းကဲ့သို့ ဖြစ်မည်နည်း။
ထိုအခါ ကိုယ်တော်က “တောင်ပေါ်သို့သွား၍ ထာဝရဘုရားရှေ့တော်တွင် ရပ်နေလော့”ဟု သူ့အား မိန့်တော်မူ၏။ ထာဝရဘုရားဖြတ်လျှောက်တော်မူလျှင် ပြင်းထန်သောလေအဟုန်ကြောင့် တောင်များအက်ကွဲကုန်၏။ ထာဝရဘုရားရှေ့မှောက်တွင် ကျောက်များကျိုးပဲ့ကုန်၏။ သို့သော် ထာဝရဘုရားသည် လေထဲ၌ ရှိတော်မမူ။ လေတိုက်ပြီးမှ ငလျင်လှုပ်၏။ သို့သော် ထာဝရဘုရားသည် ငလျင်ထဲတွင်လည်း ရှိတော်မမူ။
“ပညာရှိသောသူသည် အသိပညာမဲ့သောအချည်းနှီးစကားဖြင့် ပြန်ပြောသင့်သလော။ သူ၏ဝမ်းစာကို အရှေ့လေဖြင့် ဖြည့်သင့်သလော။
အဓိပ္ပာယ်မဲ့သောစကားများမှာ မပြီးဆုံးနိုင်သေးသလော။ မည်သည့်အရာက သင့်ကို နှိုးဆော်၍ ဤသို့ပြန်ပြောရသနည်း။
“မည်သည့်အချိန်မှ သင်တို့စကားဆုံးမည်နည်း။ ဆင်ခြင်သုံးသပ်ပြီးမှ ငါတို့စကားပြောကြမည်။
မျှော်လင့်ရာမဲ့သောဤလူ၏စကားမှာ လေသက်သက်သာဖြစ်သည်ဟု ထင်မှတ်၍ သင်တို့သည် ထိုစကားတို့ကို ပြစ်တင်ရှုတ်ချနေကြသလော။
ဘုရားသခင်သည် ငါ့ကို အမှုန့်ချေပစ်ဖို့ရန် အလိုတော်ရှိပါစေသော။ လက်တော်ကိုဆန့်၍ ငါ့ကို ကွပ်မျက်ပါစေသော။
ထို့ကြောင့် ငါသည် နှုတ်ဆိတ်၍မနေနိုင်ပါ။ နာကြည်းသောစိတ်ဖြင့် ငါပြောမည်။ ခါးသီးသောစိတ်ဝိညာဉ်ဖြင့် ငါညည်းတွားမည်။
ထိုအခါ ရှုအာအမျိုးသား ဗိလဒဒ်က
မောရှေနှင့်အာရုန်တို့သည်လည်း ဖာရောမင်းကြီးထံသို့ဝင်၍ “ဟေဗြဲလူမျိုးတို့၏ဘုရားသခင်ထာဝရဘုရားက ‘သင်သည် ငါ့ရှေ့၌ ကိုယ့်ကိုယ်ကိုယ် မနှိမ့်ချဘဲ မည်မျှကြာအောင်တင်းခံနေမည်နည်း။ ငါ၏လူမျိုးတော်သည် ငါ့ကိုဝတ်ပြုရန် သူတို့ကိုလွှတ်လော့။
ဖာရောမင်းကြီး၏အမှုထမ်းတို့ကလည်း “ဤသူသည် အကျွန်ုပ်တို့ကို မည်မျှကြာအောင် စိတ်အနှောင့်အယှက်ပေးနေဦးမည်နည်း။ သူတို့၏ဘုရားသခင်ထာဝရဘုရားအား ဝတ်ပြုရန် ယောက်ျားသားများကိုလွှတ်ပေးလိုက်ပါ။ အီဂျစ်ပြည်ပျက်စီးနေသည်ကို အရှင်မသိသလော”ဟု ဖာရောမင်းကြီးအား လျှောက်ကြ၏။
“အသိဉာဏ်နည်းပါးသောသူတို့သည် အသိဉာဏ်နည်းပါးခြင်းကိုနှစ်သက်လျက်၊ ပြက်ရယ်ပြုတတ်သောသူတို့သည် မိမိတို့၏ပြက်ရယ်ပြုခြင်း၌မွေ့လျော်လျက်၊ မိုက်မဲသောသူတို့သည် အသိပညာကိုမုန်းတီးလျက် မည်မျှကြာအောင်နေကြဦးမည်နည်း။
ပရောဖက်တို့၏စကားသည် လေသက်သက်ဖြစ်၏။ သူတို့သည် ဗျာဒိတ်ရသည်မဟုတ်။ သူတို့ပြောသည့်အတိုင်း သူတို့၌ ဖြစ်ပါစေ”ဟု ဆိုတတ်ကြ၏။