အဆင်းလှ၍ဆူဖြိုးသောနွားမခုနစ်ကောင်သည် နိုင်းမြစ်မှတက်လာ၍ ကျူတော၌ကျက်စားနေကြ၏။
ယောဘဝတ္တု။ 8:11 - မြန်မာ့စံမီသမ္မာကျမ်း ရွှံ့နွံမရှိဘဲ ကျူပင်ကြီးပေါက်နိုင်မည်လော။ ရေမရှိဘဲ ကျူတောထူထပ်နိုင်မည်လော။ Common Language Bible ဂမာပင်သည် ရွံ့မရှိဘဲကြီးပွားနိုင်သလော။ မြစ်နားမှာ ပေါက်သောမြက်ပင်သည် ရေမရှိဘဲ ကြီးပွား နိုင်သလော။ Garrad Bible ကြိမ် ပင် သည် စိမ့် မ ရှိ ဘဲ ပေါက် နိုင် သ လော။ ကိုင်း ပင် သည် ရေ မ ရှိ ဘဲ ကြီး ပွား နိုင် သ လော။ Judson Bible ဂမာပင်သည် ရွှံ့မရှိဘဲ ကြီးပွားနိုင်သလော။ မြစ်နားမှာ ပေါက်သောမြက်ပင်သည် ရေမရှိဘဲ ကြီးပွားနိုင်သလော။ |
အဆင်းလှ၍ဆူဖြိုးသောနွားမခုနစ်ကောင်သည် နိုင်းမြစ်မှတက်လာ၍ ကျူတော၌ကျက်စားနေကြ၏။
သူတို့သည် သင့်ကို မသွန်သင်၊ မပြောပြဘဲနေမည်လော။ သူတို့နှလုံးသားထဲမှစကားများကိုလည်း ထုတ်ဖော်မပြောဘဲနေမည်လော။
ထိုအပင်သည် ခုတ်ပစ်ခြင်းကိုမခံရ၊ စိမ်းစိုလျက်ရှိနေစဉ်မှာပင် အခြားအပင်တို့ထက်အလျင် ခြောက်သွေ့သွားတတ်၏။
ထို့နောက်တွင် မိခင်သည် သူ့ကိုဝှက်မထားနိုင်တော့သဖြင့် ကျူရိုးဖြင့်ရက်လုပ်ထားသောဖာတောင်းကိုယူ၍ ကတ္တရာစေးနှင့်သစ်စေးတို့ဖြင့် သုတ်လိမ်းပြီးလျှင် သူငယ်ကို ထိုဖာတောင်းထဲ၌ထည့်ပြီး နိုင်းမြစ်ကမ်းစပ်တွင်ရှိသော ကျူတောထဲ၌ထားလေ၏။