‘အသက်ကြီးသူသည် ပြောဆိုသင့်၏၊ နှစ်ပေါင်းများစွာအသက်ရှင်ခဲ့သူသည် ဉာဏ်ပညာအကြောင်းကို သွန်သင်ပေးသင့်၏’ဟု အကျွန်ုပ်တွေးမိပါ၏။
ယောဘဝတ္တု။ 8:10 - မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် သင့်ကို မသွန်သင်၊ မပြောပြဘဲနေမည်လော။ သူတို့နှလုံးသားထဲမှစကားများကိုလည်း ထုတ်ဖော်မပြောဘဲနေမည်လော။ Common Language Bible ထိုသူတို့မူကား၊ သင့်ကိုဆုံးမသွန်သင်၍ မိမိတို့ စိတ်နှလုံးထဲက မြွက်ဆိုကြလိမ့်မည်။ Garrad Bible ထို သူ တို့ သည် သင့် အား ပြော ဆို ညွှန် ပြ လျက်၊ နှ လုံး ထွက် စ ကား များ ကို ပြန် ကြား မည် မ ဟုတ် လော။ Judson Bible ထိုသူတို့မူကား၊ သင့်ကိုဆုံးမသွန်သင်၍ မိမိတို့စိတ်နှလုံးထဲက မြွက်ဆိုကြလိမ့်မည်။ |
‘အသက်ကြီးသူသည် ပြောဆိုသင့်၏၊ နှစ်ပေါင်းများစွာအသက်ရှင်ခဲ့သူသည် ဉာဏ်ပညာအကြောင်းကို သွန်သင်ပေးသင့်၏’ဟု အကျွန်ုပ်တွေးမိပါ၏။
ရွှံ့နွံမရှိဘဲ ကျူပင်ကြီးပေါက်နိုင်မည်လော။ ရေမရှိဘဲ ကျူတောထူထပ်နိုင်မည်လော။
အကြောင်းမူကား ငါတို့သည် မနေ့တနေ့ကမှ လူဖြစ်လာသဖြင့် ဘာမျှမသိနားမလည်ကြပါ။ ကမ္ဘာမြေပေါ်တွင် ငါတို့၏နေ့ရက်များသည် အရိပ်မျှသာဖြစ်ပါ၏။
မျိုးဆက်တစ်ဆက်သည် နောက်မျိုးဆက်တစ်ဆက်အား ကိုယ်တော်ပြုတော်မူသောအမှုတို့ကို ထောမနာပြုပြောဆိုပါလိမ့်မည်။ ကိုယ်တော်၏အစွမ်းတန်ခိုးတော်များ အကြောင်းကိုလည်း ပြောကြားပါလိမ့်မည်။
ပညာရှိသောသူ၏စိတ်နှလုံးသည် မိမိနှုတ်ကိုပညာသတိရှိစေ၍ မိမိနှုတ်ခမ်းတွင် ပညာကိုတိုးပွားစေတတ်၏။
အသိဉာဏ်ရှိသောသူ၏စိတ်နှလုံးသည် အသိပညာကိုဆည်းပူးတတ်၏။ ပညာရှိသောသူတို့၏နားသည်လည်း အသိပညာကိုရှာဖွေတတ်၏။
ကောင်းသောသူသည် ကောင်းသောအရာများကို ကောင်းသောဘဏ္ဍာတိုက်ထဲမှ ထုတ်ဖော်တတ်၏။ မကောင်းသောသူသည်လည်း မကောင်းသောအရာများကို မကောင်းသောဘဏ္ဍာတိုက်ထဲမှ ထုတ်ဖော်တတ်၏။
သင်တို့၏သားသမီးတို့အား သင်ကြားပေးရမည်။ သင်သည် အိမ်၌နေသည်ဖြစ်စေ၊ လမ်းလျှောက်နေသည်ဖြစ်စေ၊ အိပ်နေသည်ဖြစ်စေ၊ ထလျက်နေသည်ဖြစ်စေ ပြောကြားရမည်။
သင်တို့၏သားသမီးတို့အား ကြိုးစားသွန်သင်ရမည်။ သင်တို့သည် အိမ်၌နေသည်ဖြစ်စေ၊ လမ်းလျှောက်နေသည်ဖြစ်စေ၊ အိပ်နေသည်ဖြစ်စေ၊ ထလျက်နေသည်ဖြစ်စေ ပြောကြားရမည်။
ယုံကြည်ခြင်းအားဖြင့် အာဗေလသည် ကာဣနထက် မြတ်သောယဇ်ကို ဘုရားသခင်အားပူဇော်ခဲ့ပြီး ထိုယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်သောသူအဖြစ် အသိအမှတ်ပြုခြင်းခံရ၏။ အကြောင်းမူကား ဘုရားသခင်သည် သူ၏ပူဇော်သက္ကာများကို အသိအမှတ်ပြုတော်မူ၏။ သူသည် သေလွန်သော်လည်း ထိုယုံကြည်ခြင်းအားဖြင့် ယခုတိုင်အောင် စကားပြောနေသေး၏။
ထို့ကြောင့် ဤမျှလောက်များပြားသောသက်သေတို့သည် ငါတို့ကိုဝိုင်းရံလျက်ရှိသည်ဖြစ်၍ ငါတို့သည် လေးသောဝန်နှင့် အလွယ်တကူငြိတွယ်တတ်သည့်သဘောရှိသော အပြစ်ရှိသမျှတို့ကို ဖယ်ရှားလျက် ငါတို့ရှေ့၌ပြင်ဆင်ထားသောပြေးပွဲကို ဇွဲလုံ့လဖြင့်ပြေးကြကုန်စို့။