ယောဘဝတ္တု။ 6:13 - မြန်မာ့စံမီသမ္မာကျမ်း ငါသည် ကိုယ့်ကိုယ်ကိုယ် မကယ်နိုင်။ ဉာဏ်ပညာသည် ငါ့ထံမှ ထွက်သွားလေပြီတကား။ Common Language Bible ငါသည်ကိုယ်ကိုမမစနိုင်။ ငါ့ဥာဏ်လည်းကုန်ပြီ။ Garrad Bible ငါ၏ အ ဇ္စျ တ္တ၌ အ မှီ တ ကဲ ပျက် လျက်၊ အ မျှော် အ မြင် ပ ညာ ကို လည်း နှင် ထုတ် ပြီး မ ဟုတ် လော။ Judson Bible ငါသည် ကိုယ်ကိုမ မစနိုင်။ ငါ့ဉာဏ်လည်း ကုန်ပြီ။ |
အကယ်စင်စစ် ကိုယ်တော်သည် ငါ့ကို အားအင်ကုန်ခန်းစေတော်မူပြီ။ ငါ့မိသားစုအသိုက်အမြုံအားလုံးကို ဖျက်ဆီးတော်မူပြီ။
သင်တို့က ‘သူ့ကို ငါတို့ မည်သို့ညှဉ်းဆဲရမည်နည်း’ဟု ဆိုကြလျှင်လည်း ပြဿနာအရင်းအမြစ်သည် ငါ၌သာရှိ၏။
“ခွန်အားမဲ့သောသူကို သင်မည်သို့ကူညီလိုက်သနည်း။ လက်ရုံးအားမရှိသောသူကို သင်မည်သို့ထောက်မလိုက်သနည်း။
ဉာဏ်ပညာမရှိသောသူကို သင်မည်သို့အကြံပေးလိုက်သနည်း။ ကိုယ့်အတတ်ပညာကို ကိုယ်အစွမ်းကုန်ပြသလိုက်ပါပြီတကား။
ငါတို့၏ဝါကြွားစရာအကြောင်းမှာ ဤသို့ဖြစ်၏။ ငါတို့သည် လောက၌၊ အထူးသဖြင့် သင်တို့ရှေ့မှောက်၌ လောကီဉာဏ်ပညာကိုအမှီမပြုဘဲ ဘုရားသခင်၏ကျေးဇူးတော်ကိုသာ အမှီပြုလျက် ဘုရားသခင်ထံမှလာသော ရိုးသားဖြူစင်ခြင်းတို့ဖြင့် အသက်ရှင်နေထိုင်ခဲ့ကြောင်း ငါတို့၏အသိစိတ်သည် သက်သေခံ၏။
လူတိုင်း မိမိပြုသောအမှုကို စစ်ဆေးပါစေ။ သို့ပြုလျှင် သူတစ်ပါး၌မဟုတ်ဘဲ မိမိတစ်ကိုယ်တည်း၌ ဂုဏ်ယူဝါကြွားစရာအကြောင်းရှိလိမ့်မည်။