တောကန္တာရဘက်မှ လေပြင်းမုန်တိုင်းသည် လေးဘက်လေးတန်မှတိုက်လာသဖြင့် ထိုလုလင်တို့အပေါ်သို့ အိမ်ပြိုကျပြီး သူတို့သေကုန်ကြပါပြီ။ အကျွန်ုပ်တစ်ဦးတည်းသာ လွတ်မြောက်လာသဖြင့် အရှင့်ထံ လာရောက်ကြားလျှောက်ပါသည်”ဟု ဆို၏။
ယောဘဝတ္တု။ 5:4 - မြန်မာ့စံမီသမ္မာကျမ်း သူ့သားသမီးတို့သည် လုံခြုံမှုနှင့် ကင်းဝေး၏။ မြို့တံခါး၌ ညှဉ်းဆဲခံနေရသည်ကိုပင် ကယ်နုတ်မည့်သူမရှိ။ Common Language Bible သူ၏သားသမီးတို့သည် ဘေးလွတ်ရာအရပ်နှင့် ဝေးကြ၏။ ရုံးတော်ရှေ့၌ ညှဉ်းဆဲခြင်းကို ခံရသောအခါ ကယ်နှုတ်သောသူ တယောက်မျှမရှိ။ Garrad Bible ထို သူ၏ သား သ မီး တို့ သည်၊ လုံ ခြုံ ရာ နှင့် ဝေး ကွာ၍၊ ကယ် လွှတ် သူ ကင်း လျက်၊ မြို့ တံ ခါး ဝ တွင် နှိပ် စက် ဒဏ် ကို ခံ ရ ကြ၏။ Judson Bible သူ၏သားသမီးတို့သည် ဘေးလွတ်ရာအရပ်နှင့် ဝေးကြ၏။ ရုံးတော်ရှေ့၌ ညှဉ်းဆဲခြင်းကိုခံရသောအခါ ကယ်နုတ်သောသူ တစ်ယောက်မျှမရှိ။ |
တောကန္တာရဘက်မှ လေပြင်းမုန်တိုင်းသည် လေးဘက်လေးတန်မှတိုက်လာသဖြင့် ထိုလုလင်တို့အပေါ်သို့ အိမ်ပြိုကျပြီး သူတို့သေကုန်ကြပါပြီ။ အကျွန်ုပ်တစ်ဦးတည်းသာ လွတ်မြောက်လာသဖြင့် အရှင့်ထံ လာရောက်ကြားလျှောက်ပါသည်”ဟု ဆို၏။
အကျွန်ုပ်သည် ဆိုးယုတ်သောသူမဟုတ်ကြောင်းကိုလည်းကောင်း၊ အကျွန်ုပ်ကို ကိုယ်တော့်လက်မှ ကယ်နုတ်မည့်သူမရှိကြောင်းကိုလည်းကောင်း ကိုယ်တော်သိတော်မူပါ၏။
သူ့သားသမီးတို့သည် ဆင်းရဲသားတို့၏အလိုကိုလိုက်ရလိမ့်မည်။ သူ၌ရှိသောစည်းစိမ်ဥစ္စာများကိုလည်း သူ့လက်ဖြင့် ပြန်ပေးရလိမ့်မည်။
သူ၌ သားသမီးများစွာရှိလျှင်လည်း ဓားစာသာ ဖြစ်သွားမည်။ သူ့သားမြေးတို့သည်လည်း ဘယ်သောအခါမျှ အစာရေစာလုံလောက်မည်မဟုတ်။
သင့်သားသမီးတို့သည် ကိုယ်တော့်ကိုပြစ်မှားလျှင် သူတို့ကျူးလွန်သောအပြစ်လက်ထဲသို့ သူတို့ကိုအပ်တော်မူမည်သာဖြစ်၏။
ဆိုးယုတ်သောသူတို့သည် ကိုယ်တော်၏ပြဋ္ဌာန်းချက်တို့ကို မရှာမှီးကြသောကြောင့် ကယ်တင်ခြင်းသည် သူတို့နှင့်ဝေးပါ၏။
မိမိ၏မြားကျည်တောက်ကို ထိုမြားတို့နှင့်ပြည့်စေသောသူသည် မင်္ဂလာရှိ၏။ သူသည် တံခါးဝ၌ ရန်သူများနှင့်ရင်ဆိုင်ပြောဆိုသောအခါ အရှက်ကွဲရလိမ့်မည်မဟုတ်။
သို့မဟုတ်လျှင် ကယ်နုတ်သူမရှိစဉ် သူတို့သည် ခြင်္သေ့ကဲ့သို့ အကျွန်ုပ်၏စိတ်ဝိညာဉ်ကိုဆုတ်ဖြဲ၍ အပိုင်းပိုင်းကိုက်ဖြတ်ကြလိမ့်မည်။
ထိုအရာတို့ကို မပျပ်ဝပ်မကိုးကွယ်ရ။ အကြောင်းမူကား သင်၏ဘုရားသခင် ငါထာဝရဘုရားသည် သဝန်တိုတတ်သောဘုရား၊ ငါ့ကိုမုန်းသောသူတို့၏မျိုးဆက် တတိယအဆက်၊ စတုတ္ထအဆက်တိုင်အောင် ဖခင်တို့၏အပြစ်အတွက် သားမြေးတို့ကို ဒဏ်ခတ်သောဘုရား၊
ဆိုးမိုက်သောသူအတွက် ဉာဏ်ပညာသည် မြင့်မားလွန်း၏။ သူသည် မြို့တံခါး၌ မိမိနှုတ်ကိုမဖွင့်ပေ။
သင်တို့သည် အပြစ်များစွာကျူးလွန်ပြီး အပြစ်ကြီးလေးကြောင်းကို ငါသိ၏။ ဖြောင့်မတ်သောသူကို ညှဉ်းဆဲပြီး လာဘ်စား၏။ နွမ်းပါးသူတို့ကိုလည်း မြို့တံခါးဝတွင် မတရားစီရင်ကြ၏။
လူသတ်သမားသည် ထိုမြို့များထဲမှ တစ်မြို့မြို့သို့ ပြေးသွားသောအခါ မြို့တံခါးအဝင်ဝ၌ရပ်၍ ထိုမြို့၏သက်ကြီးဝါကြီးတို့အား မိမိအမှုကိစ္စများကို ပြောပြရမည်။ အကြီးအကဲတို့သည် လူသတ်သမားကို မြို့ထဲသို့ခေါ်သွား၍ နေရာချပေးရမည်။ သူတို့နှင့်အတူ နေထိုင်စေရမည်။