ငါသည် သင်၏သားစဉ်မြေးဆက်ကို မြေမှုန့်ကဲ့သို့များပြားစေမည်။ သို့ဖြစ်၍ တစ်စုံတစ်ယောက်သည် မြေမှုန့်ကိုရေတွက်နိုင်လျှင် သင်၏သားစဉ်မြေးဆက်ကိုလည်း ရေတွက်နိုင်လိမ့်မည်။
ယောဘဝတ္တု။ 5:25 - မြန်မာ့စံမီသမ္မာကျမ်း သင့်သားသမီး များပြား၍ သင့်သားမြေးများသည်လည်း မြေပေါ်ပေါက်သောမြက်ပင်ကဲ့သို့ များပြားသည်ကို သင်သိရလိမ့်မည်။ Common Language Bible သင်၌သားသမီးများပြား၍၊ သင့်အမျိုးအနွယ်သည် မြေပေါ်မှာ မြက်ပင်နှင့်အမျှ ဖြစ်ကြောင်းကို တွေ့မြင်ရလိမ့်မည်။ Garrad Bible သင် မှ ဆင်း သက် သော အ မျိုး အ နွယ် လည်း မြက် တော ကဲ့ သို့ စည်း ကား မည် ကို သိ ရ လ တ္တံ့။ Judson Bible သင်၌ သားသမီးများပြား၍၊ သင့်အမျိုးအနွယ်သည် မြေပေါ်မှာ မြက်ပင်နှင့်အမျှ ဖြစ်ကြောင်းကို တွေ့မြင်ရလိမ့်မည်။ |
ငါသည် သင်၏သားစဉ်မြေးဆက်ကို မြေမှုန့်ကဲ့သို့များပြားစေမည်။ သို့ဖြစ်၍ တစ်စုံတစ်ယောက်သည် မြေမှုန့်ကိုရေတွက်နိုင်လျှင် သင်၏သားစဉ်မြေးဆက်ကိုလည်း ရေတွက်နိုင်လိမ့်မည်။
ထို့နောက် ကိုယ်တော်သည် သူ့ကို အပြင်သို့ခေါ်ဆောင်သွားပြီးလျှင် “မိုးကောင်းကင်ကိုမော့ကြည့်လော့။ ကြယ်များကို ရေတွက်နိုင်လျှင် ရေတွက်လော့”ဟု မိန့်တော်မူ၏။ တစ်ဖန် ကိုယ်တော်က “သင်၏သားစဉ်မြေးဆက်သည် ထိုသို့ဖြစ်လိမ့်မည်”ဟု သူ့အားမိန့်တော်မူ၏။
သူ၏သားမြေးစဉ်ဆက်တို့သည် ကမ္ဘာမြေကြီးပေါ်တွင်ခွန်အားကြီးသောသူဖြစ်ကြလိမ့်မည်။ ဖြောင့်မှန်သောသူ၏မျိုးဆက်သည် ကောင်းချီးမင်္ဂလာကိုခံစားရလိမ့်မည်။
ပြည်တော်၌ များစွာသောဂျုံစပါးရှိ၍ တောင်များပေါ်၌ယိမ်းနွဲ့လျက်ရှိကြပါစေသော။ ၎င်း၏အသီးအနှံတို့သည် လက်ဘနွန်ကဲ့သို့ ဖြစ်ကြပါစေသော။ လူတို့သည် တော၌ရှိသောမြက်ပင်များကဲ့သို့ မြို့ရွာတွင် ရှင်သန်ကြပါစေသော။
သင်၏အမျိုးအနွယ်သည် သဲပွင့်ကဲ့သို့ များပြားမည်။ သင်၏သားမြေးတို့သည် သဲလုံးကဲ့သို့ များပြားမည်။ သူတို့၏အမည်သည် ငါ့ရှေ့မှောက်မှ ပယ်ဖျက်ခြင်းခံရမည်မဟုတ်။ ဖျောက်ဖျက်ခြင်းခံရမည်မဟုတ်”ဟု မိန့်တော်မူ၏။
ငါသည် သင်တို့ကို ကြည့်ရှုမည်။ သင်တို့ကို တိုးပွားများပြားစေမည်။ သင်တို့နှင့်ဖွဲ့ခဲ့သောငါ၏ပဋိညာဉ်ကို ငါတည်စေမည်။
သင့်သားသမီး၊ သင့်မြေ၏အသီးအနှံ၊ သင့်တိရစ္ဆာန်၏သားပေါက်များဖြစ်သည့် သင့်နွားသားပေါက်များ၊ သင့်သိုးဆိတ်သားပေါက်များသည် ကောင်းချီးခံစားရမည်။