သူနှင့်မဆိုင်သောသတ္တဝါတို့သည် သူ့တဲ၌နေထိုင်ကြလိမ့်မည်။ သူ့နေရာကို ကန့်မှုန့်များဖြင့် ကြဲထားလိမ့်မည်။
ယောဘဝတ္တု။ 5:24 - မြန်မာ့စံမီသမ္မာကျမ်း သင်၏တဲသည် ငြိမ်းချမ်းလျက်ရှိကြောင်း သင်သိရလိမ့်မည်။ သင်နေထိုင်ရာအရပ်ကို စစ်ဆေးကြည့်လျှင်လည်း တစ်စုံတစ်ရာမျှ ပျောက်ဆုံးလိမ့်မည်မဟုတ်။ Common Language Bible သင်သည်ကိုယ်အိမ်၌ ငြိမ်သက်ခြင်းရှိကြောင်းကို တွေ့၍ ကိုယ်နေရာအရပ်သို့ပြန်ရောက်သောအခါ စိတ်ပျက်စရာအကြောင်းမရှိရ။ Garrad Bible ကိုယ့် တဲ လုံ ခြုံ သည် ကို သိ မှတ်၍၊ လယ် ယာ စား ကျက် များ ကို ရှု ကြည့် ရာ၊ မည် သည် မျှ မ ပျောက် မ ဆုံး ချေ။ Judson Bible သင်သည် ကိုယ်အိမ်၌ ငြိမ်သက်ခြင်းရှိကြောင်းကို တွေ့၍ ကိုယ်နေရာအရပ်သို့ ပြန်ရောက်သောအခါ စိတ်ပျက်စရာအကြောင်း မရှိရ။ |
သူနှင့်မဆိုင်သောသတ္တဝါတို့သည် သူ့တဲ၌နေထိုင်ကြလိမ့်မည်။ သူ့နေရာကို ကန့်မှုန့်များဖြင့် ကြဲထားလိမ့်မည်။
ဤသည်ကား ဒုစရိုက်သမားတို့နေထိုင်ရာ၊ ဘုရားကိုမသိသောသူတို့နေရာဖြစ်၏”ဟု ဆိုလေ၏။
သူ၏တဲရှိအလင်းသည် မှောင်မိုက်ဖြစ်လိမ့်မည်။ သူ၏ဘေးရှိမီးခွက်သည်လည်း ငြိမ်းသွားလိမ့်မည်။
သင်သာ သန့်ရှင်းဖြောင့်မတ်မည်ဆိုလျှင် ယခုပင် ကိုယ်တော်သည် ထ၍ သင်၏ဖြောင့်မတ်ခြင်းတည်ရာကို ပြန်ပေးတော်မူမည်။
အချို့တို့သည် တောကန္တာရထဲ၌ ကန္တာရလမ်းတွင် လှည့်လည်သွားလာကြပြီး မိမိတို့နေထိုင်ရန်မြို့ကို ရှာမတွေ့ကြချေ။
ကိုယ်တော်သည် မင်းအရာရှိတို့ကို မထီမဲ့မြင်ပြုခြင်းခံရစေ၍ သူတို့ကို လမ်းမရှိသော လွင်တီးခေါင်အရပ်၌ လှည့်လည်သွားလာစေတော်မူ၏။
သူ၏အိမ်၌ စည်းစိမ်ဥစ္စာရှိ၏။ သူ၏ဖြောင့်မတ်ခြင်းသည်လည်း ထာဝရတည်လိမ့်မည်။
သူ၏စိတ်ဝိညာဉ်သည် ကောင်းမွန်စွာနေထိုင်ရ၍ သူ၏သားစဉ်မြေးဆက်တို့သည် ပြည်တော်ကိုအမွေဆက်ခံရကြလိမ့်မည်။
ဘေးအန္တရာယ်သည် သင့်အပေါ်သို့ ကျရောက်မည်မဟုတ်။ ဘေးဒဏ်သည်လည်း သင်၏တဲအနီးသို့ ချဉ်းကပ်မည်မဟုတ်။
သင်သည် သွား၍ အစ္စရေးသက်ကြီးဝါကြီးတို့ကိုစုဝေးစေပြီးလျှင် သူတို့အား ‘သင်တို့ဘိုးဘေးတို့၏ဘုရား၊ အာဗြဟံ၊ ဣဇက်၊ ယာကုပ်တို့၏ဘုရားတည်းဟူသော ထာဝရဘုရားသည် ငါ့အား ကိုယ်ထင်ရှားပြတော်မူလျက် “ငါသည် သင်တို့ကိုလည်းကောင်း၊ အီဂျစ်ပြည်တွင် သင်တို့၌ဖြစ်ပျက်သောအရာကိုလည်းကောင်း အမှန်ပင် အကြည့်အရှုကြွလာပြီ။
ဒါဝိဒ်နှင့်သူ့နောက်လိုက်တို့ မြို့သို့ပြန်ရောက်ချိန်တွင် မြို့မှာ မီးရှို့ဖျက်ဆီးထားခြင်းခံရသည်ကို တွေ့ရှိရ၏။ သူတို့၏ဇနီးနှင့် သားသမီးတို့ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားပြီဖြစ်သောကြောင့်