သင်သည် ဘုရားသခင်၏လျှို့ဝှက်နက်နဲသောအရာကို ရှာတွေ့နိုင်မည်လော။ အနန္တတန်ခိုးရှင်၏ပကတိအဖြစ်တော်ကို တွေ့ရှိနိုင်မည်လော။
ယောဘဝတ္တု။ 42:3 - မြန်မာ့စံမီသမ္မာကျမ်း ‘အသိဉာဏ်မရှိဘဲ အကြံအစည်တော်ကို မျက်ကွယ်ပြုသူကား မည်သူနည်း’ဟု ကိုယ်တော်မေးတော်မူပါ၏။ မှန်ပါ၏။ အကျွန်ုပ်နားမလည်သောအရာ၊ အကျွန်ုပ်အတွက် အံ့မခန်းဖြစ်သောအရာ၊ အကျွန်ုပ်မသိနိုင်သောအရာများကို ပြောဆိုမိပါပြီ။ Common Language Bible ပညာမရှိဘဲ အကြံအစည်တော်ကိုမိုက်စေသော သူကားအဘယ်သူနည်း။ သို့ရာတွင် အကျွန်ုပ်သည် နားမလည်သောအရာတို့ကို၎င်း၊ ကိုယ်တိုင်မသိ၊ အံ့ဩ၍ မကုန်နိုင်သော အရာတို့ကို၎င်း ပြောမိပါပြီ။ Garrad Bible အ ကြံ အ စည် တော် ကို၊ အ သိ ပ ညာ မဲ့ မိုက် မှောင် စေ သူ ကား၊ မည် သူ နည်း ဟူ၍လည်း ကောင်း။ ငါ့ မိန့် ဆို ချက် ကို နား ထောင် လော့၊ ငါ မေး မြန်း သည့် အ တိုင်း၊ ဖြေ ဆို လော့ ဟူ၍လည်း ကောင်း၊ မိန့် တော် မူ ရာ၊ မ သိ မ မြင်၊ နား မ လည် သော အ ခြင်း အ ရာ၊ ကိုယ် နှင့် မ တန် အံ့ ဖွယ် ရာ များ ကို၊ အ ကျွန်ုပ် ပြော မိ ပါ ပြီ။ Judson Bible ပညာမရှိဘဲ အကြံအစည်တော်ကို မိုက်စေသောသူကား အဘယ်သူနည်း။ သို့ရာတွင် အကျွန်ုပ်သည် နားမလည်သော အရာတို့ကိုလည်းကောင်း၊ ကိုယ်တိုင်မသိ၊ အံ့ဩ၍မကုန်နိုင်သော အရာတို့ကိုလည်းကောင်း ပြောမိပါပြီ။ |
သင်သည် ဘုရားသခင်၏လျှို့ဝှက်နက်နဲသောအရာကို ရှာတွေ့နိုင်မည်လော။ အနန္တတန်ခိုးရှင်၏ပကတိအဖြစ်တော်ကို တွေ့ရှိနိုင်မည်လော။
စင်စစ် ဤအရာအားလုံးကို ငါ့မျက်စိဖြင့်မြင်ရပြီ၊ ငါ့နားဖြင့်ကြားရ၍ နားလည်ပြီ။
“ပညာမဲ့သောစကားများဖြင့် ငါ့အကြံအစည်ကို မှောင်မိုက်စေသော ဤသူကား မည်သူနည်း။
ကိုယ်တော်သည် ကြီးမြတ်သောအမှု၊ စစ်၍မကုန်နိုင်သောအမှု၊ မရေတွက်နိုင်သောအံ့ဖွယ်အမှုတို့ကို ပြုတော်မူ၏။
အို ထာဝရဘုရား၊ အကျွန်ုပ်သည် ဘဝင်မြင့်ခြင်းမရှိပါ။ မျက်နှာထောင်လွှားခြင်းလည်းမရှိပါ။ ကြီးမား၍ အကျွန်ုပ်အတွက် အံ့မခန်းဖြစ်ရသောအမှုများနှင့် ပတ်သက်ခြင်းလည်းမရှိပါ။
ထိုသို့သောအသိပညာသည် အကျွန်ုပ်အတွက်အံ့ဩဖွယ်ကောင်းလွန်းပါ၏။ မြင့်မားလှသည်ဖြစ်၍ အကျွန်ုပ်မမီနိုင်ပါ။
အို အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်ပြုတော်မူသောအမှုတည်းဟူသော ကိုယ်တော်၏အံ့ဖွယ်သောအမှုများနှင့် အကျွန်ုပ်တို့အတွက် ကိုယ်တော်၏အကြံအစည်များသည် များပြားလှပါ၏။ ကိုယ်တော်နှင့်နှိုင်းယှဉ်ရမည့်သူမရှိပါ။ ထိုအမှုတို့ကို အကျွန်ုပ်ထုတ်ဖော်၍ပြောဆိုသောအခါ ရေတွက်မကုန်နိုင်အောင် များပြားလှပါ၏။