အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ယောဘဝတ္တု။ 42:16 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ယောဘ​သည် နှစ်​ပေါင်း​တစ်ရာ့​လေးဆယ် ဆက်လက်​အသက်ရှင်​၍ သားမြေး​မြစ် မျိုးဆက်​လေး​ဆက်​ကို​မြင်​ရ​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

ထိုနောက် ယောဘသည် အနှစ်တရာလေးဆယ် အသက်ရှင်၍ မိမိသား၊ မြေး၊ မြစ်တို့ကိုပင် မြင်ရပြီးမှ၊

အခန်းကိုကြည့်ပါ။

Garrad Bible

ထို့ နောက် ယော ဘ သည်၊ အ နှစ် တစ် ရာ လေး ဆယ် နေ သေး လျက်၊

အခန်းကိုကြည့်ပါ။

Judson Bible

ထို​နောက် ယော​ဘ​သည် အ​နှစ်​တစ်​ရာ​လေး​ဆယ် အ​သက်​ရှင်၍ မိ​မိ​သား၊ မြေး၊ မြစ်​တို့​ကို​ပင် မြင်​ရ​ပြီး​မှ၊

အခန်းကိုကြည့်ပါ။



ယောဘဝတ္တု။ 42:16
13 ပူးပေါင်းရင်းမြစ်များ  

တေရ​အသက်ရှင်​ခဲ့​သော​နှစ်​ပေါင်း​မှာ နှစ်ရာ့​ငါး​နှစ်​ဖြစ်​၏​။ ထို့နောက် တေရ​သည် ဟာရန်​မြို့​၌ သေဆုံး​လေ​၏​။


အာဗြဟံ​အသက်ရှင်​ခဲ့​သော​နေ့ရက်​နှစ်ကာလ​မှာ တစ်ရာ​ခုနစ်ဆယ့်​ငါး​နှစ်​ဖြစ်​၏​။


ဣဇက်​သည်​နှစ်​ပေါင်း တစ်ရာ့​ရှစ်ဆယ်​အသက်ရှင်​ခဲ့​၏​။


ယာကုပ်​သည် အီဂျစ်​ပြည်​၌ တစ်ဆယ့်​ခုနစ်​နှစ်​အသက်ရှင်​နေထိုင်​ခဲ့​၏​။ ယာကုပ်​အသက်ရှင်​ခဲ့​သော​နေ့ရက်​နှစ်ကာလ​များ​မှာ တစ်ရာ​လေးဆယ့်​ခုနစ်​နှစ်​ဖြစ်​၏​။


ဧဖရိမ်​၏​သားသမီး​တို့​ကို တတိယ​မျိုးဆက်​အထိ မြင်​ရ​၏​။ မနာရှေ​၏​မြေး​၊ မာခိရ​၏​သားသမီး​တို့​သည်​လည်း ယောသပ်​၏​ဒူး​ပေါ်မှာ မွေးဖွား​ကြ​၏​။


ယောသပ်​သည် အသက်​တစ်ရာ့​တစ်ဆယ်​ရှိ​သော် သေဆုံး​လေ​၏​။ ယောသပ်​၏​အလောင်း​ကို​ဆေးစီရင်​၍ အီဂျစ်​ပြည်​၌ အခေါင်း​ဖြင့်​ထား​ကြ​လေ​၏​။


တစ်ပြည်လုံး​တွင် ယောဘ​၏​သမီး​များ​ကဲ့သို့ အဆင်းလှ​သော​မိန်းမ​မျိုး တစ်ယောက်​မျှ​မ​ရှိ​။ သူ​တို့​၏​ဖခင်​သည် သူ​တို့​အား အစ်ကို​များ​၊ မောင်​များ​ကဲ့သို့ပင် အမွေ​ပေး​၏​။


ယောဘ​သည် အိုမင်းရင့်ရော်​၍ သက်တမ်း​စေ့​သောအခါ ကွယ်လွန်​သွား​လေ​၏​။


သင့်​သားသမီး​တို့​၏​သားသမီး​များ​ကို​လည်း တွေ့မြင်​ရ​ပါစေသော​။ အစ္စရေး​လူမျိုး​၌ ငြိမ်သက်​ခြင်း​ရှိ​ပါစေသော​။


အကျွန်ုပ်​တို့​၏​အသက်တာ​နှစ်ကာလ​သည် အနှစ်​ခုနစ်ဆယ်​ဖြစ်​ပါ​၏​။ ကျန်းမာသန်စွမ်း​လျှင် အနှစ်​ရှစ်ဆယ်​ဖြစ်နိုင်​ပါ​၏​။ သို့သော် ထို​နှစ်ကာလ​တို့​၏​အကောင်းဆုံး​အချိန်​မှာပင် အခက်အခဲ​ပြဿနာ​နှင့် ဆင်းရဲဒုက္ခ​မျှသာ​ဖြစ်​ပါ​၏​။ အကယ်စင်စစ် အချိန်​တို့​သည် လျင်မြန်​စွာ​ကုန်လွန်​၍ အကျွန်ုပ်​တို့​သည် အဝေး​သို့​ပျံသန်း​သွား​ကြ​ပါ​၏​။


မြေး​တို့​သည် အသက်ကြီး​သော​သူ​တို့​၏​သရဖူ​ဖြစ်​၏​။ သားသမီး​တို့​၏​ဂုဏ်ကျက်သရေ​ကား သူ​တို့​၏​မိဘ​ဘိုးဘွား​ဖြစ်​ကြ​၏​။


မောရှေ​သေဆုံး​သောအခါ အသက်​တစ်ရာ့​နှစ်ဆယ်​ရှိ​၏​။ သူ​၏​မျက်စိ​မ​မှုန်​၊ သူ​၏​ခွန်အား​လည်း မ​လျော့​သေး​။


ထို့နောက်မှ ထာဝရဘုရား​၏​အစေအပါး နုန်​၏​သား​ယောရှု​သည် အသက်​တစ်ရာ့​တစ်ဆယ်​တွင် သေဆုံး​လေ​၏​။