သူတို့ဇီးကပ်သောလတို့ကို သင်မှတ်ဖူးသလော။ သူတို့သားပေါက်မည့်အချိန်ကို သင်သိသလော။
ယောဘဝတ္တု။ 39:1 - မြန်မာ့စံမီသမ္မာကျမ်း တောင်ဆိတ်တို့ မွေးဖွားချိန်ကို သင်သိသလော။ သမင်မသားဖွားသည်ကို သင်စောင့်ကြည့်ပေးဖူးသလော။ Common Language Bible သင်သည် တောဆိတ်မွေးရသောကာလကို သိသလော။ သမင်ဒရယ်မ သားဘွားခြင်းဝေဒနာခံရ သောအချိန်ကို မှတ်နိုင်သလော။ Garrad Bible သင် သည် တောင် ဆိတ် မွေး ချိန် ကို သိ၍၊ သ မင် ဖွား ခြင်း ဝေ ဒ နာ ကို စောင် မ သ လော။ Judson Bible သင်သည် တောဆိတ်မွေးရသောကာလကို သိသလော။ သမင်ဒရယ်မ သားဖွားခြင်းဝေဒနာ ခံရသောအချိန်ကို မှတ်နိုင်သလော။ |
သူတို့ဇီးကပ်သောလတို့ကို သင်မှတ်ဖူးသလော။ သူတို့သားပေါက်မည့်အချိန်ကို သင်သိသလော။
မြင့်သောတောင်များသည် တောင်ဆိတ်တို့အတွက်ဖြစ်ပြီး ကျောက်တို့သည် ရှာဖန်ယုန်များအတွက် ခိုလှုံရာဖြစ်ကြ၏။
ထာဝရဘုရား၏အသံတော်သည် သမင်တို့ကိုသားဖွားစေ၍ သစ်တောများကို ပြောင်တလင်းခါစေတော်မူ၏။ ကိုယ်တော်၏ဗိမာန်တော်၌ရှိသမျှတို့က “ဘုန်းကြီးစေသတည်း”ဟု ကြွေးကြော်ကြ၏။
သမင်မပင်လျှင် ကွင်းပြင်၌ သားပေါက်ပြီး မြက်ပင်မရှိသောကြောင့် သားငယ်ကိုစွန့်ပစ်ရ၏။
ထို့ကြောင့် ရှောလုမင်းကြီးသည် အစ္စရေးလူမျိုးအပေါင်းတို့ထဲမှရွေးချယ်ထားသောလူသုံးထောင်ကိုခေါ်၍ ဒါဝိဒ်နှင့်သူ့နောက်လိုက်တို့ကိုရှာဖွေရန် တောင်ဆိတ်များကျက်စားရာကျောက်ဆောင်ရှေ့သို့ သွားလေ၏။