ဉာဏ်ပညာနှင့် အစွမ်းတန်ခိုး၊ အကြံဉာဏ်နှင့် ထိုးထွင်းဉာဏ်တို့သည် ကိုယ်တော်၌ ရှိသည်မဟုတ်လော။
ယောဘဝတ္တု။ 38:36 - မြန်မာ့စံမီသမ္မာကျမ်း ပညာရှိသောစိတ်ကို မည်သူသွင်းပေးနိုင်သနည်း။ နားလည်နိုင်သောနှလုံးသားကို မည်သူပေးသနည်း။ Common Language Bible ကိုယ်ခန္ဓာထဲသို့ ပညာကို အဘယ်သူသွင်း သနည်း။ နားလည်နိုင်သောဥာဏ်ကို အဘယ်သူပေး သနည်း။ ပညာရှိ၍ မိုဃ်းတိမ်တို့ကို အဘယ်သူရေတွက် နိုင်သနည်း။ Garrad Bible မိုး တိမ် အ တွင်း၌ ဉာဏ် ပ ညာ ကို ထည့် သွင်း သူ၊ ဥ က္ကာ ကြယ် အား၊ ဉာဏ် ပ ဋိ ဘာန် ကို ပေး သူ ကား မည် သူ နည်း။ Judson Bible ကိုယ်ခန္ဓာထဲသို့ ပညာကို အဘယ်သူသွင်းသနည်း။ နားလည်နိုင်သောဉာဏ်ကို အဘယ်သူပေးသနည်း။ ပညာရှိ၍ မိုးတိမ်တို့ကို အဘယ်သူ ရေတွက်နိုင်သနည်း။ |
ဉာဏ်ပညာနှင့် အစွမ်းတန်ခိုး၊ အကြံဉာဏ်နှင့် ထိုးထွင်းဉာဏ်တို့သည် ကိုယ်တော်၌ ရှိသည်မဟုတ်လော။
သို့သော် လူ၌ ဝိညာဉ်ရှိ၏။ အနန္တတန်ခိုးရှင်၏ဝိညာဉ်တော်သည် လူတို့အား နားလည်နိုင်စွမ်းကို ပေးတော်မူပါ၏။
ဉာဏ်ပညာတန်ခိုးကြီးတော်မူသောဘုရားကို မည်သူသည် ဆန့်ကျင်အာခံပြီး အသက်ချမ်းသာရာရဖူးသနည်း။
ကိုယ်တော်သည် အတွင်းစိတ်၌မှန်ကန်မှုရှိခြင်းကို နှစ်သက်တော်မူသည်ဖြစ်၍ အကျွန်ုပ်၏အတွင်းနှလုံးသားထဲ၌ ဉာဏ်ပညာကို သွန်သင်ပေးတော်မူ၏။
သူ့ကို ဘုရားသခင်၏ဝိညာဉ်တော်အားဖြင့် ဉာဏ်ပညာနှင့်ပြည့်ဝစေ၍ တီထွင်နိုင်စွမ်း၊ သိမြင်နိုင်စွမ်းရှိစေ၏။ လက်မှုအတတ်ပညာအမျိုးမျိုးတို့ကို တတ်မြောက်စေ၏။
အကြောင်းမူကား ထာဝရဘုရားသည် ဉာဏ်ပညာကိုပေးတော်မူ၏။ အသိပညာနှင့် ထိုးထွင်းဉာဏ်သည် ကိုယ်တော်၏နှုတ်တော်မှလာ၏။
အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် မိမိစိတ်တော်နှင့်တွေ့သောသူအား ဉာဏ်ပညာ၊ အသိပညာနှင့်ဝမ်းမြောက်ခြင်းတို့ကို ပေးတော်မူ၏။ အပြစ်ပြုသောသူကိုကား ဘုရားသခင်၏စိတ်တော်နှင့်တွေ့သောသူအားပေးအပ်ရန်အတွက် စုသိမ်း၍သိုမှီးထားရသည့်အလုပ်ကို ပေးတော်မူ၏။ ဤအရာသည်လည်း အချည်းနှီးဖြစ်ပြီး လေကိုလိုက်ဖမ်းခြင်းဖြစ်၏။
သူ၏ဘုရားသခင်သည် သူ့အား နည်းမှန်လမ်းမှန်ကိုပြပေးတော်မူပြီ။ ညွှန်ကြားတော်မူပြီ။
ကောင်းမြတ်သောလက်ဆောင်ရှိသမျှနှင့် စုံလင်သောဆုကျေးဇူးရှိသမျှတို့သည် အထက်အရပ်မှလာ၍ အလင်းတို့၏အဖထံတော်မှဆင်းသက်၏။ ထိုအဖထံတော်၌ ပြောင်းလဲခြင်း၊ သို့မဟုတ် ရွေ့လျားတတ်သည့်အရိပ်ဟူ၍မရှိ။
သင်တို့ထဲတွင် ဉာဏ်ပညာလိုအပ်သောသူရှိလျှင် ကဲ့ရဲ့ပြစ်တင်ခြင်းကိုပြုတော်မမူဘဲ ခပ်သိမ်းသောသူတို့အား ရက်ရောစွာပေးတော်မူသောဘုရားသခင်ထံ တောင်းလျှောက်စေ။ တောင်းလျှင်ရလိမ့်မည်။