အမှောင်ကျသဖြင့် သင်ဘာမျှမမြင်နိုင်။ ရေထုကြီးသည် သင့်ကိုလွှမ်းမိုးလေပြီ။
ယောဘဝတ္တု။ 38:34 - မြန်မာ့စံမီသမ္မာကျမ်း သင့်ကို မိုးရေများ ရွှဲနစ်သွားစေမည့်အကြောင်း မိုးတိမ်ကို အော်ခေါ်ပြီး အမိန့်ပေးနိုင်သလော။ Common Language Bible များစွာသော မိုဃ်းရေသည် သင့်ကို လွှမ်းမိုး စေခြင်းငှါ မိုဃ်းတိမ်တို့ကို အသံလွှင့်နိုင်သလော။ Garrad Bible ရေ များ သည် သင့် အ လို အ တိုင်း လွှမ်း စေ ခြင်း ငှာ၊ မိုး တိမ် အား အ သံ လွှင့်၍ မိန့် ခေါ် နိုင် သ လော။ Judson Bible များစွာသောမိုးရေသည် သင့်ကို လွှမ်းမိုးစေခြင်းငှာ မိုးတိမ်တို့ကို အသံလွှင့်နိုင်သလော။ |
အမှောင်ကျသဖြင့် သင်ဘာမျှမမြင်နိုင်။ ရေထုကြီးသည် သင့်ကိုလွှမ်းမိုးလေပြီ။
မိုးတိမ်များကို ရေတွက်နိုင်လောက်အောင် မည်သူဉာဏ်ပညာရှိသနည်း။ ကောင်းကင်အိုးတို့ကို မည်သူသွန်ချနိုင်သနည်း။
ခုနစ်စင်ကြယ်နှင့် သရဝဏ်နက္ခတ်တို့ကိုဖန်ဆင်းတော်မူသောအရှင်၊ သေမင်းအရိပ်ကို နံနက်အလင်းဖြစ်စေသောအရှင်၊ နေ့ကို ညအမှောင်ဖြစ်စေသောအရှင်၊ ပင်လယ်ရေကို ဆင့်ခေါ်ပြီး ထိုရေတို့ကို မြေမျက်နှာပြင်ပေါ်လွှတ်ပေးလိုက်သောအရှင်၏နာမတော်ကား ထာဝရဘုရားဟူ၍ဖြစ်၏။
မိုးနှောင်းကာလတွင် မိုးရွာစေရန် ထာဝရဘုရားထံတောင်းလျှောက်ကြလော့။ ထာဝရဘုရားသည် မိုးတိမ်တိုက်ကို ဖြစ်ပေါ်စေ၏။ မိုးရွာစေခြင်းဖြင့် လူအပေါင်းတို့၏လယ်ပြင်မှ အပင်များအတွက် မိုးရေကို ရရှိစေတော်မူ၏။
ထို့နောက် သူသည် နောက်တစ်ဖန် ဆုတောင်းသောအခါ ကောင်းကင်မှမိုးရွာသွန်း၍ မြေသည် အသီးအနှံများကိုဖြစ်ထွန်းစေ၏။
ရှမွေလသည် ထာဝရဘုရားထံ ဆုတောင်းသောအခါ ထိုနေ့တွင် ထာဝရဘုရားသည် မိုးချုန်းသံနှင့်တကွ မိုးကို ရွာသွန်းစေတော်မူသဖြင့် လူအပေါင်းတို့သည် ထာဝရဘုရားနှင့်ရှမွေလကို အလွန်ကြောက်ရွံ့ကြလေ၏။