အကြောင်းမူကား ကိုယ်တော်သည် မြေကြီးစွန်းတိုင်အောင် ကြည့်ရှုတော်မူ၏။ မိုးကောင်းကင်အောက် ရှိသမျှတို့ကို မြင်တော်မူ၏။
ယောဘဝတ္တု။ 38:18 - မြန်မာ့စံမီသမ္မာကျမ်း မြေမျက်နှာပြင်အကျယ်အဝန်းကို သင်သိသလော။ ဤအရာအားလုံးကို သင်သိလျှင် ပြောပြပါ။ Common Language Bible မြေကြီးမျက်နှာတပြင်လုံးကို ကြည့်ရှုဘူး သလော။ အလုံးစုံကို သိမြင်လျှင်ဘော်ပြလော့။ Garrad Bible မြေ ကြီး အ ကျယ် အ ဝန်း ကို သိ မှတ် ဘူး သ လော၊ အ ကုန် အ စင် တတ် မြောက် ဖော် ပြ လော့။ Judson Bible မြေကြီးမျက်နှာ တစ်ပြင်လုံးကို ကြည့်ရှုဖူးသလော။ အလုံးစုံကို သိမြင်လျှင် ဖော်ပြလော့။ |
အကြောင်းမူကား ကိုယ်တော်သည် မြေကြီးစွန်းတိုင်အောင် ကြည့်ရှုတော်မူ၏။ မိုးကောင်းကင်အောက် ရှိသမျှတို့ကို မြင်တော်မူ၏။
အလင်းရှိရာသို့ ရောက်သောလမ်းကား အဘယ်မှာနည်း။ အမှောင်ထု၏နေရာကား အဘယ်မှာနည်း။
ကိုယ်တော်သည် ကမ္ဘာမြေကြီး၏ နယ်နိမိတ်အားလုံးကို သတ်မှတ်၍ နွေရာသီနှင့်ဆောင်းရာသီကို ဖြစ်ပေါ်စေတော်မူ၏။
သင်မသိသလော။ သင်မကြားဖူးသလော။ ထာဝရဘုရားသည် အစဉ်အမြဲတည်တော်မူသောဘုရားသခင်၊ မြေကြီးစွန်းတိုင်အောင် ဖန်ဆင်းတော်မူသောအရှင် ဖြစ်တော်မူ၏။ ကိုယ်တော်သည် အားအင်ကုန်ခန်းတော်မမူ။ မောပန်းတော်မမူ။ ကိုယ်တော်၏ဉာဏ်ကို စစ်၍မကုန်နိုင်။
ထာဝရဘုရားက “သူတို့သည် အထက်မိုးကောင်းကင်ကို တိုင်းတာနိုင်၍ အောက်မြေကြီး၏အုတ်မြစ်ကို စူးစမ်းနိုင်မှသာ အစ္စရေးတစ်မျိုးနွယ်လုံးပြုခဲ့သောအပြစ်ကြောင့် သူတို့ကို ငါစွန့်ပစ်မည်”ဟု မိန့်တော်မူ၏။
သူတို့သည် ကမ္ဘာမြေကြီး၏ကျယ်ပြန့်သောအရပ်သို့ချီတက်လာ၍ သန့်ရှင်းသူတို့၏စခန်းနှင့် ချစ်တော်မူသောမြို့ကို ဝိုင်းကြ၏။ ထိုအခါ ကောင်းကင်မှ မီးကျလာ၍ သူတို့ကိုလောင်ကျွမ်းလေ၏။