မည်သူသည် ကမ္ဘာမြေကြီးကို ကိုယ်တော့်လက်သို့ အပ်သနည်း။ မည်သူသည် ကမ္ဘာလောကတစ်ခုလုံးကို ကိုယ်တော့်အား တာဝန်ယူစေသနည်း။
ယောဘဝတ္တု။ 37:15 - မြန်မာ့စံမီသမ္မာကျမ်း ဘုရားသခင်သည် မိုးတိမ်များကို မည်သို့ထိန်းချုပ်ထားသည်ကိုလည်းကောင်း၊ မိုးတိမ်ထဲမှ မည်သို့လျှပ်စီးလက်စေသည်ကိုလည်းကောင်း သင်သိပါသလော။ Common Language Bible ထိုအမှုတို့ကို ဘုရားသခင်စီရင်၍၊ မိုဃ်းတိမ်တော်အလင်းကို ထွန်းလင်းစေတော်မူသောအခါ၊ သင်သည် သိသလော။ Garrad Bible ထို အ မှု များ အ ပေါ် တွင် ဘု ရား သ ခင် မိန့် မှာ၍၊ မိုး တိမ် မှ လျှပ် စစ် ထွန်း တောက် စေ တော် မူ သည့် နည်း ကို သင် သိ သ လော။ Judson Bible ထိုအမှုတို့ကို ဘုရားသခင်စီရင်၍၊ မိုးတိမ်တော်အလင်းကို ထွန်းလင်းစေတော်မူသောအခါ၊ သင်သည် သိသလော။ |
မည်သူသည် ကမ္ဘာမြေကြီးကို ကိုယ်တော့်လက်သို့ အပ်သနည်း။ မည်သူသည် ကမ္ဘာလောကတစ်ခုလုံးကို ကိုယ်တော့်အား တာဝန်ယူစေသနည်း။
တိမ်တိုက်ကို ရေငွေ့များနှင့်ဖွဲ့ထား၍ လျှပ်စီးလက်သောအခါ မိုးတိမ်များကိုကွဲလွင့်သွားစေ၏။
အို ယောဘ၊ နားထောင်ပါလော့။ ငြိမ်ဝပ်စွာနေ၍ ဘုရားသခင်ပြုသောအံ့ဖွယ်အမှုတို့ကို ဆင်ခြင်ကြည့်ပါလော့။
တိမ်တိုက်များ မည်သို့လွင့်မျောနေသည်ကို သင်သိပါသလော။ ထိုအမှုသည် အလုံးစုံကိုသိမြင်သောအရှင် ပြုတော်မူသည့် အံ့ဖွယ်အမှုဖြစ်၏။
အထက်သို့ မျှော်ကြည့်ကြလော့။ ကောင်းကင်တန်ဆာများကို မည်သူဖန်ဆင်းသနည်း။ ထိုတန်ဆာအလုံးအရင်းကို အရေအတွက်အလိုက် ပေါ်ထွက်စေသောသူ၊ အလုံးစုံကို အမည်ဖြင့်မှည့်ခေါ်သောသူပင်တည်း။ တန်ခိုး၊ ခွန်အားကြီးမားတော်မူသောကြောင့် ကြွင်းကျန်ခဲ့သောအရာတစ်စုံတစ်ခုမျှမရှိ။