ထာဝရဘုရားသည် ကောင်းကင်၌ ခြိမ်းသံကိုပေးတော်မူ၏။ အမြင့်ဆုံးသောအရှင်သည် အသံကို လွှင့်တော်မူ၏။
ယောဘဝတ္တု။ 36:33 - မြန်မာ့စံမီသမ္မာကျမ်း မိုးခြိမ်းသံသည် ကိုယ်တော်ရှိတော်မူကြောင်းကို ကြေညာလိုက်သည်နှင့် မည်သို့ဖြစ်လာမည်ကို တိရစ္ဆာန်များပင် သိရှိလေ၏။ Common Language Bible ထိုသူမှစသော တိရစ္ဆာန်များနှင့် အပင်များကို အလိုတော်မရှိကြောင်း ထင်ရှား၏။ Garrad Bible အ သံ တော် လည်း ချီ ကြွ တော် မူ သော အ ရှင့် အ ကြောင်း ကို၊ သား ယဉ် သား ရဲ တို့ အား ထင် ရှား စေ သ တည်း။ Judson Bible ထိုသူမှစသော တိရစ္ဆာန်များနှင့် အပင်များကို အလိုတော်မရှိကြောင်း ထင်ရှား၏။ |
ထာဝရဘုရားသည် ကောင်းကင်၌ ခြိမ်းသံကိုပေးတော်မူ၏။ အမြင့်ဆုံးသောအရှင်သည် အသံကို လွှင့်တော်မူ၏။
ထိုမျှမက တိမ်များ ပြန့်နေခြင်း၊ တဲတော်မှမိုးခြိမ်းသံထွက်ခြင်းတို့ကို နားလည်နိုင်သလော။
ကိုယ်တော့်ထံမှ မြည်ဟိန်းသောအသံ၊ နှုတ်တော်မှထွက်သောအသံတော်ကို သေချာစွာနားထောင်ကြလော့။
ထာဝရဘုရား၏အသံတော်သည် ရေပေါ်၌ရှိတော်မူ၏။ ဘုန်းကြီးသောဘုရားသည် ထစ်ချုန်းတော်မူ၏။ ထာဝရဘုရားသည် များစွာသောရေပေါ်၌ရှိတော်မူ၏။
တိရစ္ဆာန်များလည်း ညည်းတွားရလေပြီ။ စားကျက်မြေ မရှိတော့သဖြင့် တိရစ္ဆာန်အုပ်များ တဝဲလည်လည်ဖြစ်ရလေပြီ။ သိုးအုပ်များလည်း ဒုက္ခရောက်လေပြီ။
အို တောတိရစ္ဆာန်တို့၊ မကြောက်ကြနှင့်။ ကန္တာရသည် စိမ်းလန်းသောစားကျက်မြေ ဖြစ်လာမည်။ အပင်များ အသီးသီးမည်။ သဖန်းပင်နှင့် စပျစ်ပင်တို့လည်း အလွန်ဖြစ်ထွန်းကြလိမ့်မည်။