အကျွန်ုပ်သည် ဆိုးယုတ်သောသူမဟုတ်ကြောင်းကိုလည်းကောင်း၊ အကျွန်ုပ်ကို ကိုယ်တော့်လက်မှ ကယ်နုတ်မည့်သူမရှိကြောင်းကိုလည်းကောင်း ကိုယ်တော်သိတော်မူပါ၏။
ယောဘဝတ္တု။ 34:5 - မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမှာ ယောဘက ‘ငါဖြောင့်မတ်သော်လည်း ဘုရားသခင်သည် ငါ့အဖို့ တရားမျှတစွာမစီရင်။ Common Language Bible ယောဘက၊ ငါဖြောင့်မတ်၏။ ဘုရားသခင် သည် ငါ့ကို အမှုရှုံးစေတော်မူ၏။ Garrad Bible ယော ဘ က၊ ငါ ဖြောင့် မတ် လျက်၊ ငါ့ တ ရား မှု ကို ဘု ရား သ ခင် ပယ် ပ တော် မူ ပြီ။ တ ရား အ တိုင်း ပြော ဆို လျက် နှင့်၊ မု သာ ချ ပြီ။ လွန် ကျူး မှု ကို မ ပြု ဘဲ လျက်၊ ကု၍ မ ရ သော မြှား ချက် ဒဏ် ကို ခံ ရ ပြီ ဟု ပြော ဆို ရာ၌၊ ကဲ့ ရဲ့ ခြင်း ကို ရေ သ ဖွယ် သောက် သူ၊ Judson Bible ယောဘက၊ ငါဖြောင့်မတ်၏။ ဘုရားသခင်သည် ငါ့ကို အမှုရှုံးစေတော်မူ၏။ |
အကျွန်ုပ်သည် ဆိုးယုတ်သောသူမဟုတ်ကြောင်းကိုလည်းကောင်း၊ အကျွန်ုပ်ကို ကိုယ်တော့်လက်မှ ကယ်နုတ်မည့်သူမရှိကြောင်းကိုလည်းကောင်း ကိုယ်တော်သိတော်မူပါ၏။
သင်က ‘ငါ၏သွန်သင်ချက်သည် စင်ကြယ်၏။ ကိုယ်တော့်ရှေ့တွင် ငါသန့်ရှင်း၏’ဟု ဆို၏။
သို့သော်လည်း ငါသည် မတရားမှုကိုမပြု။ ငါ၏ဆုတောင်းခြင်းသည်လည်း သန့်ရှင်းပါ၏။
‘ရက်စက်လွန်းပါသည်တကား’ဟု ငါအော်ဟစ်သော်လည်း ငါ့ကိုနားညောင်းတော်မမူပါ။ ငါအကူအညီအော်ဟစ်တောင်းခံသော်လည်း တရားသဖြင့်စီရင်ပေးတော်မမူပါ။
“ငါ့ကို မတရားစီရင်သောဘုရား၊ ငါ့စိတ်ဝိညာဉ်ကို ခါးသီးစွာခံစားရစေသောအနန္တတန်ခိုးရှင် အသက်ရှင်တော်မူသည်နှင့်အညီ
ငါသည် ဖြောင့်မတ်ခြင်းကို လွှမ်းခြုံဝတ်ဆင်ထား၏။ တရားမျှတခြင်းသည် ငါ့ဝတ်လုံ၊ ငါ့ခေါင်းပေါင်းကဲ့သို့ ဖြစ်ခဲ့၏။
ယောဘသည် မိမိကိုယ်မိမိ ဖြောင့်မတ်သည်ဟု ခံယူသောကြောင့် ထိုသူသုံးဦးလည်း ဘာမျှဆက်မပြောတော့ပေ။
သင်က ‘ငါသန့်ရှင်း၏။ ကျူးလွန်သောအပြစ်မရှိ။ ငါအပြစ်ကင်း၏။ ငါ၌အပြစ်မရှိ။
ကိုယ့်အဖို့ မှန်ကန်သောအရာကို ရွေးချယ်ကြစို့။ အကျွန်ုပ်တို့ထဲတွင် မည်သည့်အရာကောင်းသည်ကို သိမှတ်ကြစို့။
ယခု ပြန်ဆင်ခြင်ကြပါ။ မတရားသောသူများ မဖြစ်ကြနှင့်။ ထပ်ပြီးဆင်ခြင်ကြည့်ကြပါ။ ဤအမှု၌ ငါဖြောင့်မတ်ပါသေး၏။
ဘုရားသခင်သည် တရားမျှတမှုကို မတရားမှုဖြစ်စေမည်လော။ အနန္တတန်ခိုးရှင်သည် ဖြောင့်မတ်ခြင်းကို ကောက်ကွေ့စေမည်လော။
အကြောင်းမှာ ကိုယ်တော်သည် မိုးသက်မုန်တိုင်းဖြင့် ငါ့ကိုကြေမွစေတော်မူပြီ။ အကြောင်းမရှိဘဲ ငါ၌ ဒဏ်ရာများပြားစေတော်မူခဲ့ပြီ။
အို ယာကုပ်အမျိုး၊ အို အစ္စရေးလူမျိုး၊ “ထာဝရဘုရားသည် ငါ့လမ်းကို မမြင်။ ငါ၏ဘုရားသခင်သည် ငါ့အမှုကို ဂရုမစိုက်”ဟု အဘယ်ကြောင့်ပြောဆိုရသနည်း။