ထို့နောက် ရောဗောင်မင်းကြီးသည် ခမည်းတော်ရှောလမုန်မင်းကြီးအသက်ရှင်စဉ်က ရှေ့တော်၌ခစားသူများဖြစ်သည့် သက်ကြီးဝါကြီးများအား “သင်တို့ မည်သို့အကြံပေးမည်နည်း။ ဤလူတို့အား မည်သို့ပြန်ပြောရမည်နည်း”ဟု တိုင်ပင်မေးမြန်းရာ
ယောဘဝတ္တု။ 32:7 - မြန်မာ့စံမီသမ္မာကျမ်း ‘အသက်ကြီးသူသည် ပြောဆိုသင့်၏၊ နှစ်ပေါင်းများစွာအသက်ရှင်ခဲ့သူသည် ဉာဏ်ပညာအကြောင်းကို သွန်သင်ပေးသင့်၏’ဟု အကျွန်ုပ်တွေးမိပါ၏။ Common Language Bible နေ့ရက်ကာလတာရှည်သောသူသည် စကား ပြောအပ်၏။ နှစ်ပေါင်းများစွာလွန်သောသူသည် ပညာကို သွန်သင်အပ်၏။ Garrad Bible နေ့ ရက် တာ ရှည် သူ ပြော ဆို သင့်၏။ နှစ် ပေါင်း များ စွာ ရှိ သူ သည်၊ ပ ညာ စ ကား ကို သိ စေ အပ် သည် ဟု၊ အ ကျွန်ုပ် အောက် မေ့ သော် လည်း၊ Judson Bible နေ့ရက်ကာလ တာရှည်သောသူသည် စကားပြောအပ်၏။ နှစ်ပေါင်းများစွာ လွန်သောသူသည် ပညာကို သွန်သင်အပ်၏။ |
ထို့နောက် ရောဗောင်မင်းကြီးသည် ခမည်းတော်ရှောလမုန်မင်းကြီးအသက်ရှင်စဉ်က ရှေ့တော်၌ခစားသူများဖြစ်သည့် သက်ကြီးဝါကြီးများအား “သင်တို့ မည်သို့အကြံပေးမည်နည်း။ ဤလူတို့အား မည်သို့ပြန်ပြောရမည်နည်း”ဟု တိုင်ပင်မေးမြန်းရာ
အသက်ကြီးရင့်သောသူတို့သည် ဉာဏ်ပညာရှိပြီး အသက်ရှည်သောသူတို့သည် ထိုးထွင်းဉာဏ်ရှိကြသည် မဟုတ်လော။
ငါတို့တွင် ဆံပင်လည်းဖြူ၊ အသက်လည်းကြီးသောသူတို့ ရှိကြ၏။ သင့်ဖခင်ထက်ပင် အသက်ပိုကြီးကြသေး၏။
အသက်ကြီးတိုင်း ပညာရှိသည်မဟုတ်။ သက်ကြီးဝါကြီးတိုင်း အမှန်တရားကို နားလည်သည်မဟုတ်။
အကျွန်ုပ်သည် ကိုယ်တော်၏ဥပဒေသတို့ကို လိုက်နာကျင့်သုံးသည်ဖြစ်၍ အသက်ကြီးသောသူတို့ထက် ပို၍အသိဉာဏ်ရှိပါ၏။
ဖြူသောဆံပင်သည် အသရေရှိသောသရဖူဖြစ်၍ ဖြောင့်မတ်စွာပြုမူကျင့်ကြံခြင်းအားဖြင့် ၎င်းကိုရရှိနိုင်၏။
အမှန်စင်စစ် သင်တို့သည် အချိန်ကာလအရ ဆရာများဖြစ်သင့်ပြီဖြစ်သော်လည်း ဘုရားသခင်၏နှုတ်ကပတ်တရားတော်၏အခြေခံကို တစ်စုံတစ်ယောက်က သင်တို့အား အစမှပြန်သင်ပေးရန်လိုအပ်နေ၏။ သင်တို့၌လိုအပ်သည်မှာ မာသောအစာမဟုတ်ဘဲ နို့ရည်သာဖြစ်၏။