သို့ဖြစ်၍ ဟာဂရက “ငါ့ကို မြင်တော်မူသောအရှင်ကို ဤအရပ်၌ပင် ငါဖူးမြင်ရသည်တကား”ဟု ဆိုလျက် မိမိအားမိန့်မြွက်တော်မူသော ထာဝရဘုရား၏နာမတော်ကို “ကိုယ်တော်သည် အကျွန်ုပ်ကိုမြင်တော်မူသောဘုရားပေတည်း”ဟု ခေါ်လေ၏။
ယောဘဝတ္တု။ 31:4 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်သည် ငါလျှောက်သောလမ်းကို မြင်တော်မူသည်ဖြစ်၍ ငါ၏ခြေလှမ်းတိုင်းကို ရေတွက်တော်မူသည်မဟုတ်လော။ Common Language Bible ဘုရားသခင်သည် ငါသွားရာလမ်းတို့ကို မြင် တော်မူသည်မဟုတ်လော။ ငါ့ခြေရာရှိသမျှတို့ကို ရေတွက်တော်မူသည်မဟုတ်လော။ Garrad Bible ကိုယ် တော် သည် ငါ့ လမ်း ကို ရှု ကြည့်၍၊ ခြေ လှမ်း များ ကို ရေ တွက် တော် မူ သည် မ ဟုတ် လော။ Judson Bible ဘုရားသခင်သည် ငါသွားရာလမ်းတို့ကို မြင်တော်မူသည် မဟုတ်လော။ ငါ့ခြေရာရှိသမျှတို့ကို ရေတွက်တော်မူသည်မဟုတ်လော။ |
သို့ဖြစ်၍ ဟာဂရက “ငါ့ကို မြင်တော်မူသောအရှင်ကို ဤအရပ်၌ပင် ငါဖူးမြင်ရသည်တကား”ဟု ဆိုလျက် မိမိအားမိန့်မြွက်တော်မူသော ထာဝရဘုရား၏နာမတော်ကို “ကိုယ်တော်သည် အကျွန်ုပ်ကိုမြင်တော်မူသောဘုရားပေတည်း”ဟု ခေါ်လေ၏။
ထာဝရဘုရား၌ စိတ်နှလုံးအကြွင်းမဲ့ယုံကြည်ကိုးစားသူတို့ကို ခွန်အားဖြည့်ပေးရန် ကိုယ်တော်သည် မြေကြီးတစ်ပြင်လုံးကို အစဉ်ကြည့်ရှုတော်မူ၏။ သင်မိုက်မဲစွာပြုမိပြီဖြစ်သောကြောင့် ယခုမှစ၍ သင်သည် စစ်ပွဲများနှင့် ရင်ဆိုင်ရတော့မည်”ဟု ဆင့်ဆို၏။
ကိုယ်တော်သည် လှည့်စားတတ်သောသူကို သိတော်မူ၏။ သူပြုသောဒုစရိုက်ကိုမြင်လျှင် မမှတ်ထားဘဲနေတော်မူမည်လော။
အကယ်စင်စစ် ကိုယ်တော်သည် အကျွန်ုပ်၏ခြေလှမ်းတို့ကို ရေတွက်တော်မူသော်လည်း အကျွန်ုပ်၏အပြစ်ကို မှတ်တော်မမူပါ။
သို့သော် ကိုယ်တော်သည် ငါသွားရာလမ်းကို သိတော်မူ၏။ ကိုယ်တော်သည် ငါ့ကို စစ်ဆေးတော်မူပြီးမှ ငါသည် ရွှေကဲ့သို့ ပေါ်လာလိမ့်မည်။
ကိုယ်တော်သည် သူတို့ကို ဘေးကင်းလုံခြုံစွာဖြင့် နားနေရသောအခွင့်ပေးတော်မူ၍ သူတို့သွားသောလမ်းများကိုလည်း စောင့်ကြည့်တော်မူ၏။
အကြောင်းမူကား ကိုယ်တော်သည် မြေကြီးစွန်းတိုင်အောင် ကြည့်ရှုတော်မူ၏။ မိုးကောင်းကင်အောက် ရှိသမျှတို့ကို မြင်တော်မူ၏။
ငါလျှောက်သည့်လမ်းကို ကိုယ်တော့်အား လျှောက်တင်မည်။ အုပ်ချုပ်သူမင်းတစ်ပါးကဲ့သို့ ကိုယ်တော့်ထံ ချဉ်းကပ်မည်။
အကြောင်းမူကား ကိုယ်တော်သည် လူသွားသောလမ်းတို့ကို စောင့်ကြည့်၍ သူ့ခြေလှမ်းတိုင်းကို မြင်တော်မူ၏။
ဖြောင့်မတ်သောသူတို့ကို မျက်နှာလွှဲတော်မမူ။ သူတို့ကို ရှင်ဘုရင်တို့နှင့်အတူ ပလ္လင်ပေါ်တွင် အစဉ်စံမြန်းစေ၍ ချီးမြှောက်တော်မူ၏။
ဘုရားသခင်သည် ထိုအမှုကို မစစ်ကြောဘဲနေတော်မူမည်လော။ အကြောင်းမူကား ကိုယ်တော်သည် စိတ်နှလုံး၏လျှို့ဝှက်ချက်များကို သိတော်မူ၏။
ထာဝရဘုရား၏မျက်စိတော်သည် နေရာတိုင်း၌ရှိ၍ မကောင်းမှုပြုသောသူတို့နှင့် သူတော်ကောင်းတို့ကို စောင့်ကြည့်နေတော်မူ၏။
အကယ်စင်စစ် လူသွားရာလမ်းတို့သည် ထာဝရဘုရား၏မျက်မှောက်တော်၌ရှိ၍ ကိုယ်တော်သည် သူ၏လမ်းရှိသမျှတို့ကို ချင့်ချိန်သုံးသပ်တော်မူ၏။
ငါ့မျက်စိသည် သူတို့သွားသောလမ်းရှိသမျှတို့ကို မြင်၏။ သူတို့သည် ငါ့ရှေ့မှ မပုန်းရှောင်နိုင်။ သူတို့၏ဒုစရိုက်များကို ငါ့မျက်မှောက်မှ မဝှက်ထားနိုင်။
ကိုယ်တော်၏အကြံအစည်တော်သည် ထူးကဲပါ၏။ ပြုတော်မူသောအမှုတော်သည် ကြီးမြတ်ပါ၏။ လူအသီးသီးတို့အား မိမိတို့ပြုမူကျင့်ကြံသည့်အတိုင်း၊ မိမိတို့လုပ်ဆောင်မှုအသီးအပွင့်အတိုင်း ပေးဆပ်ရန် လူသားတို့လျှောက်သောလမ်းအားလုံးကို စောင့်ကြည့်တော်မူ၏။
ကောင်းကင်ဘုံရှင်ကို ဆန့်ကျင်၍ ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်၏။ ထိုအရှင်၏ဗိမာန်တော်မှခွက်ဖလားများကို သင့်ရှေ့မှောက်သို့ယူလာစေပြီး သင်မှစ၍ မှူးမတ်များ၊ မိဖုရားများ၊ ကိုယ်လုပ်တော်များသည် ထိုခွက်များဖြင့် စပျစ်ဝိုင်ကိုသောက်ပြီး မျက်စိလည်းမမြင်၊ နားလည်းမကြား၊ ဘာမျှလည်း မသိနိုင်သော ရွှေ၊ ငွေ၊ ကြေးနီ၊ သံ၊ သစ်သား၊ ကျောက်တို့ဖြင့် လုပ်ထားသောဘုရားများကို ထောမနာပြုကြ၏။ သင့်အသက်၊ သင့်ဘဝလမ်းတစ်ခုလုံးကိုပိုင်တော်မူသောဘုရားသခင်ကိုမူ သင်မချီးမြှောက်ခဲ့။
နာသနေလကလည်း “ကိုယ်တော်သည် အကျွန်ုပ်ကို မည်သို့သိပါသနည်း”ဟု မေးလျှောက်သော် ယေရှုက“ဖိလိပ္ပုသည် သင့်ကိုမခေါ်မီ သင်သည် သဖန်းပင်အောက်၌ရှိနေသည်ကို ငါမြင်၏”ဟု ပြန်၍မိန့်တော်မူ၏။
ဖန်ဆင်းတော်မူသောအရာတို့တွင် ကိုယ်တော်၏ရှေ့မှောက်၌ မထင်ရှားသောအရာတစ်စုံတစ်ခုမျှမရှိ။ အရာခပ်သိမ်းတို့သည် ကိုယ်တော်၏မျက်မှောက်၌ အကွယ်အကာမဲ့လျက် ဟင်းလင်းပွင့်နေ၏။ ငါတို့သည် ထိုအရှင်ထံ၌ ဖြေရှင်းချက်ပေးကြရမည်။