သင်သည် မြေကိုထွန်ယက်လုပ်ကိုင်သော်လည်း မြေသည် မိမိ၏အသီးအနှံကို သင့်အား ပေးတော့မည်မဟုတ်။ သင်သည် ကမ္ဘာမြေကြီးပေါ်တွင် အတည်တကျနေစရာမရှိ၊ လှည့်လည်သွားလာသူဖြစ်ရလိမ့်မည်”ဟု မိန့်တော်မူ၏။
ယောဘဝတ္တု။ 31:39 - မြန်မာ့စံမီသမ္မာကျမ်း ငါသည် မြေအသီးအနှံကို အဖိုးအခမပေးဘဲ စားသုံး၍ မြေရှင်၏အသက်ကို ဆုံးရှုံးစေခဲ့လျှင်လည်းကောင်း Common Language Bible စရိတ်မကုန်ဘဲမြေအသီးအနှံကို ငါစား၍ မြေဆိုင်သောသူတို့ကို ညှဉ်းဆဲမိသော်၎င်း၊ Garrad Bible တန် ဖိုး မ ပေး ဘဲ အ သီး အ နှံ ကို စား လျက်၊ မြေ ရှင် တို့ ထွက် သက် ဝင် သက် ကုန် စေ ခဲ့ လျှင်လည်း ကောင်း၊ Judson Bible စရိတ်မကုန်ဘဲ မြေအသီးအနှံကိုငါစား၍ မြေဆိုင်သောသူတို့ကို ညှဉ်းဆဲမိသော်လည်းကောင်း၊ |
သင်သည် မြေကိုထွန်ယက်လုပ်ကိုင်သော်လည်း မြေသည် မိမိ၏အသီးအနှံကို သင့်အား ပေးတော့မည်မဟုတ်။ သင်သည် ကမ္ဘာမြေကြီးပေါ်တွင် အတည်တကျနေစရာမရှိ၊ လှည့်လည်သွားလာသူဖြစ်ရလိမ့်မည်”ဟု မိန့်တော်မူ၏။
သူ့အား ထာဝရဘုရားက ‘သင်သည် လူကိုသတ်သည်သာမက သူ့ဥစ္စာကိုပါ သိမ်းယူပါပြီတကား’ဟူ၍ မိန့်တော်မူပြီဟု ဆင့်ဆိုလော့။ ထို့ပြင် သူ့အား ထာဝရဘုရားက ‘နာဗုတ်၏သွေးကို ခွေးတို့လျက်သောနေရာတွင် သင့်သွေးကိုလည်း လျက်လိမ့်မည်’ဟူ၍ မိန့်တော်မူပြီဟု ဆင့်ဆိုလော့”ဟု မိန့်ဆို၏။
ဆင်းရဲသားတို့သည် အဝတ်မပါ ကိုယ်ဗလာနှင့် သွားလာကြရ၏။ ဆာလောင်လျက်နှင့်ပင် ကောက်လှိုင်းစည်းကို သယ်ကြရ၏။
တိရစ္ဆာန်အစာကို လယ်ကွင်းတွင် လိုက်ရိတ်ရ၏။ ဆိုးယုတ်သောသူတို့၏စပျစ်ခြံတွင် ကောက်သင်းကောက်ရ၏။
မတရားသောအကျိုးစီးပွားကို တပ်မက်သောသူတိုင်း၏လမ်းတို့သည် ထိုကဲ့သို့ဖြစ်ကြ၏။ ထိုသို့သောအကျိုးစီးပွားသည် ၎င်းကိုပိုင်ဆိုင်သောသူတို့၏အသက်ကို နုတ်ယူတတ်၏။
အကြောင်းမူကား ကြည့်ရှုလော့။ ထာဝရဘုရားသည် မြေကြီးသားတို့ကို အပြစ်ဒဏ်ပေးရန် ကိန်းဝပ်တော်မူရာအရပ်မှ ကြွလာတော်မူ၏။ ထိုအခါ မြေကြီးသည် မိမိ၌ အသတ်ခံရသောသူတို့ကို ထုတ်ပြမည်။ သတ်သောသူတို့ကိုလည်း ဝှက်ထားမည်မဟုတ်။
မသမာသောနည်းဖြင့် မိမိနန်းတော်ကို တည်ဆောက်သောသူ၊ မတရားသောနည်းဖြင့် ဘုံဗိမာန်များကို တည်ဆောက်သောသူ၊ အမျိုးသားချင်းတို့ကို ခိုင်းစေပြီး လုပ်အားခမပေးသောသူ၊
ကြည့်ရှုလော့။ အာဏာသုံးပြီး လူသတ်သော အစ္စရေးခေါင်းဆောင်များ သင့်တွင်ရှိ၏။
ကြည့်ကြလော့။ သင်တို့လယ်ကွင်း၌ရိတ်သိမ်းပေးသည့် အလုပ်သမားတို့ကို သင်တို့လိမ်ညာ၍မပေးဘဲနေသော လုပ်အားခများသည် အော်ဟစ်နေကြ၏။ ရိတ်သိမ်းသောသူတို့၏အော်ဟစ်သံများသည်လည်း ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏နားတော်သို့ ရောက်လေပြီ။