သူတို့သည် လေနှင်ရာလွင့်သောကောက်ရိုးကဲ့သို့လည်းကောင်း၊ လေပွေတွင်ပါသွားသောဖွဲကဲ့သို့လည်းကောင်း ဖြစ်ဖူးသလော။
ယောဘဝတ္တု။ 30:22 - မြန်မာ့စံမီသမ္မာကျမ်း အကျွန်ုပ်ကို ဆွဲမပြီး လေထဲသို့ ပစ်လွှတ်လိုက်သဖြင့် အကျွန်ုပ်သည် လေပြင်းမုန်တိုင်းထဲတွင် လူးလွန့်လွင့်ပါသွားပါ၏။ Common Language Bible အကျွန်ုပ်ကို ချီသွား၍၊ လေကိုစီးစေသဖြင့်၊ အကျွန်ုပ်၏ ကိုယ်ခန္ဓာကို ဖြုတ်လွှင့်တော်မူ၏။ Garrad Bible အ ကျွန်ုပ် ကို ချီ၍ လေ ဟုန် စိတ် စေ သည့် ပြင် ပြင်း ပြ သံ ဖြင့် အ ရည် ဖျော် တော် မူ၏။ Judson Bible အကျွန်ုပ်ကိုချီသွား၍၊ လေကိုစီးစေသဖြင့်၊ အကျွန်ုပ်၏ ကိုယ်ခန္ဓာကို ဖြုတ်လွှင့်တော်မူ၏။ |
သူတို့သည် လေနှင်ရာလွင့်သောကောက်ရိုးကဲ့သို့လည်းကောင်း၊ လေပွေတွင်ပါသွားသောဖွဲကဲ့သို့လည်းကောင်း ဖြစ်ဖူးသလော။
အရှေ့လေသည် သူ့ကိုတိုက်သွားသဖြင့် သူရှိတော့မည်မဟုတ်။ သူ့ကို သူ့နေရာမှ လွင့်ထွက်သွားစေမည်။
အကြောင်းမှာ ကိုယ်တော်သည် မိုးသက်မုန်တိုင်းဖြင့် ငါ့ကိုကြေမွစေတော်မူပြီ။ အကြောင်းမရှိဘဲ ငါ၌ ဒဏ်ရာများပြားစေတော်မူခဲ့ပြီ။
ဆိုးယုတ်သောသူတို့မူကား ထိုကဲ့သို့မဟုတ်။ လေတိုက်၍ လွင့်သွားသောဖွဲနှင့်တူကြ၏။
ဤသည်ကား ကိုယ်တော်၏ဒေါသ၊ ကိုယ်တော်၏အမျက်တော်ကြောင့် ဖြစ်ပါ၏။ အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်ကိုချီးမြှောက်ပြီးမှ ပစ်ချတော်မူ၏။
ကိုယ်တော်သည် မိမိအထက်ခန်းတို့၏ရက်မများကို ရေပေါ်တွင်တည်ထားပြီး တိမ်တိုက်များကို မြင်းရထားအဖြစ်စီးလျက် လေ၏တောင်ပံများဖြင့် သွားလာတော်မူ၏။
ကိုယ်တော်သည် ခေရုဗိမ်ကိုစီး၍ ပျံသန်းတော်မူ၏။ လေအတောင်ပံများအားဖြင့် ထိုးဆင်းတော်မူ၏။
လူတို့သည် ရေလုံးကြီးတို့၏မြည်ဟည်းသံကဲ့သို့ မြည်ဟည်းကြသော်လည်း ကိုယ်တော်သည် သူတို့ကိုဆုံးမတော်မူသောအခါ အဝေးသို့ထွက်ပြေးကြရလိမ့်မည်။ တောင်ပေါ်မှဖွဲကို လေတိုက်သကဲ့သို့၊ ဖုန်မှုန့်ကို လေပွေတိုက်၍ လုံးထွေးလိမ့်ပါသွားသကဲ့သို့ အလိုက်ခံရကြ၏။
မြို့ကိုဝိုင်းထားသောနေ့စေ့သောအခါ ထိုအထဲမှ သုံးပုံတစ်ပုံကို မြို့ထဲတွင် မီးရှို့ပစ်လော့။ နောက်ထပ်သုံးပုံတစ်ပုံကို မြို့ထဲလှည့်လည်၍ ဓားဖြင့်ခုတ်ဖြတ်လော့။ နောက်ထပ်သုံးပုံတစ်ပုံကို လေထဲသို့လွှင့်ပစ်လိုက်လော့။ ငါသည် ထိုအစုနောက်သို့ ဓားကိုလွှတ်လိုက်မည်။
ထို့ကြောင့် သူတို့သည် နံနက်အချိန်၌ကျသောမြူခိုးကဲ့သို့၊ စောစောပြယ်လွင့်သွားသောနှင်းစက်ကဲ့သို့၊ လေထဲတွင် လွင့်ပါသွားသောကောက်နယ်တလင်းမှ ဖွဲကဲ့သို့၊ မီးခိုးခေါင်းတိုင်မှ ထွက်သောမီးခိုးကဲ့သို့ ဖြစ်ကြလိမ့်မည်။
လေသည် သူတို့ကို အတောင်ပံများနှင့်ရစ်ပတ်လေပြီ။ သူတို့ပူဇော်သောယဇ်များကြောင့် အရှက်ကွဲရကြလိမ့်မည်။