ရှောလမုန်မင်းကြီးသည် ဘိုးဘေးတို့နှင့်အတူအိပ်ပျော်၍ ခမည်းတော်ဒါဝိဒ်မင်းကြီး၏မြို့တွင် သင်္ဂြိုဟ်ခြင်းခံရလေ၏။ သားတော်ရောဗောင်သည် ခမည်းတော်၏အရိုက်အရာကို ဆက်ခံလေ၏။
ယောဘဝတ္တု။ 3:14 - မြန်မာ့စံမီသမ္မာကျမ်း မိမိတို့အတွက် ပြိုပျက်ရာများကိုပြန်လည်တည်ဆောက်နေကြသော ရှင်ဘုရင်များ၊ လောကီအကြံပေးသူများ၊ Common Language Bible မြို့ပျက်တို့ကို ပြင်ဆင်ပြုစုသော လောကီရှင်ဘုရင်၊ Judson Bible မြို့ပျက်တို့ကို ပြင်ဆင်ပြုစုသော လောကီရှင်ဘုရင်၊ |
ရှောလမုန်မင်းကြီးသည် ဘိုးဘေးတို့နှင့်အတူအိပ်ပျော်၍ ခမည်းတော်ဒါဝိဒ်မင်းကြီး၏မြို့တွင် သင်္ဂြိုဟ်ခြင်းခံရလေ၏။ သားတော်ရောဗောင်သည် ခမည်းတော်၏အရိုက်အရာကို ဆက်ခံလေ၏။
ထို့နောက်တွင် ဒါဝိဒ်မင်းကြီးသည် ဘိုးဘေးတို့နှင့်အတူအိပ်ပျော်၍ သူ့ကို ဒါဝိဒ်မြို့တွင် သင်္ဂြိုဟ်ကြ၏။
ကိုယ်တော်သည် အတိုင်ပင်ခံအမတ်တို့ကို ခြေဗလာဖြင့် ဖမ်းခေါ်သွားစေ၍ တရားသူကြီးတို့ကိုလည်း ရူးသွပ်စေတော်မူ၏။
ရှင်ဘုရင်တို့ချည်နှောင်သောကြိုးကို ဖြေ၍ သူတို့ခါးကို ခါးပတ်နှင့် စည်းတော်မူ၏။
အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်ကို သေခြင်းသို့လည်းကောင်း၊ သက်ရှိသတ္တဝါအားလုံးစုတေ့ရာသို့လည်းကောင်း အရောက်ပို့မည်ကို အကျွန်ုပ်သိပါ၏။
သူတို့သည် မရဏာနိုင်ငံအတွက် သိုးကဲ့သို့ လျာထားခြင်းခံရ၍ သေခြင်းသည် သူတို့ကိုထိန်းကျောင်းလိမ့်မည်။ ဖြောင့်မှန်သောသူတို့သည် နံနက်အချိန်၌ ထိုသူတို့ကိုအုပ်စိုးကြလိမ့်မည်။ ထိုသူတို့၏ရုပ်သဏ္ဌာန်သည် မိမိတို့နေထိုင်ရာအရပ်မှဝေးကွာသည့် မရဏာနိုင်ငံ၌ဆွေးမြည့်ကြလိမ့်မည်။
မည်သူသည် သေခြင်းကိုမမြင်ရဘဲ အသက်ရှင်နိုင်သနည်း။ မည်သူသည် မိမိ၏စိတ်ဝိညာဉ်ကို မရဏာနိုင်ငံ၏တန်ခိုးမှ လွတ်မြောက်စေနိုင်သနည်း။(စေလာ)
လေကိုတားဆီးရန် မည်သူမျှလေကိုမထိန်းချုပ်နိုင်သကဲ့သို့ သေရမည့်နေ့ရက်အပေါ် အခွင့်အာဏာရှိသောသူမရှိ။ (စစ်ဖြစ်ချိန်၌) စစ်ပွဲမှမည်သူမျှထွက်ခွာခွင့်မရှိသကဲ့သို့ ဆိုးယုတ်မှုသည် ဆိုးယုတ်သောသူကို လွတ်မြောက်ခွင့်ပေးလိမ့်မည်မဟုတ်။
တိုင်းနိုင်ငံတို့၏ရှင်ဘုရင်အပေါင်းတို့သည် မိမိတို့၏ဂူဗိမာန်အသီးသီး၌ ဘုန်းအသရေရှိရှိလဲလျောင်းကြရ၏။
‘ဤနေရာ၌ မိမိအတွက်သင်္ချိုင်းဂူထွင်းသောသူ၊ မြင့်ရာအရပ်၌ မိမိ၏သင်္ချိုင်းဂူထွင်းသောသူ၊ ကျောက်ကိုထွင်း၍ မိမိနေရာကိုလုပ်သောသူ သင်သည် ဤနေရာနှင့် မည်သို့ဆိုင်သနည်း။ မည်သူက သင့်ကိုအခွင့်ပေးသနည်း။
နေရာလပ်မရှိတော့သည်အထိ အိမ်တစ်အိမ်နှင့်တစ်အိမ်ကပ်နေအောင်၊ လယ်တစ်ကွက်နှင့်တစ်ကွက်ဆက်နေအောင် ပြုသောသူတို့သည် အမင်္ဂလာရှိကြ၏။ ထိုမြေအလယ်၌ သင်တစ်ဦးတည်း နေထိုင်ရလိမ့်မည်။
သင့်လူမျိုးတို့သည် ရှေးအပြိုအပျက်တို့ကို ပြန်လည်တည်ဆောက်ကြမည်။ ခေတ်ကာလအဆက်ဆက်မှ ပျက်စီးခဲ့သောအုတ်မြစ်တို့ကို ပြန်ချမည်။ သင့်ကိုလည်း ပြိုပျက်သောမြို့ရိုးကိုပြန်တည်ဆောက်သူ၊ လူနေလမ်းများကိုပြန်ပြုပြင်သူဟု ခေါ်ဆိုကြမည်။
ရှေးလူတို့ရောက်သွားရာ တွင်းထဲသို့ သင့်ကိုရောက်သွားစေမည်။ ရှေးကာလကတည်းကပြိုပျက်ရာ မြေကြီးအောက်တွင်းနက်ထဲတွင် ထိုသူတို့နှင့်အတူ သင့်ကိုနေထိုင်စေမည်။ သင်ပြန်လာရမည်မဟုတ်။ အသက်ရှင်သူတို့၏ပြည်၌ကား ဂုဏ်သရေရှိစေမည်’ဟု မိန့်တော်မူ၏။