အကျွန်ုပ်သည် မကြာမီ ပြန်လမ်းမရှိ မှောင်မိုက်၍ သေမင်းအရိပ်လွှမ်းမိုးသောပြည်သို့ သွားရပါတော့မည်။
ယောဘဝတ္တု။ 3:13 - မြန်မာ့စံမီသမ္မာကျမ်း ထိုသို့သာမဖြစ်ခဲ့လျှင် ငါသည် ယခု ငြိမ်းချမ်းစွာလဲလျောင်းရလေပြီ။ အိပ်စက်အနားယူရလေပြီ။ Common Language Bible ထိုသို့မပြုလျှင် ငါသည်အိပ်၍ငြိမ်းပြီ။ ပျော်လျက်နေရပြီ။ Garrad Bible ထို သို့ ဖြစ် လျှင်၊ ငါ သည် အ ငြိမ်း အိပ်၍၊ ပျော် မွေ့ လျက် နေ ခဲ့ ရ လေ ပြီ။ မြို့ ပျက် များ ကို တည် ထောင် ပြန် သော မြေ ကြီး ဘု ရင်၊ မင်း တိုင် ပင် များ။ ရွှေ ပေါ များ၍။ ငွေ ကို ကိုယ့် အိမ် တွင် သို ထား သော မှူး မတ် များ နှင့် အ တူ ငြိမ်း အေး လျက် နေ ခဲ့ ရ လေ ပြီ။ Judson Bible ထိုသို့မပြုလျှင် ငါသည်အိပ်၍ ငြိမ်းပြီ။ ပျော်လျက်နေရပြီ။ |
အကျွန်ုပ်သည် မကြာမီ ပြန်လမ်းမရှိ မှောင်မိုက်၍ သေမင်းအရိပ်လွှမ်းမိုးသောပြည်သို့ သွားရပါတော့မည်။
ပိန်းပိတ်အောင်မှောင်မိုက်နေပြီး သေမင်းအရိပ်ဖုံးလွှမ်းနေ၍ အလင်းသည်ပင် အမှောင်ကဲ့သို့ဖြစ်နေသောပြည်သို့ ငါသွားရတော့မည်’ဟူ၍ လျှောက်ဆိုမည်”ဟု ညည်းဆိုလေ၏။
ကိုယ်တော်သည် လူကိုအစဉ်နိုင်တော်မူ၍ သူသည် ကွယ်ပျောက်သွားရ၏။ သူ၏မျက်နှာရုပ်သွင်ကိုပြောင်းလဲပစ်၍ သူ့ကို အဝေးသို့နှင်ထုတ်တော်မူ၏။
မရဏာနိုင်ငံသည် ငါမျှော်လင့်ရာအိမ်ဖြစ်၍ ငါ့အိပ်ရာကို မှောင်မိုက်၌ ခင်းထားရလျှင်
ငါ့ကို ရွေးနုတ်တော်မူမည့်အရှင်သည် အသက်ရှင်တော်မူ၍ နောက်ဆုံး၌ မြေကြီးပေါ်တွင် ပေါ်ထွန်းတော်မူမည်ကို ငါသိ၏။
ငါကိုယ်တိုင် ဖူးမြင်ရမည်။ အခြားသူမဟုတ်ဘဲ ငါကိုယ်တိုင် မျက်စိဖြင့် မြင်ရမည်။ ထိုသို့ ငါ့ရင်ထဲ၊ နှလုံးသားထဲမှ တမ်းတလျက်ရှိ၏။
သူတို့သည် အသက်ရှင်စဉ် စည်းစိမ်ချမ်းသာများကို သုံးဖြုန်းကြ၏။ တစ်ခဏချင်းတွင် မရဏာနိုင်ငံသို့ ရောက်သွားတတ်ကြ၏။
လူတစ်ယောက်သည် အရိုးများအားပြည့်လျက်၊ တစ်ကိုယ်လုံးကျန်းမာသန်စွမ်းလျက်၊ လုံခြုံအေးချမ်းလျက်၊
ထိုသူနှစ်ဦးလုံးသည် မြေမှုန့်ထဲ၌ အတူတူလဲလျောင်းလျက် သူတို့ကို လောက်ကောင်များ ဖုံးလွှမ်းကြ၏။
မိုးခေါင်၍အပူရှိန်သည် နှင်းပွင့်ကို ဝါးမျိုသကဲ့သို့ မရဏာနိုင်ငံသည် အပြစ်ပြုသောသူတို့ကို ဝါးမျိုလိမ့်မည်။
သူ့မိခင်သည်ပင် သူ့ကို မေ့လျော့ပြီး လောက်ကောင်များသည် သူ့အသားကို မြိန်ရှက်စွာစားသောက်သွားသဖြင့် သူ့ကို သတိရကြတော့မည်မဟုတ်။ မတရားသောသူသည် သစ်ပင်ကဲ့သို့ ကျိုးပဲ့သွားရလိမ့်မည်။
ရှေ့တော်တွင် မရဏာနိုင်ငံသည် ဟင်းလင်းဖြစ်ပါ၏။ ပျက်စီးခြင်းနိုင်ငံသည် အဖုံးအကွယ်မရှိပါ။
ဒူးတို့သည်လည်း အဘယ်ကြောင့် ငါ့ကိုကြိုဆိုကြသနည်း။ အဘယ်ကြောင့် နို့ကို ငါစို့ရသနည်း။
အကျွန်ုပ်ကျူးလွန်မိသောအပြစ်ကို အဘယ်ကြောင့်ခွင့်လွှတ်တော်မမူပါသနည်း။ အကျွန်ုပ်၏ဒုစရိုက်ကို အဘယ်ကြောင့် ဖယ်ရှားတော်မမူပါသနည်း။ ယခု မြေမှုန့်၌ အကျွန်ုပ်အိပ်ရပါတော့မည်။ ကိုယ်တော်သည် အကျွန်ုပ်ကိုကြိုးစားရှာသော်လည်း တွေ့ရတော့မည်မဟုတ်ပါ”ဟု ညည်းဆိုလေ၏။
သင်လုပ်ဆောင်စရာအမှုရှိသမျှကို ခွန်အားစိုက်ထုတ်၍လုပ်ဆောင်လော့။ အကြောင်းမူကား သင်သွားရမည့် မရဏာနိုင်ငံတွင် အလုပ်အကိုင်မရှိ၊ အကြောင်းအကျိုးမရှိ၊ အသိပညာမရှိ၊ ဉာဏ်ပညာလည်းမရှိ။
သူတို့သည် အရေဖျားလှီးခြင်းမခံသော၊ ဓားကိုခေါင်းအုံးသဖွယ်အုံးရသော၊ စစ်လက်နက်များနှင့်တကွ မရဏာနိုင်ငံသို့ဆင်းသွားရသော စစ်သူရဲတို့နှင့်အတူ လဲလျောင်းရမည်မဟုတ်။ ထိုသူတို့သည် မြေကြီးသားတို့ကို ထိတ်လန့်တုန်လှုပ်စေခဲ့သည်ဖြစ်၍ အရိုးထိအပြစ်စွဲသောသူများ ဖြစ်ကြ၏။