အကြောင်းမူကား ငါ့အမိဝမ်းကိုမပိတ်ပေးပါ။ အခက်အခဲပြဿနာကိုလည်း ငါ့ထံမှ မလွှဲပေးပါ။
ယောဘဝတ္တု။ 3:11 - မြန်မာ့စံမီသမ္မာကျမ်း ငါသည် မွေးစကပင် အဘယ်ကြောင့် မသေရသနည်း။ အမိဝမ်းထဲကထွက်လာစဉ်ကပင် အဘယ်ကြောင့် အသက်မချုပ်ငြိမ်းရသနည်း။ Common Language Bible ငါသည်မွေးစက အဘယ်ကြောင့်မသေသနည်း။ အမိဝမ်းထဲမှ ထွက်စက အဘယ်ကြောင့် အသက်မချုပ် သနည်း။ Garrad Bible ငါ သည် ဖွား စ က အ ဘယ့် ကြောင့် မ သေ၊ အ မိ ဝမ်း မှ အ ဘယ် ကြောင့် မ ကွယ် လွန် ရ သ နည်း။ Judson Bible ငါသည်မွေးစက အဘယ်ကြောင့် မသေသနည်း။ အမိဝမ်းထဲမှထွက်စက အဘယ်ကြောင့် အသက်မချုပ်သနည်း။ |
အကြောင်းမူကား ငါ့အမိဝမ်းကိုမပိတ်ပေးပါ။ အခက်အခဲပြဿနာကိုလည်း ငါ့ထံမှ မလွှဲပေးပါ။
ဒူးတို့သည်လည်း အဘယ်ကြောင့် ငါ့ကိုကြိုဆိုကြသနည်း။ အဘယ်ကြောင့် နို့ကို ငါစို့ရသနည်း။
သူတို့သည် သွားရင်းလာရင်း အကျိအချွဲဖြစ်သွားသော ပက်ကျိကဲ့သို့လည်းကောင်း၊ နေရောင်ကိုမတွေ့မြင်ရသည့် အသေမွေးသောကလေးကဲ့သို့လည်းကောင်း ဖြစ်ကြပါစေ။
အကျွန်ုပ်သည် မွေးဖွားချိန်မှစ၍ ကိုယ်တော်ကိုမှီခိုအားထားပါ၏။ အကျွန်ုပ်၏မိခင်ဝမ်းထဲမှ အကျွန်ုပ်ကိုထုတ်ဆောင်ခဲ့သောအရှင်မှာ ကိုယ်တော်သာဖြစ်ပါ၏။ အကျွန်ုပ်သည် ကိုယ်တော်ကို အစဉ်ချီးမွမ်းပါမည်။
ထို့ကြောင့် အသက်ရှင်နေသေးသောလူရှင်တို့ထက် သေလွန်ပြီးသောလူသေတို့ကို ငါထောမနာပြု၏။
သို့ရာတွင် လူဖြစ်မလာသေးသောသူ၊ နေအောက်တွင်ပြုသောမကောင်းမှုကို မမြင်သေးသောသူသည် ထိုနှစ်ဦးတို့ထက်ပို၍ကောင်း၏။
လူသည် သားတစ်ရာမွေးဖွား၍ နှစ်ပေါင်းများစွာအသက်ရှင်ရလျက် သူ့အသက်တာ၏နေ့ရက်သည် များပြားလျှင်လည်း သူ၏စိတ်ဝိညာဉ်သည် ကောင်းကျိုးချမ်းသာကြောင့် အလိုပြည့်စုံသည်ဟူ၍မရှိသကဲ့သို့ သူ့ကို သင်္ချိုင်းတွင်သင်္ဂြိုဟ်ခြင်းလည်းမရှိလျှင် အသေမွေးသောကလေးသည် ထိုသူထက်ပို၍ကောင်းသည်ဟု ငါဆို၏။
သူသည် နေကိုလည်းမမြင်ရ၊ မည်သည့်အရာကိုမျှလည်းမသိရ။ သို့သော် ထိုကလေးသည် အထက်ဖော်ပြပါလူထက် ပို၍အေးချမ်းမှုရှိ၏။
အို ယာကုပ်အမျိုးအနွယ်တို့၊ ကြွင်းကျန်သောအစ္စရေးအမျိုးသားအပေါင်းတို့၊ ငါ့စကားကို နားထောင်ကြလော့။ ဝမ်းဗိုက်ထဲကပင် သင့်ကို ငါလွယ်ထား၏။ မွေးစကပင် သင့်ကို ငါချီမထား၏။
အို ငါ့မွေးသမိခင်၊ ငါ၌အမင်္ဂလာရှိ၏။ ငါသည် မြေတစ်ပြင်လုံးနှင့်ခိုက်ရန်ဖြစ်ပွားသောသူ၊ အငြင်းပွားသောသူ ဖြစ်ရပါပြီတကား။ ငါသည် သူတို့ကို မချေးငှားပေးဖူးပါ။ သူတို့ထံမှ မချေးယူဖူးပါ။ သို့ရာတွင် သူတို့အားလုံးက ငါ့ကိုကျိန်ဆဲကြပါ၏။
ငါ့ကို အမိဝမ်းထဲကပင် သတ်ခဲ့သင့်၏။ သို့ပြုလျှင် မိခင်၏ဝမ်းသည် ငါ၏သင်္ချိုင်း၊ ငါ့ကို အစဉ်ကိုယ်ဝန်ဆောင်ရာနေရာ ဖြစ်လိမ့်မည်။
အို ထာဝရဘုရား၊ သူတို့အား ပေးတော်မူပါ။ သူတို့အား မည်သည့်အရာပေးတော်မူမည်နည်း။ သူတို့အား ကိုယ်ဝန်ပျက်သောဝမ်း၊ နို့မထွက်သောသားမြတ်ကို ပေးတော်မူပါ။