မှောင်မိုက်ထဲမှ လျှို့ဝှက်သောအရာတို့ကို ဖော်ထုတ်ပြ၏။ အမှောင်ထုကို အလင်းသို့ ရောက်စေတော်မူ၏။
ယောဘဝတ္တု။ 28:3 - မြန်မာ့စံမီသမ္မာကျမ်း မိုင်းတူးသမားသည် အမှောင်ကိုခွင်း၍ တွင်းနက်အဆုံးစွန်ထိ သတ္တုရိုင်းများကို သေမင်းအရိပ်လွှမ်းမိုးရာအမှောင်ထုကြီးထဲ၌ ရှာဖွေတတ်၏။ Common Language Bible လူသည် မှောင်မိုက်ကို ပျောက်စေတတ်၏။ အဆုံးတိုင်အောင်၎င်း မှောင်မိုက်ကျောက်၊ သေမင်း အရိပ်တိုင်အောင်၎င်း လိုက်၍ စစ်တတ်၏။ Garrad Bible လူ သည် မြေ ထု စွန်း တိုင် အောင်၊ သေ မင်း အ ရိပ်၌ မှောင် အ တိ၌ ရှိ သော ကျောက် မျက် များ ကို လိုက် စစ်၍၊ ထို မှောင် မိုက် ကို ပျောက် လင်း စေ တတ်၏။ Judson Bible လူသည် မှောင်မိုက်ကို ပျောက်စေတတ်၏။ အဆုံးတိုင်အောင်လည်းကောင်း မှောင်မိုက်ကျောက်၊ သေမင်းအရိပ်တိုင်အောင်လည်းကောင်း လိုက်၍စစ်တတ်၏။ |
မှောင်မိုက်ထဲမှ လျှို့ဝှက်သောအရာတို့ကို ဖော်ထုတ်ပြ၏။ အမှောင်ထုကို အလင်းသို့ ရောက်စေတော်မူ၏။
လူသူမရောက်မပေါက်နိုင်သောနေရာ၊ ခြေလျင်သွားသူတို့မမှတ်မိသောနေရာတွင် မိုင်းတွင်းများကို ထိုးဖောက်ပြီး လူသူဝေးရာတွင် ကြိုးကို တွဲလွဲခို၍ အလုပ်လုပ်ကြ၏။
ထိုနေ့ရက်ကို မှောင်မိုက်ခြင်းနှင့် သေမင်းအရိပ်တို့သည် သိမ်းယူပါစေ။ တိမ်တိုက်ဖုံးလွှမ်းပါစေ။ နေ့၏အမှောင်ထုသည် ထိုနေ့ရက်ကို ခြောက်လှန့်ပါစေ။
ငွေကိုရှာသကဲ့သို့ ဉာဏ်ပညာကိုရှာ၍ ဝှက်ထားသောဘဏ္ဍာကိုရှာဖွေသကဲ့သို့ ထိုဉာဏ်ပညာကိုရှာဖွေလျှင်လည်းကောင်း
ငါသည် မိုးကောင်းကင်အောက်၌ပြုသမျှသောအရာတို့ကို ဉာဏ်ပညာအားဖြင့် ရှာဖွေရန်နှင့်စူးစမ်းရန် ငါ၏စိတ်ကိုပိုင်းဖြတ်ထား၏။ ၎င်းမှာ လူသားတို့ကိုရုန်းကန်စေရန် သူတို့အား ဘုရားသခင်ပေးအပ်တော်မူသည့် ငြီးငွေ့ဖွယ်ကောင်းသောအလုပ်ဖြစ်၏။
ကြည့်ရှုလော့။ လူတို့သည် မီးစာဖြစ်သွားမည့်အရာအတွက် ကြိုးစားအားထုတ်လုပ်ကိုင်ကြပြီ။ လူမျိုးတို့သည် အချည်းနှီးသောအရာအတွက် အပင်ပန်းခံကြပြီ။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် ဤသို့ဖြစ်စေပြီမဟုတ်လော။
ဘုရားသခင်၏နိုင်ငံတော်နှင့် ကိုယ်တော်၏ဖြောင့်မတ်ခြင်းကို ဦးစွာရှာကြလော့။ ထိုအခါ ဤအရာအားလုံးတို့ကို သင်တို့အား ထပ်လောင်း၍ပေးတော်မူလိမ့်မည်။
ထိုအခါ သခင်သည် မတရားသောဘဏ္ဍာစိုး၏ ပါးနပ်သည့်လုပ်ဆောင်မှုအတွက် သူ့ကိုချီးမွမ်းလေ၏။ အကြောင်းမူကား ဤလောက၏သားသမီးများသည် မိမိတို့ခေတ်ကာလလူတို့နှင့်ဆက်ဆံရာတွင် အလင်း၏သားသမီးများထက် လိမ္မာပါးနပ်ကြ၏။