အကြောင်းမူကား ကိုယ်တော်သည် မြေကြီးစွန်းတိုင်အောင် ကြည့်ရှုတော်မူ၏။ မိုးကောင်းကင်အောက် ရှိသမျှတို့ကို မြင်တော်မူ၏။
ပညာနေရာအရပ်ကို သိတော်မူ၏။
ကိုယ် တော် သည် လေ ကို ချိန် စက် လျက်၊ ရေ အ တိုင်း အ တာ ကို စီ စဉ် ခြင်း ငှာ၊ မြေ ကြီး စွန်း တိုင် အောင် ရှု ကြည့်၍၊ မိုး ကောင်း ကင် အောက် တစ် ဝှမ်း လုံး အာ ရုံ ပြု တော် မူ၏။
ပညာနေရာအရပ်ကို သိတော်မူ၏။
ထာဝရဘုရား၌ စိတ်နှလုံးအကြွင်းမဲ့ယုံကြည်ကိုးစားသူတို့ကို ခွန်အားဖြည့်ပေးရန် ကိုယ်တော်သည် မြေကြီးတစ်ပြင်လုံးကို အစဉ်ကြည့်ရှုတော်မူ၏။ သင်မိုက်မဲစွာပြုမိပြီဖြစ်သောကြောင့် ယခုမှစ၍ သင်သည် စစ်ပွဲများနှင့် ရင်ဆိုင်ရတော့မည်”ဟု ဆင့်ဆို၏။
ကိုယ်တော်၏မျက်စိသည် လူ၏မျက်စိနှင့်တူသလော။ လူတို့မြင်တတ်သကဲ့သို့ ကိုယ်တော်မြင်တော်မူသလော။
ကိုယ်တော်သည် လှည့်စားတတ်သောသူကို သိတော်မူ၏။ သူပြုသောဒုစရိုက်ကိုမြင်လျှင် မမှတ်ထားဘဲနေတော်မူမည်လော။
ကိုယ်တော်သည် ငါလျှောက်သောလမ်းကို မြင်တော်မူသည်ဖြစ်၍ ငါ၏ခြေလှမ်းတိုင်းကို ရေတွက်တော်မူသည်မဟုတ်လော။
ကိုယ်တော်သည် အသံတော်ကို ကောင်းကင်အောက်တစ်ခွင်လုံးသို့ လွှတ်တော်မူ၍ မြေကြီးစွန်းတိုင်အောင် လျှပ်စီးကိုလက်စေတော်မူ၏။
မြေကြီးစွန်းတို့ကိုဆုပ်ကိုင်ပြီး မြေကြီးပေါ်ရှိလူဆိုးတို့ကို ခါထုတ်ရန် သူတို့ကို အမိန့်ပေးဖူးသလော။
မြေမျက်နှာပြင်အကျယ်အဝန်းကို သင်သိသလော။ ဤအရာအားလုံးကို သင်သိလျှင် ပြောပြပါ။
မည်သူသည် ငါ့ကို အလျင်ပေး၍ ငါပြန်ပြီးပေးရမည်နည်း။ မိုးကောင်းကင်အောက် ရှိသမျှတို့သည် ငါ့အပိုင် ဖြစ်၏။
ထာဝရဘုရားသည် မိမိ၏သန့်ရှင်းသောဗိမာန်တော်၌ စံနေတော်မူ၏။ ထာဝရဘုရား၏ပလ္လင်တော်သည် ကောင်းကင်ဘုံ၌ရှိ၏။ ကိုယ်တော်သည် မျက်စိတော်ဖြင့်ကြည့်ရှု၍ မျက်ခမ်းတော်ဖြင့် လူသားတို့ကို စစ်ဆေးတော်မူ၏။
မည်သူသည် မိမိကိုယ်ကိုကိုင်းညွတ်လျက် ကောင်းကင်နှင့်မြေကြီးကို ကြည့်ရှုသနည်း။
ကိုယ်တော်သည် မိမိ၏အစွမ်းတန်ခိုးတော်ဖြင့် အစဉ်အမြဲအုပ်စိုးတော်မူ၏။ ကိုယ်တော်၏မျက်စိတော်သည် လူမျိုးတကာတို့ကို သေချာစွာကြည့်ရှုတော်မူ၏။ ငြင်းဆန်သောသူတို့သည် သူတို့ကိုယ်သူတို့ မချီးမြှောက်ကြပါစေနှင့်။(စေလာ)
ထာဝရဘုရား၏မျက်စိတော်သည် နေရာတိုင်း၌ရှိ၍ မကောင်းမှုပြုသောသူတို့နှင့် သူတော်ကောင်းတို့ကို စောင့်ကြည့်နေတော်မူ၏။
သေးငယ်သောအမှုများပြုသောနေ့ရက်ကို မည်သူ မထီမဲ့မြင်ပြုသနည်း။ သို့သော် မြေတစ်ပြင်လုံးကို လှည့်လည်ကြည့်ရှုလျက်နေသော ထာဝရဘုရား၏မျက်လုံးတော်ခုနစ်လုံးသည် ဇေရုဗဗေလလက်ထဲမှ ချိန်သီးတုံးကိုမြင်သောအခါ ဝမ်းမြောက်ကြ၏”ဟု မိန့်ဆို၏။
ထို့နောက် အသေသတ်ခြင်းခံခဲ့ရပုံပေါ်သော သိုးသငယ်တော်သည် ပလ္လင်တော်နှင့်သတ္တဝါလေးပါးတို့၏အကြား၊ သက်ကြီးဝါကြီးတို့၏အလယ်၌ ရပ်လျက်နေသည်ကို ငါမြင်ရ၏။ ထိုသိုးသငယ်တော်၌ ဦးချိုခုနစ်ချောင်းနှင့် မျက်စိခုနစ်လုံးရှိ၏။ ထိုမျက်စိတို့သည် မြေကြီးတစ်ပြင်လုံးသို့စေလွှတ်ခြင်းခံရသော ဘုရားသခင်၏ဝိညာဉ်ခုနစ်ပါးဖြစ်ကြ၏။