ယောဘဝတ္တု။ 27:6 - မြန်မာ့စံမီသမ္မာကျမ်း ဖြောင့်မတ်ခြင်းကို လက်မလွှတ်ဘဲ စွဲကိုင်ထားမည်။ ငါအသက်ရှင်သမျှကာလပတ်လုံး ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ရအောင် နေမည်။ Common Language Bible ငါသည် တရားကိုအကျင့်ကိုလက်မလွှတ်၊ စွဲကိုင်လျက်နေမည်။ အသက်ရှင်သမျှကာလပတ်လုံး ကိုယ်စိတ်နှလုံးသည် ကိုယ်ကိုအပြစ်မတင်ရ။ Garrad Bible ငါ့ နေ့ ရက် တာ အ တွင်း၊ စိတ် နှ လုံး က အ ပြစ် မ တင် ခဲ့ သည် နှင့် အ ညီ၊ ငါ ဖြောင့် မတ် သည် ဟု မ လွှတ် ဘဲ အ မြဲ ဝန် ခံ မည်။ Judson Bible ငါသည် တရားသောအကျင့်ကို လက်မလွှတ်၊ စွဲကိုင်လျက်နေမည်။ အသက်ရှင်သမျှကာလပတ်လုံး ကိုယ်စိတ်နှလုံးသည် ကိုယ်ကိုအပြစ်မတင်ရ။ |
ဖြောင့်မတ်သောသူမူကား မိမိလမ်းအတိုင်း တည်ကြည်စွာလျှောက်လှမ်း၍ လက်စင်ကြယ်သောသူသည်လည်း ပို၍ပို၍အားကြီးလာလိမ့်မည်။
ထိုအခါ ထာဝရဘုရားက စာတန်အား “ငါ့အစေအပါးယောဘကို သင်သတိထားမိသလော။ မြေကြီးပေါ်တွင် သူနှင့်တူသောသူတစ်ယောက်မျှမရှိ။ သူသည် အပြစ်တင်စရာမရှိ၊ ဖြောင့်မှန်သောသူ၊ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေသောသူ၊ မကောင်းမှုကို ရှောင်ကြဉ်သောသူဖြစ်၏။ အကြောင်းမရှိဘဲ သူ့ကိုဖျက်ဆီးရန် သင်သည် ငါ့ကိုတိုက်တွန်းသော်လည်း သူသည် ဖြောင့်မတ်တည်ကြည်ခြင်းကို စွဲကိုင်ထားလျက်ရှိ၏”ဟု မိန့်ဆို၏။
ငါ့ရန်သူသည် ဆိုးယုတ်သောသူကဲ့သို့လည်းကောင်း၊ ငါ့ကိုဆန့်ကျင်သောသူသည် လူဆိုးသူခိုးကဲ့သို့လည်းကောင်း ဖြစ်ပါစေ။
ငါသည် ဖြောင့်မတ်ခြင်းကို လွှမ်းခြုံဝတ်ဆင်ထား၏။ တရားမျှတခြင်းသည် ငါ့ဝတ်လုံ၊ ငါ့ခေါင်းပေါင်းကဲ့သို့ ဖြစ်ခဲ့၏။
ဖြောင့်မတ်ခြင်းချိန်ခွင်ဖြင့် ချိန်စက်ကြည့်ပါစေ။ ငါဖြောင့်မတ်တည်ကြည်ကြောင်းကို ဘုရားသခင် သိတော်မူလိမ့်မည်။
ငါသည် သွားနေသောလမ်းမှ ခြေလှမ်းလွဲခဲ့လျှင်၊ ငါ့စိတ်နှလုံးသည် မျက်စိအလိုနောက်သို့ လိုက်ခဲ့လျှင်၊ ငါ့လက်သည် အညစ်အကြေးစွန်းထင်းခဲ့လျှင်
ယောဘသည် မိမိကိုယ်မိမိ ဖြောင့်မတ်သည်ဟု ခံယူသောကြောင့် ထိုသူသုံးဦးလည်း ဘာမျှဆက်မပြောတော့ပေ။
ထိုသို့ ယောဘက မိမိကိုယ်မိမိ ဘုရားသခင်ထက် ဖြောင့်မတ်မှန်ကန်သည်ဟု ဆိုသောကြောင့် ရာမမျိုးနွယ်စု၊ ဗုဇအမျိုး၊ ဗာရခေလ၏သား ဧလိဟုသည် ယောဘကို အမျက်ထွက်၏။
သင်သည် ငါ၏စီရင်ထုံးဖွဲ့ချက်ကို ပယ်ဖျက်မည်လော။ သင့်ကိုယ်သင် ဖြောင့်မတ်ကြောင်းပြသရန် ငါ့ကို အပြစ်တင်မည်လော။
ယခု ပြန်ဆင်ခြင်ကြပါ။ မတရားသောသူများ မဖြစ်ကြနှင့်။ ထပ်ပြီးဆင်ခြင်ကြည့်ကြပါ။ ဤအမှု၌ ငါဖြောင့်မတ်ပါသေး၏။
ဆုံးမပဲ့ပြင်ခြင်းကိုဆုပ်ကိုင်ထားလော့။ လွတ်မသွားစေနှင့်။ ၎င်းကိုထိန်းသိမ်းစောင့်ရှောက်လော့။ အကြောင်းမူကား ၎င်းသည် သင်၏အသက်ဖြစ်၏။
ထို့ကြောင့် အကျွန်ုပ်သည် ဘုရားသခင်ရှေ့၊ လူတို့ရှေ့တွင် အပြစ်တင်စရာကင်းသော အသိစိတ်အမြဲထားရှိရန် ကြိုးစားအားထုတ်ပါသည်။
ငါသည် မိုက်မဲသောသူဖြစ်ခဲ့လေပြီ။ သင်တို့သည် ငါ့ကို အတင်းအကျပ် ထိုသို့ဖြစ်စေကြ၏။ အမှန်စင်စစ် ငါသည် သင်တို့၏ထောက်ခံချီးကျူးမှုကို ခံထိုက်၏။ အကြောင်းမူကား ငါသည် မပြောပလောက်သောသူဖြစ်သော်လည်း ထိပ်တန်းတမန်တော်များထက် အနည်းငယ်မျှမညံ့ပေ။