ကြည့်ပါ။ သင်တို့အားလုံး ကိုယ်တိုင်မြင်လျက်နှင့် အဘယ်ကြောင့် အဓိပ္ပာယ်မရှိ အချည်းနှီးသောစကားတို့ကို ပြောဆိုကြသနည်း။
ယောဘဝတ္တု။ 27:13 - မြန်မာ့စံမီသမ္မာကျမ်း ဆိုးယုတ်သောသူတို့ ဘုရားသခင်ထံမှ ခံရမည့်ဝေစု၊ ကြမ်းကြုတ်သောသူတို့ အနန္တတန်ခိုးရှင်ထံမှ ခံရမည့်အမွေကား ဤသို့ဖြစ်၏။ Common Language Bible လူဆိုးအား ဘုရားသခင်ပေးတော်မူသောဆုလပ်၊ ညှဉ်းဆဲတတ်သောသူသည်အနန္တတန်ခိုးရှင်၏ လက်တော်မှ ခံရသော အမွေဥစ္စာဟူမူကား၊ Garrad Bible ဘု ရား သ ခင့် ထံ တော်၌ လူ ဆိုး၏ ဝေ ပုံ၊ အ န န္တ တန် ခိုး ရှင် ထံ တော် မှ ကြမ်း ကြုတ် သူ ခံ ရ သော ပိုင် စု ဟူ မူ ကား၊ Judson Bible လူဆိုးအား ဘုရားသခင်ပေးတော်မူသောဆုလာဘ်၊ ညှဉ်းဆဲတတ်သောသူသည် အနန္တတန်ခိုးရှင်၏ လက်တော်မှခံရသော အမွေဥစ္စာဟူမူကား၊ |
ကြည့်ပါ။ သင်တို့အားလုံး ကိုယ်တိုင်မြင်လျက်နှင့် အဘယ်ကြောင့် အဓိပ္ပာယ်မရှိ အချည်းနှီးသောစကားတို့ကို ပြောဆိုကြသနည်း။
အထက်အရပ်ရှိဘုရားသခင်ထံမှ မည်သည့်ဝေစုကို ရမည်နည်း။ မြင့်ရာအရပ်ရှိအနန္တတန်ခိုးရှင်ထံမှ မည်သည့်အမွေကို ရမည်နည်း။
ဘေးဒုက္ခသည် ဒုစရိုက်ပြုသောသူတို့အဖို့၊ ကပ်ဘေးသည် အပြစ်ကျူးလွန်သောသူတို့အဖို့ မဟုတ်လော။
ကိုယ်တော်သည် မီးခဲတို့ကို ဆိုးယုတ်သောသူတို့အပေါ် ရွာကျစေတော်မူလိမ့်မည်။ မီး၊ ကန့်နှင့် ပူလောင်သောလေသည် သူတို့ခွက်ဖလားအတွက် ဝေစုဖြစ်လိမ့်မည်။
ထာဝရဘုရားက “အဖိနှိပ်ခံရသောသူတို့ကြုံရသည့်ညှဉ်းဆဲခြင်းနှင့် နွမ်းပါးသောသူတို့၏ညည်းတွားခြင်းကြောင့် ယခုပင် ငါထမည်။ သူတို့တမ်းတသောလုံခြုံရာအရပ်၌ သူတို့ကိုငါထားမည်”ဟု မိန့်တော်မူ၏။
ဆိုးယုတ်သောသူမူကား ဘုရားသခင်၏ရှေ့တော်၌ ကြောက်ရွံ့ခြင်းမရှိသောကြောင့် ကောင်းကျိုးချမ်းသာကိုခံစားရလိမ့်မည်မဟုတ်။ သူ၏နေ့ရက်ကာလများသည်လည်း အရိပ်ကဲ့သို့ဖြစ်၍ ရှည်လိမ့်မည်မဟုတ်။
ဆိုးယုတ်သောသူသည် အမင်္ဂလာရှိ၏။ သူ၌ ဆိုးညစ်သောအမှု သက်ရောက်မည်။ သူ၏လုပ်ဆောင်မှုအတိုင်း သူ၌ဖြစ်လိမ့်မည်။
“သင်တို့ကို တရားစီရင်ရန် သင်တို့ထံသို့ ငါကြွလာမည်။ ငါသည် မှော်ဆရာများ၊ အိမ်ထောင်ရေးဖောက်ပြန်သောသူများ၊ မဟုတ်မမှန်ကျိန်ဆိုသောသူများ၊ သူရင်းငှား၏လုပ်အားခကို မပေးသောသူများ၊ မုဆိုးမနှင့် ဖတဆိုးတို့ကို နှိပ်စက်သောသူများ၊ တိုင်းတစ်ပါးသားတို့ကို လျစ်လျူရှု၍ ငါ့ကိုမကြောက်ရွံ့သောသူများကိုဆန့်ကျင်လျက် အလျင်အမြန်သက်သေထွက်ဆိုမည်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
သို့ဖြစ်၍ ထာဝရဘုရားသည် ဘုရားဝတ်၌မွေ့လျော်သောသူတို့ကို စုံစမ်းနှောင့်ယှက်ခြင်းထဲမှ ကယ်နုတ်ရမည်ကိုလည်းကောင်း၊ မဖြောင့်မတ်သောသူတို့ကို တရားစီရင်ရာနေ့ရက်၌ အပြစ်ဒဏ်ခံစေရန်ထိန်းသိမ်းထားရမည်ကိုလည်းကောင်း သိတော်မူ၏။