သင်တို့၏မှတ်သားစရာစကားများသည် ပြာပုံစကားပုံမျှသာဖြစ်၏။ သင်တို့ချေပသောစကားများသည်လည်း ကွဲလွယ်သောမြေထည်ကဲ့သို့သာဖြစ်၏။
ယောဘဝတ္တု။ 27:1 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ယောဘသည် မိမိကိုယ်ကို ပုံဆောင်၍ ဆက်လက်ပြောဆို၏။ Common Language Bible ယောဘသည် လင်္ကာစကားကိုဆက်၍ မြွက်ဆို သည်ကား၊ Garrad Bible ထို့ နောက်၊ ယော ဘ သည် ပုံ ဆောင် ချက် ကို ဆက် လက် မြွက် ဆို သည် ကား၊ Judson Bible ယောဘသည် လင်္ကာစကားကို ဆက်၍ မြွက်ဆိုသည်ကား၊ |
သင်တို့၏မှတ်သားစရာစကားများသည် ပြာပုံစကားပုံမျှသာဖြစ်၏။ သင်တို့ချေပသောစကားများသည်လည်း ကွဲလွယ်သောမြေထည်ကဲ့သို့သာဖြစ်၏။
ငါသည် သုတ္တံစကားတို့ကိုဂရုစိုက်နားထောင်မည်။ ငါ၏ပဟေဠိကို စောင်းတီး၍ဖွင့်ပြမည်။
ငါသည် ပုံဥပမာများဆောင်လျက် ငါ့နှုတ်ကိုဖွင့်၍ ရှေးကာလမှ ပဟေဠိတို့ကို ထုတ်ဖော်ပြောဆိုမည်။
မိုက်မဲသောသူတို့၏နှုတ်မှသုတ္တံစကားသည် ခြေမသန်စွမ်းသောသူ၏တွဲလျားကျနေသည့် ခြေတို့နှင့်တူ၏။
ထိုအခါ ဗာလမ်က ပရောဖက်ပြုလျက် “မောဘဘုရင်ဗာလက်မင်းကြီးသည် ငါ့ကို အရှေ့တောင်ရိုး အာရံပြည်မှခေါ်လာ၍ ‘လာပါလော့။ ငါ့အဖို့ ယာကုပ်အမျိုးကိုကျိန်ဆဲပါလော့။ လာပါလော့။ အစ္စရေးလူမျိုးကိုရှုတ်ချပါလော့’ဟု ဆို၏။