ကြည့်ရှုလော့။ ယခုပင် ငါ့အတွက် သက်သေထွက်ဆိုပေးမည့်သူသည် ကောင်းကင်၌ရှိတော်မူ၏။ ငါ့အတွက် လျှောက်လဲပေးမည့်သူသည် အမြင့်ဆုံးအရပ်တွင်ရှိတော်မူ၏။
ယောဘဝတ္တု။ 25:2 - မြန်မာ့စံမီသမ္မာကျမ်း “အထက်ကောင်းကင်ဘုံ၌ ငြိမ်သက်ခြင်းကို ရှိစေတော်မူသောအရှင်သည် အုပ်စိုးခြင်းအရှင်၊ ကြောက်ရွံ့ရိုသေဖွယ်အရှင် ဖြစ်တော်မူ၏။ Common Language Bible ဘုရားသခင်သည် အာဏာတော်နှင့်၎င်း၊ ကြောက်ရွံ့ရိုသေဘွယ်သော ဂုဏ်တော်နှင့်၎င်း ပြည့်စုံ၍၊ မြင့်သောဌာနတော်၌ ငြိမ်သက်ခြင်းကို ပြုစုတော်မူ၏။ Garrad Bible အ စိုး ပိုင် ခွင့်၊ ကြောက် မက် စေ ခွင့် များ သည်၊ ကိုယ် တော်၌ ရှိ သည် ဖြစ်၍၊ မြင့် မြတ် သော ဌာ န တော် များ တွင် ငြိမ် သက် စေ တော် မူ၏။ Judson Bible ဘုရားသခင်သည် အာဏာတော်နှင့်လည်းကောင်း၊ ကြောက်ရွံ့ရိုသေဖွယ်သော ဂုဏ်တော်နှင့်လည်းကောင်း ပြည့်စုံ၍၊ မြင့်သောဌာနတော်၌ ငြိမ်သက်ခြင်းကို ပြုစုတော်မူ၏။ |
ကြည့်ရှုလော့။ ယခုပင် ငါ့အတွက် သက်သေထွက်ဆိုပေးမည့်သူသည် ကောင်းကင်၌ရှိတော်မူ၏။ ငါ့အတွက် လျှောက်လဲပေးမည့်သူသည် အမြင့်ဆုံးအရပ်တွင်ရှိတော်မူ၏။
အထက်အရပ်ရှိဘုရားသခင်ထံမှ မည်သည့်ဝေစုကို ရမည်နည်း။ မြင့်ရာအရပ်ရှိအနန္တတန်ခိုးရှင်ထံမှ မည်သည့်အမွေကို ရမည်နည်း။
ကြည့်ရှုလော့။ ဘုရားသခင်သည် တန်ခိုးတော်ကြောင့် ချီးမြှောက်ခြင်းခံရ၏။ ထိုသို့ ကိုယ်တော်နှင့်တူသောဆရာ မည်သူရှိသနည်း။
ဘုရားသခင်သည် တန်ခိုးကြီးတော်မူသော်လည်း မည်သူ့ကိုမျှ မထီမဲ့မြင်ပြုတော်မမူ။ စိတ်ဓာတ်ခွန်အားလည်း ကြီးမားတော်မူ၏။
အနန္တတန်ခိုးရှင်ကို အကျွန်ုပ်တို့ လိုက်၍မမီနိုင်။ ကိုယ်တော်သည် တန်ခိုးကြီးသောအရှင် ဖြစ်တော်မူ၏။ တရားမျှတခြင်း၊ ဖြောင့်မတ်ခြင်းတို့နှင့် ပြည့်စုံတော်မူ၏။ မတရားသောအမှုကို ပြုတော်မမူ။
“ကိုယ်တော်သည် အရာခပ်သိမ်းကိုတတ်နိုင်တော်မူ၍ ကိုယ်တော်၏အကြံအစည်ကို မည်သူမျှ မဆီးတားနိုင်ကြောင်းကို အကျွန်ုပ်သိပါ၏။
“ကိုယ်တော်ပြုတော်မူသောအမှုတို့သည် အံ့ဩဖွယ်ကောင်းလှပါ၏။ ကိုယ်တော်၏အစွမ်းသတ္တိကြီးမားမှုကြောင့် ကိုယ်တော်၏ရန်သူတို့သည် ကိုယ်တော်၏ရှေ့၌ ခယဝပ်တွားကြပါလိမ့်မည်။
မြင့်မြတ်၍ချီးမြှောက်ခြင်းခံတော်မူသော၊ ထာဝရအသက်ရှင်တော်မူသော၊ သန့်ရှင်းခြင်းဟု နာမရှိတော်မူသောအရှင်က “ငါသည် စိတ်နှလုံးကျိုးပဲ့ကြေမွသောသူ၊ စိတ်နှိမ့်ချသောသူတို့နှင့်အတူ အထွတ်အမြတ်ထားရာအရပ်၊ သန့်ရှင်းသောအရပ်၌ ကိန်းဝပ်၏။ စိတ်အားငယ်သောသူ၊ စိတ်နှလုံးကျိုးပဲ့ကြေမွသောသူတို့ကို အားဖြည့်ပေးရန် သူတို့တွင် ငါကိန်းဝပ်၏။
နှုတ်ခမ်းအသီးကို ငါဖန်ဆင်း၏။ ဝေးသောသူ၊ နီးသောသူတို့၌ ငြိမ်သက်ခြင်း ရှိစေသော။ ငါသည် သူ့ကို ကုသပေးမည်”ဟု ထာဝရဘုရားမိန့်တော်မူ၏။
ထိုအခါ ယေရှုသည် သူတို့ထံသို့ချဉ်းကပ်၍“ကောင်းကင်နှင့်မြေကြီးပေါ်၌ ရှိသမျှသောအခွင့်အာဏာတို့ကို ငါ့ထံပေးအပ်တော်မူပြီ။
ငြိမ်းချမ်းမှုကိုဖြစ်စေသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား သူတို့သည် ဘုရားသခင်၏သားများဟုခေါ်ဝေါ်ခြင်းကိုခံရကြလိမ့်မည်။
ဖြားယောင်းသွေးဆောင်ရာသို့ မလိုက်မပါစေဘဲ မကောင်းသောအမှုအရာမှ အကျွန်ုပ်တို့ကို ကယ်နုတ်တော်မူပါ။ [အကြောင်းမူကား နိုင်ငံတော်၊ တန်ခိုးတော်နှင့် ဘုန်းအသရေတော်သည် ကမ္ဘာအဆက်ဆက် ကိုယ်တော်၌ရှိပါ၏။ အာမင်။]
လက်ဝါးကပ်တိုင်ပေါ်၌သွန်းသော သားတော်၏သွေးတော်အားဖြင့် ရန်ငြိမ်းစေ၍ ကောင်းကင်ဘုံ၌ရှိသောအရာများဖြစ်စေ၊ မြေကြီးပေါ်၌ရှိသောအရာများဖြစ်စေ ခပ်သိမ်းသောအရာတို့ကို သားတော်အားဖြင့် မိမိနှင့်ပြန်လည်သင့်မြတ်စေရန်လည်းကောင်း အလိုရှိတော်မူ၏။
ငါတို့၏ကယ်တင်ရှင်၊ တစ်ဆူတည်းသောဘုရားသခင်၌ ငါတို့၏သခင်ယေရှုခရစ်တော်အားဖြင့် ဘုန်းအသရေတော်၊ အာနုဘော်တော်၊ တန်ခိုးအရှိန်အဝါနှင့် အာဏာစက်တို့သည် ယခင်ကာလအစဉ်အဆက်၊ ယခုကာလနှင့် နောင်လာမည့်ကာလအစဉ်အဆက်ရှိတော်မူပါစေသော။ အာမင်။
တောင်များနှင့်ကျောက်ဆောင်များအား “ငါတို့အပေါ်သို့ပြိုကျလျက် ပလ္လင်တော်ပေါ်တွင်ထိုင်တော်မူသောအရှင်၏မျက်နှာတော်နှင့် သိုးသငယ်တော်၏အမျက်တော်မှ ငါတို့ကိုဖုံးကွယ်ကြပါ။